Part 13

834 42 0
                                    

"ရှောင်းကျန့် မင်းငါကို အဲ့လို မကြည့်နဲ့ ငါမကြိုက်ဘူး မင်း"
"ငါတောင်းပန်ပါတယ် ရိပေါ် ငါ ငါ တစ်ကယ် မင်းကိုတောင်းပန်ပါတယ် ငါပြင်ဆင်ဖို့ ကြိုးစားကြည့်ပါသေးတယ် ဒါပင်မဲ့ ငါကြိုးစားမူက အရာမထင်ခဲ့ဘူး ငါတစ်ကယ် တောင်းပန်ပါတယ်"

"ရှောင်းကျန့် မင်းဘာဖြစ်နေတာလဲကွာ ဘာလို့ ငါကိုတောင်းပန်နေကတာလဲ မင်းဘာအမှားမှ မလုပ်ထားတာ ဘာလို့တောင်းပန်နေကတာလဲကွာ ငါကိုသေချာ ရှင်းပြပါအုံး ငါစိတ်ပူအောင်မလုပ်ပါနဲ့ကွာ မင်း.."

"ရိပေါ် ဒါတွေ အားလုံး မင်းအပေါ် မုတည်သွားပြီး ငါနောက်ဆုံး အနေနဲ့ မင်းကို တစ်ကယ် တောင်းပန်ပါတယ် မင်းဘဲ ဒါတွေအားလုံးကို ဖြေရှင်းနိုင်မှာ ငါနောက်တစ်ကြိမ် ထက်တောင်းပန်ပါတယ်ကွာ"

တောင်းပန်စကားတွေဘဲ ပြောနေတဲ့ အဖြူရောင်ပုံရိပ်လေးက ဖြေရှင်းရခက်တဲ့ စကားလုံးတွေကို ပြောပြီး နားလည်ရခက်တဲ့ မျက်၀န်းတစ်စုံက သေချာကြည့်မိရင်း မျက်ရည်ဥအကြည်လေးတွေ ကျနေတာ မြင်နိုင်ပါတယ်။

"ရှောင်းကျန့် ----"

ဝေဝါးသွားတဲ့ ပုံရိပ်လေးက အဝေးကိုယ် ‌လွင့်စင်ပြီး တစ်ဖြေးဖြေး ပျောက်ကွယ်သွားသလို ရိပေါ်ရဲ့ အော်ခေါ်သံကို တစ်ချက်တောင် လှည့်မကြည့်ခဲ့တာပါ အသံကုန်အော်ဟစ်ခေါ်နေပင်မဲ့ အဖြူရောင်ပုံရိပ်လေးဟာ အကြည့်လေးတစ်ချက်တောင် အနောက်သို့ လည့်ကြည့်ပြီး မစွန့်ကြဲခဲ့တာ အမှန်ပါ ။ ဝေးကွာ လှတဲ့ ထိုပုံရိပ်လေး ပျောက်ကွယ် သွားတာနဲ့ အမျှ ရိပေါ် ရင်ထဲ လေးလံလွန်းလှတဲ့ ခံစားချက်တစ်ချို့ကို ခံစားရပါရဲ့။

' မဖြစ်ဘူး ဒီတစ်ကြိမ်တော့ '
"ရှောင်းကျန့် ------------"တီ တီ တီ

အော်ခေါ်သံနဲ့ အတူ နိုးစက်နာရီရဲ့ အသံက တစ်ပြိုင်နက်ထွက်ပေါ်လေနေရဲ့။
တစ်ကိုယ်လုံးချွေးနဲ့စိုရွဲနေပြိး နှလုံးတစ်စုံကလဲ အပြင်သွားထွက်ကျမတက် ခုန်ပေါက်နေတယ်။
ဘေးပတ်၀န်းကျင်ကို လှည့်ပတ်ကြည့်မိတော့  ရှောင်းကျန့်နဲ့ နေနေကျ အခန်းထဲမှာဖြစ်တာကြောင့် အခုဏ အခြေအနေက အိမ်မက်ဆိုးဆိုတာ သိသားထင်ရှားပါတယ်။

"ဟူး.....အိမ်မက်ဆိုးဘဲ ဒါမဲ့ သိသာထင်ရှားလိုက်တာ "

