Part 20

902 46 0
                                    

"အဟမ်း ဟူး.... " စကားပြောဖို့ရာ ချောင်းဟန့်ပြီး သက်ပြင်းရှည်တစ်ခုကို ရူထုတ်လိုက်မိတယ်..

" ကျွန်တော် နာမည်က ၀မ်ရိပေါ် ပါ အခုကျွန်တော်တို့လာခဲ့တာ ရှောင်းကျန့်ကို ဒီမှာ ထားခဲ့ဖို့ မဟုတ်သလို မင်္ဂလာကစ္စအတွက်လဲ လာခဲ့တာ မဟုတ်ပါဘူး "
"မင်း ဘာစကားပြောလိုက်တယ် "
သူမ မိခင်ဖြစ်သူက ချင်းချင်းဆိုသလို ဒေါသတစ်ကြီး မေးလာခဲ့တယ် ဖခင် ဖြစ်သူကတော့ စကားဝိုင်းထဲ ၀င်မပါပင်မဲ့ သေချာအာရုံစိုက်နေပြီး သေချာနားထောင်နေတဲ့ပုံ

"ကျွန်တော်ပြောတာ အစအဆုံး နားထောင်ပေးပါ အန်တီတို့ သမီးနဲ့ ရှောင်းကျန့်နဲ့က အဲ့နေညက ဘာမှ မဖြစ်ခဲ့ပါဘူး "
" မင်း တော်သင့် ---"
"ကျွန်တော် ပြောတာ မပြီးသေးပါဘူး အန်တီ အခုလို ရှင်းပြနေကတယ် ဆိုတာ အန်တီတို့ ကြောင့်လဲ မဟုတ်သလို အန်တီ တို့ သမီးကြောင့်လဲ မဟုတ်ဘူ ရှောင်းကျန့် ကြောင့် ကျွန်တော်က လေကုန်ခံပြီး ရှင်းပြနေတာ ကျွန်တော်က စကားပြော ယဉ်ကျေးတဲ့ သူမဟုတ်ဘူး အန်တီ စကားပြောရတာလဲ ကြိုက်တဲ့သူမဟုတ်ဘူး "

"ကျွန်တော် စိတ်ကျွန်တော်ကိုယ် ဆို ဒီကစ္စကို မီဒီယာ ကိုသတင်းပေးလိုက်မှာ ဒါမဲ့ ရှောင်းကျန့်က တစ်ဖက်မိန်းကလေး ဂုဏ်သိဏ္ခာ ကိုငဲ့ပေးပါဆိုလို့ ကျွန်တော် ဒီလောက်ထိ သဘေားထားကြီးပေးနေတာ  ဒါပင်မဲ့ အန်တီ တို့က စကားနဲ့ ပြောလို့မရဘူးထင်တယ် ကျွန်တော် ဒီလောက်ထိ ထုတ်မပြဖို့ စဉ်းစားထားပင်မဲ့ ဒီမှာ "

ဘောင်းဘီ အိတ်ကပ်ထဲက USB ကိုထုတ်ပေးရင်းးးး

"အဲ့မှာ သက်သေပါတယ် ဒါမှ မယုံသေးရင် တရားရုံးကနေ စကားပြောလဲ ကျွန်တော်တို့ဘက်က အဆင်ပြေပါတယ်"

"ရိပေါ် ဘာလို့ တရားရုံးလဲ ပြီးတော့ usb ထဲ ဘာပါလို့လဲ"
"ရှောင်းကျန့် အဲ့ usb ထဲ မင်းနဲ့ ချားဟယ်ချူး ဘာမှမဖြစ်ခဲ့ဘူးဆိုတဲ့ သက်သေပါတယ် မင်း ဒီကစ္စကို စိတ်မပူနဲ့ ကြောက်စရာလဲ မလိုဘူး ကိုရှိတယ် ဟုတ်ပြီးလား"
"ရိ ရိပေါ် မင်းအဲ့တာကို ဘယ်လိုရလာတာလဲ မင်းဘာတွေ လုပ်---"
"ကိုယ့်ကိုဘဲ ယုံနော် ဟုတ်ပြီးလား "

ခပ်မြန်မြန် ညိတ်ပြလာတဲ့ ခေါင်းကြောင့် ပါးပြင်ကို ခပ်ဖွဖွ ဆွဲမိတယ်။

"ရိပေါ် လူကြီးတွေ ရှိ ---"

"ကျန့်---- နောက်ဆုံးတော့ ကျန့်ရောက်လာပြီးဘဲ ဟယ်ချူး ဘယ်လောက်တောင် လွမ်းနေရလဲ ကျန့် မလာဘူးလို့တောင် ထင်နေတာ ကျန့်က ဟယ်ချူးကို သိပ်ရက်စက်တာဘဲ အကြာကြီးပြစ်ထားတယ်  ကျန့် အဲ့နေ့ ---"

အိမ်ထဲ ရောက်ရောက်ချင် ကျန့် ဆိုပြီး အနားရောက်လာတဲ့ သူမက ချစ်ရသူလက်ကို ကိုင်ရင်း ဟန်ပန်အမူယာပိုကာ ချွဲနွဲ့ပြနေလေရဲ့

"ကျန့်ရင်ခွင်ကို လွမ်းနေတာ "
ရင်ခွင်ထဲ တိုး၀င်ဖို့ လုပ်နေတဲ့  သူမကြောင့် ချစ်ရသူလက်ကို ဆွဲရင်း နေရာ ရွေ့လိုက်မိတယ် ။ သူမက  ပျက်သွားတဲ့ မျက်နှာကို ထိန်းရင်း

"ရိပေါ် ရှင်ဘာလုပ်လိုက်တာလဲ ကျန့်က ဟယ်ချူးနဲ့ လက်ထပ်မဲ့သူ ရှင်ဘာလို အခုလို လုပ်တာလဲ "
"ချားဟယ်ချူး မင်းဘယ်အချိန်ထိ လိမ်ညာနေမှာလဲ"
"ဘာ ဘာကိုလဲ "

ထစ်ထစ် အအနဲ့ ပြောလာတဲ့ သူမကို ရိပေါ်ကြည့်ရင်း *တစ်ချိန်က ရိပေါ်ကို သူမက ‌နင်ရှောင်းကျန့်ကို ချစ်နေတာမလား ရှောင်းကျန့် သိရင်နင်ကို ဘယ်လောက်ရွံသွားမလဲ မသိဘူးလာဆိုတဲ့ စကားတွေအောက်မှာ အခုလို သွေးပျက်စွာ စီလျောမူမရှိတဲ့ စကားလုံးတွေ ထွက်လာခဲ့ဘူးတယ်*
အခုတော့ ရိပေါ်နေရာမှာ သူမက အခုလို့ ထစ်ထစ်အအစကားလုံးတွေ နှုတ်ကထွက်တဲ့သူအဖြစ်ရောက်မှန်းမသိရောက်လို့နေပြီး

'ကံကြမ္မာက သူမရှိ တစ်ပတ်ပြန်လည်လာတယ်ထင်ပါရဲ့'
===

Second Chance (Complete)Onde as histórias ganham vida. Descobre agora