Part 2

1.5K 79 0
                                    

"ရိပေါ်  ရိပေါ် "
"ဟင်   အင့်
"မနိုးသေးဘူးလား ကျောင်းသွားကမယ်လေ မင်းသက်သာလား
ကိုယ်လဲ မပူတော့ပါဘူး"

စကားထက် လက်မြန်တဲ့ ရှောင်ကျန့်က ရိပေါ် နှာဖူးပေါ် လက်ရောက်သွားပြီး

'ရှောင်ကျန့် ငါမင်းကို ပိုင်ဆိုင်လိုချင်ပိုများလာအောင် မင်းကအမြဲလုပ်တယ် စိတ်ချ ဒီတစ်ခါတော့ ငါကလွဲရင် မင်းကိုဘယ်သူမှမပိုင်ဆိုင်စေကဘူး'

ဘာတစ်ခုမှပြန်မဖြေဘဲ စိုက်ကြည့်နေတဲ့ သူကြောင့် ရှောင်ကျန့် နှာဖူးပေါ်က လက်ကို ပြန်ရုတ်သိမ်းလိုက်မိတယ်

'ငါမေ့သွားတာဘဲ ရိပေါ်က skin ship မှ မကြိုက်ဘဲ'

"sorry ရိပေါ် ငါက မင်း---"

"ဘာအတွက် တောင်ပန်းတာလဲ"
စကားမဆုံးခင် ဖြတ်မေးလိုက်တဲ့ ရိပေါ်ကြောင့် ရှောင်ကျန့်မှာ ဘာပြောလို့ပြောကမှန်မသိ

"အာ မင်း က မင်း အသားကိုထိရင် မကြိုက်ဘူးလေ "
"မင်းမပါဘူး "
"ဟမ် "
"မင်းမပါဘူးလို့ ငါအသားကိုထိရင် မကြိုက်တဲ့ထဲမှာ"
"ဘယ်လို"

"မင်းက ငါရဲ့ ---- ချွင်းချက်လေ ငါအသားကို မင်းထိလို့ရတယ်"

"ဒါမဲ့ ဟိုတစ်ခါ မင်း လက်ထိခိုက်တုန်းက ငါဆေးထည့်ပေးမလို့မင်းလက်ကို ကိုင်တာကို ငါကိုမကိုင်နဲ့လို့ ပြောဘူးတယ်လေ"

အရင်ကအကြောင်းကို မကျေမနပ်လေး ပြန်ပြောရင်း ဆူထွက်လာတဲ့ နှုတ်ခမ်း ဖူးဖူးလေးကြောင့် အကြည့် မြန်မြန် လွဲလိုက်မိတယ် နောက်မဆို ဂျယ်လီတုန်းလေးကို စားမိလိုက်မယ်

"ရှောင်ကျန့် "

"ဟမ် "ကြောင်တောင်တောင်လေး ပြန်ထူးလာပုံကြောင့် ရင်တွေလဲ ခုန်ကပါတယ်

ရှောင်ကျန့်ရား ရှောင်ကျန့် မင်းငါအသားကိုထိရင်
မကြိုက်တာမဟုတ်ပါဘူးကွာ မင်းထိလိုက်တိုင်း အလိုက်မသိအခုန်လွန်းလွန်းတဲ့ ငါနှလူံးခုန်သံကို မင်းကြားသွားမှာဆိုးလို့ပါကွာ

"သဘောကျတယ်"
"အမ် ဘာကိုလဲ ရိပေါ်"

"အဟမ်း.....မင်း ငါအသားကိုထိတာကိုလေ အရင်က ငါဒဏ်ရာက မင်း ပိုးကူးမှာကြောက်လို့ပါ ငါအသားကိုမင်းထိရင် မကြိုက်တာမဟုတ်ဘူး မင်းထိလို့ရပါတယ်"

"ရိပေါ် မင်းနေကောင်းပါတယ်နော် "
"ငါသက်သာသွားပြီးကွာ"

"ရေချိူးတော့ ရိပေါ် မကြာစေနဲ့ ကျောင်းနောက်ကျမယ်"
ပြောပြီး ထွက်သွားတဲ့ ကျောပင်လေးကို ငေးရင်း

"ငါသဘောကျတယ် မင်းနဲ့ပတ်သက်တဲ့ အရာရာကို  ရှောင်းကျန့် "

"ရှောင်းကျန့် ရိပေါ် ငါတို့ဒီမှာ "

လက်ပြနှုတ်ဆက်နေတဲ့ နှစ်ယောက်ကိုကြည့်ရင်း ရိပေါ် ၀မ်းနည်းမိတယ် အရင်ဘ၀လို့ပြောကမလား အဲ့တုန်းက သူတို့နှစ်ယောက်လဲ ရိပေါ် ရှောင်းကျန့်ကိုသဘောကျ‌လားလို့ မေးခဲ့ဘူးတယ်..
အဲ့တုန်းက ရှောင်းကျန့် သိသွားမှာစိုးတာကြောင့် မဟုတ်ဘူးလို့ပြောခဲ့ဘူးတယ်
အဲ့စကားကြောင့် သူငယ်ချင်းနှစ်ယောက်က ရှောင်းကျန့် သူမ နဲ့ပတ်သက်မူကို ဘာမှမပြောဘဲ သဘောတူခဲ့ကျတယ်မလား။ ဒိတစ်ခါတော့ ပထမတစ်ကြိမ်လို့ ရွေးချယ်မူ အမှားမျိူး ရိပေါ် ထက်ရွေးတော့မှာမဟုတ်ဘူး။

'ဒီတစ်ကြိမ်တော့ မင်းငါ့အနားကနေ ဘာအကြောင်းကြောင့်မှ ထွက်သွားလို့မရအောင် ငါကချူပ်ကိုင်ထားမှာမလို့'
===

Second Chance (Complete)Where stories live. Discover now