Part 23 (Xiao Zhan POV)

878 37 0
                                    

Xiao Zhan POV

" ဟယ်လို ရိပေါ် ငါမင်းကို ရှင်းပြစရာ---"
"ဟုတ်ကဲ့ ရှောင်းကျန့် ဆိုသူလားမသိဘူး "
"အမ် ဟုတ်ပါတယ် အခုကဘယ်သူလဲ မသိဘူး ရိပေါ်ကော ဘယ်ရောက်သွားလို့လဲ"

"အာ ဖုန်းပိုင်ရှင်က ရိပေါ်ထင်တယ် -- ဆရာ သေဆုံးသွားတဲ့သူရဲ့နာမည်က ရိပေါ်တဲ့ "

ကြားလိုက်ရတဲ့ ခပ်တိုးတိုးထွက်လာတဲ့ အသံကြောင့် ကြောင်သွားတာ အမှန်ပါ ရိပေါ်က ငါကို ဖုန်းမပြောချင်လို့ တစ်ခြားသူနဲ့ ပေးပြောလိုက်တာများလား

"ဟယ်လို ဟယ်လို"
"ဟုတ် ဟုတ်ကဲ့ အခုက  ဖုန်းပိုင်ရှင်ရဲ့ ဖုန်းထဲမှာ ရှောင်းကျန့်ဆိုတဲ့ ဖုန်းနပါတ်တစ်ခုဘဲရှိလို့လေ ကျွန်တော်က ဒုရဲအုပ်ပါ အခု ဒီဖုန်းပိုင်ရှင်ဖြစ်သူ ၀မ်ရိပေါ်က  ကိုယ်ကိုကိုယ်သတ်သေသွားတယ်လို့ ထင်ရတယ် ရေချိူခန်းထဲ လက်ကောက်၀တ်ကို ဓါးနဲ့ လှီးပြီး အဆုံးစီရင် သွားပုံရတယ် ကျွန်တော်တို့ စုံစမ်းနေစဲပါ အခု ရုပ်အလောင်းကို အတည်ပြုဖို့ ကျွန်တော်တို့ စခန်းကို လိုက်ခဲ့ပေးပါ"

ဖုန်းထဲက စကား‌သံတွေကို ကြားပင်မဲ့ ကျောက်ရုပ်တစ်ရုပ်လို့ ရပ်နေမိတယ် စကားသံထွက်လာတိုင်း နာကျင်လာတဲ့ ရင်ဘက်က တစ်စုံတစ်ယောက်က ဆွဲညစ်ထားသလိုဘဲ အသက်ရူဖို့အောက်စီဂျင်ကုန်ခမ်းလာသလို အရာအာလုံးဟာ တိတ်ဆိတ်လှက်ရှိတယ် သေ သေသွားပြီးတဲ့ သတ်သေသေ သွားတာတဲ့    လက်ကို ဓါးနဲ့ ဟင်အင်းးးးးး

"မဖြစ်နိုင်တာ ရိပေါ်က ရိပေါ်က အခုလောက်ထိ မဟုတ်တာ မနက်ကလေးတင် ပွဲမှာ အတူတူ ရှိနေခဲ့တာ အခုမှ ညနေညနေဘဲရှိသေးတာ မဖြစ်နိုင်တာ ရိပေါ် ငါမင်းကို ပြောစရာတွေရှိသေးတယ်လေ မင်းးးးငါကို ထားသွားလို့မရဘူးလေ ဟုတ်တယ်  မင်းငါကိုထားသွားလို့မရဘူး မင်းငါကိုထားသွားရင်တောင် ငါက မင်းရှိတဲ့အရပ်ကိုလိုက်လာမှာ "

ရုပ်ကျိုးပျက်ကျနေတဲ့ ခန္ဓာကိုယ်ကို အားပြုလို့  ခြေစုံရပ်ပြီး ဦးတည်လိုက်တာ သူရှိမဲ့အရပ်ဆီ
မကြည့်မိအောင် ထိန်းထားလဲ စိတ်ရဲ့အလိုရကြည့်မိတော့ ရိပေါ်ရဲ့ အခန်းရှေ့ အဝါရောင် ကြိုးတွေ တားထားကျတယ် စီးကျလာတဲ့ မျက်ရည်‌ကိုလဲ သုတ်မနေတော့ပါဘူး ကုန်ခမ်းသွားရင်သူအလိုလိုတိတ်သွားပါလိုက်မယ်
တိုက်ခပ်လာတဲ့ လေညင်းလေးက ညနေစောင်းမို့အေးစိမ့်စိမ့်နဲ့ ဒါပင်မဲ့ ရင်ဘက်ထဲက အပူကို မညိမ်းပေးနိုင်ဘူး
လသာဆောင်ရဲ့ ‌အုတ်ကာထားတဲ့ ဘောင်‌တန်ူပေါ်ထိုင်းရင်း သူရှိမဲ့အရပ်ဆီ ဦးတည်ရင်း ညနေခင်းရဲ့ အလှကို ခံစားကြည့်မိတယ်

Second Chance (Complete)Where stories live. Discover now