Part 6

1K 68 0
                                    

Toilet ခဏလေးထွက်သွားမိတာ ပြန်လာတော့ သူမက ကျောင်းကန်တင်းကို ရောက်နှင့်နေပြီး....

'ကြည်ရတာ ရှောင်လွဲလို့ မရတဲ့ ကံကြမ္မာထင်တယ်'

"အာ ရိပေါ် ငါဘေးမှာဘဲ ထိုင်လိုက်နော်"

အရင် သူထိုင်နေတဲ့ ရှောင်ကျန့်ရဲ့ မျက်နှာ ချင်ဆိုင်ခုံက သူမ ထိုင်နှင့်နေပြီး အင်း ကောင်းပါတယ် ရှောင်ကျန့် ဘေး ထိုင်ကတယ်

"ရိပေါ် သူကို မှတ်မိလား "
"မသိဘူး"

မမှတ်မိစရာလား ရှောင်ကျန့်ရား ငါကို စကားနာတွေထိုး ငါနှလူံးသားတစ်ခုလူံးကို အနိုင်နဲ့ပိုင်ပြီး သိမ်းသွားတဲ့ မိန်းမကို ငါ‌ကမေ့စရာလား

"အာ ဟို့‌တစ်နေ့က mall ထဲ စုံဘူးတယ်လေ ကျန့်နဲ့ ဂိမ်းစရာနေတုန်း ပြန်လာခေါ်သွားတာလေ"

"ဂိမ်းမကစားရသေးပါဘူး  ပြန်လာခေါ်တာလဲမဟုတ်ဘူး ကျွန်တော် အပိုင်မလို ပြန်ယူတဲ့သဘောပါ အာ ပြန်လာခေါ်တဲ့သဘောပါ"

တစ်ဖက်က ပျက်သွားတဲ့ မျက်နှာကို ထိန်းရင်း

"အာ နောက်တက်တာဘဲ"
"ကျွန်တော်က မနောက်တက်ဘူး"

၀မ်နင်းနဲ့ ကျန်းချန်ကတော့ ဘာစကားမှ ၀င်မပြောဘဲ တစ်ဖက်တစ်ချက်စီက စောင့်ကြည့်နေကျတယ်။

ရှောင်ကျန့်ကတော့ ပန်းနုရောင်သန်းနေတဲ့ မျက်နှာနဲ့

"ရိပေါ် တော်ပြီး အားနားလိုက်တာ ရိပေါ်က သူငယ်ချင်းတွေနဲ့ဆို အခုလိုဘဲ မလို့စိတ်မရှိပါနဲ့"

"ရပါတယ် ကျန့် "

မုန်းလိုက်တာ သူမ ရဲ့ နှုတ်က ထွက်တဲ့ ကျန့် ဆိုတဲ့ နာမ်စားကို

"ရိပေါ် သူက ချားဟဲချူး တဲ့ ငါ့ပန်းချီ သင်တန်းက အတန်းဖော် အသစ် ဆရာက သူကို အခြေခံတွေ နားလည်အောင် ငါကို သူနားမလည်တာတွေ မေးလို့ရအောင်  သင်ပြခိုင်းထားတာ"

‌ပထမတစ်ကြိမ်တုန်းက မင်းငါကို မိတ်ဆက်ပေးတာ သူမ နမည် နဲ့ မင်းတို့ ပတ်သက်မူကို အခု မိတ်ဆက်ပေးတာ အတန်းဖော်ဆိုတော့ ငါနောက်မကျသေးပါဘူးနော် ရှောင်ကျန့် ဒီတစ်ကြိမ်ငါကြိုးစားခွင့် အပြည့်ရှိတယ်မလား

"ဟယ်ချူး သူက ငါသူငယ်ချင်း အခန်းဖော်လဲ ဟုတ်တယ် ဟို အရင်ထဲက........၀မ်ရိပေါ်တဲ့"

" တွေ့ရတာ ၀မ်းသာပါတယ် ရိပေါ် ကျန့် လို့ဘဲ ရင်းရင်း နှီးနှီး ရိပေါ်လို့ ခေါ်မယ်နော်"

"----------"

"ရိပေါ် တစ်ခုခုပြောလိုက်လေကွာ"

မိတ်ဆက်တာကို အရယ်အပြုံးမရှိ မတုံပြန်တဲ့ ရိပေါ်ကို ရှောင်ကျန့် တစ်ယောက် တံတောင်နဲ့ ထိုးလိုက်မှ

"အင်း "
"အာ ဟယ်ချူး ရိပေါ်က စကားနည်းလို့လေ သူက အဖွဲထဲ အဲ့လိုဘဲ စိတ်ထဲ မထားနဲ့ ရိပေါ်က သဘောကောင်းပါတယ်"

"အဲ့ဆို ကျန့် ဟယ်ချူး ပြန်တော့မယ် နောက်မှ အေးဆေး တွေ့မယ်နော်...အားလုံးဘဲ ဟယ်ချုးပြန်လိုက်ပါအုံးမယ်"

ထွက်သွားတဲ့ကျောပြင်ကို ကြည့်ရင်း  ၀မ်နင်းက စကားစလိုက်ပါတယ်

"ရှောင်ကျန့် အဲ့ကောင်မလေး မင်းကို ကြိုက်နေတာမလား"

"ဟုတ်မှာ‌ပေါ့ အဲ့လောက်သိသာနေတာကို"

ကျန်းချန်ကပါ သောက်လက်စ ကုန်ခံနည်း blueberry ကို လှုပ်ခါးရင်း စကားထက် ဆိုလိုက်ပါတယ်

"မဟုတ်ပါဘူးကွာ သူက ဒီတိုင်း သဘောရိုးပါ မင်းတို့ကလဲ"
"ငါတော့ မြင်ရောင်သေးတယ် "

"အေးကွာ ဘေးလူတွေက မြင်နေကတာ "
"မင်းတို့ စိတ်ထင်လိုပါကွာ"

ဒီစကားဝိုင်းထဲ တော့ ရိပေါ် ၀င်မပါဖြစ်တော့ သူတို့ သုံးယောက်ပြောတာသာ နားထောင်နေလိုက်တယ်

'ရှောင်ကျန့် ငါမင်းကို ဖွင့်ပြောလိုက်သင့်ပြီးလား ငါရင်တွေ လေးနေတယ်ကွာ'

ဒီလိုနဲဘဲ ချားဟယ်ချူးက နေ့စဉ်ဘ၀ရဲ့ သုံးပုံတစ်ပုံမှာပါလာခဲ့ပြန်တယ်။

ပန်းချီသင်တန်းပြီးလဲ ဟိုဟာနားမလည်လို့ ဒီဟာ မသိလိုဆိုပြီး ကျောင်းကို ခဏ ခဏ ရောက်လာသလို၊  အကြောင်းမရှိ အကြောင်းရှာပြီးလဲ မကြာခဏ ရောက်ရောက်လာတက်ပါတယ်။
===

Second Chance (Complete)Where stories live. Discover now