Part 16

861 40 0
                                    

"ရိ.."
"ရှောင်းကျန့် မင်းတို့သွားခဲ့တာ ဘယ် ကလပ်လဲ"
" ငါ ပန်းချီ သင်တန်းရဲ့ နှစ်လမ်းကျော်က ×××× ကလပ်"

"မင်း အိမ်မှာဘဲ နေ ဘယ်သူလာလာ တံခါးလဲ မဖွင့်ပေးနဲ့ ဖုန်းလဲ မကိုင်နဲ့ အိမ်မှာ ဘဲနေ စားစရာခဲ ရေခဲ‌သတ္တောထဲ အစုံရှိတယ် အစားအသောက်အချိန် မှန်ပါစေ ငါမလာမချင် ‌ဘယ်မှမသွားနဲ့ ရှောင်းကျန့်"

"ဒါမဲ့ ရိပေါ် " စကားသံတောင် ဆုံးအောင်နားမထောင်သွားတဲ့ ရိပေါ်က  အလောတစ်ကြီး ထွက်သွားခဲ့တယ်။

"ရိ‌ပေါ် ငါမှာ မင်းဘဲ ရှိတာမလို့ မင်းကပါ ငါ့ကို မယုံကြည့်ဘဲ ငါ့အနားက ထွက်သွားရင် ဒီတစ်ကြိမ် ဒီတစ်ကြိမ်လဲ ငါ(---------)"

"၃" ရက်တောင်ရှိသွားပြီး ရိပေါ် မင်းအိမ်ပြန်မလာတာ
မင်းက အချိန်မှန်မှန် စားဖို့ပြောပင်မဲ့ ငါမစားဖြစ်ဘူး
ငါအစာ ပုံမှန် မစားလို့ထင်ပါရဲ့ အစာအိမ်က နာကျင်လိုက်တာ
ဒါပင်မဲ့ငါ မစားဖြစ်ဘူး မင်းစကားနားမထောင်တဲ့ ငါကို မင်းများ ဆူမလားလို့ ဟင့် ဒါမဲ့ မင်းပေါ်မလာခဲ့ပါဘူးကွာ။

"ဒီနေ့က 5 ရက်မြောက်နေ့ ရိပေါ်
ငါမင်းစကားနားထောင်တယ်နော် ဘယ်မှလဲ ငါမသွားဘူး ဖုန်းလဲ မကိုင်ဖြစ်ဘူး ရိပေါ် အစားလဲ ပုံမှန်စားဖြစ်တယ် မင်းလာတဲ့အခါ ငါနေမကောင်းဖြစ်ခဲ့ရင် ငါမင်းကို ပြောချင်တာတွေ ငါရှင်းပြချင်တာတွေ ငါ မလုပ်နိုင်မှာဆိုးလို့ ရိပေါ်
ချားဟဲချုး ကဖုန်းတွေ ဆက်တိုက်စက်တယ် message တွေလဲ ဆက်တိုက်ပို့တယ် ငါအရမ်းနားညီးတာဘဲ သိလား
ငါ ဖုန်းစက်ပိတ်လိုက်ဖို့ တွေးကြည့်သေးတယ် မင်းဖုန်းဆက်တဲ့အခါ မသိလိုက်မှာဆိုးလို့ ငါစက်မပိတ်ဖြစ်ခဲ့ဘူး ဖုန်းလာတိုင်းလဲ ငါအမြဲ ကြည့်ဖြစ်ပါတယ် contact name ပေါ်လာတိုင်း မင်းများလားလို့ ငါကြည့်ရတာ အမော ဒါမဲ့ မင်းမဟုတ်ခဲ့ဘူး   ငါအိပ်ချိန်တွေတောင် မမှန်တော့ဘူး သိလား မင်း၀င်လာမဲ့ အိမ်ရှေ့တံခါးကိုငါအမြဲ ‌ငေးကြည့်နေမိတယ် password ရိုက်သံကြားတိုင်း အိပ်ငိုက်နေတဲ့ မျက်၀န်းကို အားယူ ဖွင့်ကြည့်ရတာ အမြဲ အင် ဒါပင်မဲ့ မင်း မဟုတ်ခဲ့ဘူး။

"၁"ပတ် ရှိသွားပြီး ရိပေါ် မင်းဘယ်ရောက်နေတာလဲ ငါအစားလဲအချိန်မှန်စားတယ် ဘယ်မှလဲ မသွားဘူး ဘယ်သူနဲ့မှလဲမတွေ့ဘူးလေ ငါဖုန်းလဲ စက်ပိတ်ထားတယ် ရိပေါ် မင်းစိတ်မဆိုးပါနဲ့တော့ကွာ မြန်မြန် ပြန်လာပါတော့ မင်းစိတ်ဆိုးလဲ ငါကရှင်းပြမှာမလို့ ငါက အစအဆုံး သေချာရှင်းပြမှာမလို့ မင်း ပြန်လာခဲ့ပါတော့ကွာ"

နီရဲနေတဲ့ မျက်၀န်းတစ်စုံ ဖောင်းအိစ်နေတဲ့ မျက်သားတွေက လူတစ်ယောက် ဘယ်လောက်ငိုထားလဲ ဆိုတာ သိနိုင်ဖို့ လုံလောက်ပါရဲ့ အိမ်ရှေ့တံခါးကို ငေးကြည့်နေရင်း ငိုကလွန်းလို့ ထင်ပါရဲ့ မောဟိုက်ပြီး ဆိုထာမှာ ထိုင်ရက်သားလေး အိပ်ပျော်နေတယ်။

Password ရိုက်သံကြောင့် နိုးလာမယ် ထင်ရဲ့တာ အခုတော့ ချစ်ရသူက အိမ်မက်ကမ္ဘာထဲ အလည်ရောက်နေတယ်
ခြေသံမကြားအောင် ခပ်ဖွဖွလျောက်ရင်း  ချစ်ရသူ မျက်နှာကို‌ငေးကြည့်မိပါတယ်...

"ပိန်သွားလိုက်တာ အသက်ရယ်"အစ်မို့နေတဲ့ မျက်သားနဲ့ နီရဲ့နေတဲ့ နှာတံ ခပ်ချွန်ချွန်ဟာ ရိပေါ် ရင်ကို နာကျင်စေတာ အမှန်ပါ။

"တောင်ပန်းပါတယ် အချိန်ကြာသွားတဲ့အတွက်
တောင်ပန်းပါတယ် အဆက်သွယ်မလုပ်မိတဲ့ အတွက်
တောင်ပန်းပါတယ် စောစောပြန်မလာမိတဲ့အတွက်"
ခြောက်သွေ့ခြင်း မရှိသေးတဲ့ ပါးပြင်ပေါ်က မျက်ရည် စီးကြောင်းကို ခွပ်ဖွဖွ သုပ်ပေးမိပါရဲ့ ။
===

Second Chance (Complete)Where stories live. Discover now