တစ် တီ တီ မြည့်နေတဲ့ နိုးစက်သံကို အာရုံရောက်မိတော့ မနက် ၇ နာရီထိုးတာ ကြောင့် နိုးစက် Alarm မြည်နေတာ ဖြစ်တယ်။

"ငါတော်တော် အိပ်ပျော်သွားခဲ့တာဘဲ ‌ဟမ် ရှောင်းကျန့် ပြန်မရောက်သေးတာလား"

ဘေးကုတင်ကို လှည့်ကြည့်မိတော့ ‌ကြေမွချင်မရှိဘဲ မနေညထဲကလို နေသားတစ်ကျရှိနေတဲ့ ပစ္စည်းတွေနဲ့ တွန့်ကြေမူမရှိတဲ့ ကုတင်ပေါ်က မွေ့ယာက မနေ့ညက ရှောင်းကျန့် ပြန်မအိပ်ကြောင်းထင်ရှားနေတာ အသိသားကြီး။

စာကြည့် စင်ပေါ်က ဖုန်းကို လှမ်းယူတော့ ထားနေကျ စားပွဲပေါ် ဖုန်းရှိမနေတာကြောင့် နေရာ မှားထားလား မသိ၍ ဟိုရှာ ဒီရှာ လုပ်မိနေတယ် အိပ်ခန်းထဲရဲ့ ဘယ်နေရာမှ ဖုန်းရှာမတွေတာကြောင့် မနေညက မှတ်ဉာဏ်တစ်ချို့ကို အသည်းအသန် ပြန်ခေါ်မိရာ ကုတင်အောက်က ကျောပိုးအိတ်ကို တွေ့မှ ‌Class ကပြန်ရောက်ကထဲက လွယ်အိပ်ထဲက ဘာပစ္စည်းမှ မထုတ်ကသေးမှန်း သတိရပြီး ကျောပိုးအိပ်ကို အပြေးယူပြီး ရှိသမျှ ပစ္စည်း ကုတင်ပေါ် သွန်းချလိုက်မှ ထွက်ကျလာတဲ့ ပစ္စည်းတွေထဲ ဖုန်းကို အမြန် ကောက်ယူပြီး ပါဝါ ဖွင့်ကြည့်တော့ ပါဝါတက်မလာတော့တဲ့ ဖုန်ူကြောင့် အားအမြန် ပြေးသွင်းမိပြန်သည်။ အားသွင်းကြိုးထိုးပြီး ခဏ အကြာ ကြိုးတန်ူလန်းနဲ့ ပါဝါ ဖွင့်ကြည့်မိတော့ အခုမှ ပါဝါ ဖွင့်တဲ့အခါ တက်တဲ့ ဖုန်း Logo က ကြာနေသလိုဘဲ ။

Phone Screen  ပေါ်လာတာနဲ့ phone Lock  ခတ်ထားခြင်းမရှိတဲ့ ဖုန်းက notice  တွေ တက်လာတာ များပြားလှတယ် Contact  name မှာ ပေါ်နေတဲ့ "Xiao Zhan Miss Call (8) time  ဆိုတာက ရင်ကို ပူစေမိတာတော့ အမှန်ပါ။ ပြန်ခေါ်ဖို့ ရာ Xiao Zhan ဆိုတဲ့ contact ကိုနိုပ်မဲ့အချိန် ချောက်ဆိုတဲ့ တံခါး ဖွင့်သံနဲ့အတူ အိမ်ထဲ လူ၀င်လာတာကြောင့် ရှောင်းကျန့် မှန်း သိသာလှပါတယ် ။
လက်ထဲက ဖုန်းကို ကုတင်ပေါ်ပြစ်ချပြီး အောက်ထက်သို့ အပြေးဆင်းမိတယ်။ အောက်ထက်က ဧည့်ခန်းမှာ ထိုင်နေတဲ့ ရှောင်းကျန့် ပုံစံဟာ ဆံပင်စုတ်ဖွား မနေ့ ထဲက ၀တ်သွားတဲ့ အကျီကို ဖြစ်ကလဲ့စန်း ပြန်၀တ်ထားတယ် ဆိုတာ ‌ရှောင်းကျန့် တပ်ထားတဲ့ ရင်ဘက်က လွဲနေတဲ့အကျီကြယ်သီးကိုယ် ကြည့်ရင် သိပါလိမ့်မယ်။
===

Second Chance (Complete)Where stories live. Discover now