Part 19

854 45 0
                                    

"အသက် ရောက်ပြီး"
"အမ် ရောက်ပြီးလား ရိပေါ် ဒါမဲ့ ငါ ကြောက်---"
" ရူူးးးးးး ရှောင်းကျန့် တစ်ခုဘဲ သိထားပေး ကိုယ်မင်းကို ချစ်တယ်"
"ငါလဲ မင်းကို ချစ်တယ် ရိပေါ် "
"အထဲ ၀င်ကျရအောင်နော် မင်းဘေးမှာ အမြဲ ကိုယ်ရှိတယ် "

ချစ်ရသူလက်ကို စုပ်ကိုင်ရင်း ခြံစောင့် ဦးလေးကြီး နောက်ကျ ခပ်မှန်မှန် လိုက်လာတယ်။ ချစ်ရသူ ဘယ်လောက်ကြောက်နေမလဲ ဆိုတာ ချစ်ရသူလက်က အေးစက်နေပြီး ချွေးစီးတွေက သက်သေပြပါလိုက်မယ်။

"ဒီကကောင်လေးတို့ ဒီမှာ ထိုင်စောင့်ပေးနော် ဦးလေး သခင်ကြီးတို့ကို သွားခေါ်ပေးမယ်"

ဦးလေးကြီး ထားခဲ့တဲ့ ဧည့်ခန်းမှာထိုင်ရင်း ပတ်၀န်းကျင်ကို အကဲခပ်မိပါရဲ့

'ထင်တိုင်းကျဲနေတဲ့ သူမက ပိုက်ဆံကြောင့် အောက်ခြေလွတ်နေတယ်ဆိုတာ အသိသာကြီးပါ'

"ဘာမှ ကြောက်စရာမလိုဘူးနော်စိတ်ကိုလျော့ထား အသက်"
"ဒါမဲ့ ရိ---"

ချစ်ရသူစကားသံမဆုံးခင်မှာ :ထောက် ထောက် :
လှေကားထပ်ကနေ ကြားလာတဲ့ အသံကြောင့် စိတ်ရဲ့‌အလိုတုံပြန်မူကြောင့် အသံလာရာ လှည့်ကြည့်မိရာ
ခပ်ထန်နေတဲ့ မျက်နှာ ထားနဲ့ အနောက်တိုင်း၀တ်စုံကို ကျနစွာ ၀တ်ဆင်ထားတဲ့ အမျိုးသားလက်ကို ခေတ်ဆန်ဆန် အ၀တ်အစားနဲ့ တန်းဖိုးကြီး လက်၀တ်ရတနာ ဆင်မြန်းထားတဲ့ အမျိုးသမီး တို့ လှေကားက ဆင်းလာတာ ဖြစ်တယ်။ တောက် ဆိုတဲ့ အသံဟာ ထိုအမျိုးသမီး ရဲ့ ချွန်လှတဲ့ တောက်ဖိနပ်က ဖြစ်တယ်။
ဧည့်ခန်းရဲ့ ဆိုဖာ ထိပ်ဆုံး ခံရှည်မှာ ကျနစွာ နေရာ၀င်ယူပြီး ‌အမျိုးသမီးဖြစ်သူက သူရဲ့ဘယ်ဘက်လက်ကို မြောက်လိုက်တာနဲ့ အတူ ဘေးနားရောက်လာတဲ့ မိန်းကလေး နှစ်ဦးက တူညီ ၀တ်စုံကို ၀တ်ဆင်ထားတယ် တစ်ယောက်က ရေနွေးဗန်းကို ကိုင်ထားရင်း ‌တစ်ခြားတစ်ယောက်က ဗန်းထဲကခွက်ကို ယူကာ ဒူးထောက်လှုပ် ရေနွေးထည့်ပေးပြီး ဘေးတွင်း မတ်တပ်ရပ်နေလေးရဲ့

"အန်တီ တို့ကအသက်အရွယ်ရလာတော့ ရေနွေးချမ်းဘဲ သောက်တော့တာလေ မင်းတို့က စိတ်ကြိုက်သောက်နိုင်တယ် မင်းတို့ သောက်ချင်တာ ပြောလိုက်"
"ရပါတယ် ကျွန်တော်တို့မသောက်တော့ပါဘူး"
"Ok"
"ဒါဆို လာရင်း ကစ္စလေး ပြောကျတာပေါ့"

Second Chance (Complete)Where stories live. Discover now