တစ်ထပ်တိုက်ပုလေးရှေ့တွင် သီရိကားကို ရပ်လိုက်သည်။ထို့နောက်လိပ်စာရေးထားသော စာရွက်လေးကို ပြန်ဖတ်ကြည့်သည်။လမ်းနံပါတ်လည်းမမှား။သုံးအိမ်မြောက်ခြံ၀န်းနှင့်ခဲရောင်တိုက်ပုလေးဆိုတာလည်း သေချာတာမို့ ဒီအိမ်သည် မမအိမ်ဖြစ်မှာအသေချာ။
နှင်းဆီပန်းနီိနီလှလှတွေချည်းစည်းထားသော ပန်းစည်းကိုပွေ့သယ်လိုက်ရင်းခြံတံခါးရှေ့တွင် အသက်ကို ၀အောင်ရှုလိုက်သည်။
"မမ အိမ်မှာရှိပါစေ"
ဆုတောင်းပြီးဘဲလ်ကိုတီးလိုက်သည်။ရင်ထဲတွင်တော့အနည်းငယ်လှုပ်
အကြောင်းမကြားဘာမကြားနှင့် အိမ်လာသည်က ရိုင်းရာကျမလားတော့မသိ။ဒုတိယအကြိမ် ထပ်မံပျောက်သွားမှာစိုးတာမို့ ဘာမှကို ဂရုစိုက်မအားတော့ပါ။
ပြပွဲမှာတုန်းက သူတို့တွေ့ဆုံခြင်းက ခဏတာပါပဲ။မမ ကပန်းချီဆရာမဆိုတော့ ဧည့်သည်များတယ်လေ။ ခဏနော်ဆိုပြီး ပျောက်သွားလိုက်တာ ပေါ်မလာ။သူကလည်း ထို့နေကသွားစရာရှိလို့ အကြာကြီးမနေနိုင်ခဲ့။
ညရောက်တော့ ဆိုရှယ်မီဒီယာသုံးမလားဆိုပြီးရှာပေမဲ့ မတွေ့။။သီရိ ဒုတိယအကြိမ်ထပ်လမ်းပျောက်ရပြန်သည်။
ကောက်ရိုးပုံထဲအပ်ရှာသလိုဖြစ်နေတုန်း ခေါင်းထဲ ဆုရှင်းစကားက၀င်လာသည်။ငါ့ကောင်မလေးရဲ့အစ်မ၀မ်းကွဲဆိုတာ။ ထို့ကြောင့်ဆုရှင်းရည်းစားထံသွားအကူညီတောင်းရင်း ဒီလိပ်စာကိုရခဲ့ခြင်းဖြစ်၏။ပိုကံကောင်းသွားစေတာကလိပ်စာက မန္တလေးလိပ်စာ။
"တီးတောင်.."
ဒုတိယအကြိမ် ထပ်နှိပ်အပြီး တံခါးကပွင့်လာသည်။
"ဟင်"
မမက မဖိတ်ခေါ်ပဲရောက်လာသည့်ဧည့်သည်ကြောင့် အနည်းငယ်အံ့ဩသွားဟန်ပါပဲ။သို့ပေမဲ့ မျက်နှာကတော့ကြည်ကြည်လင်လင်...
"ဟို မမ...သီရိပါ။သီရိကို မှတ်မိတယ်မလားဟင်"
အရဲကိုးကာခေါ်လိုက်သော မမဆိုတဲ့အခေါ်အဝေါ်အတွက် သူမမျက်နှာပေါ်မှာ မသက်မသာအရိပ်ယောင်မတွေ့။
YOU ARE READING
ထိပ်ထား
Historical Fictionမည်သူတစ်ဦးတစ်ယောက်မှ ရည်ရွယ်ခြင်းမရှိ ကျွန်တော်၏ စိတ်ကူးသက်သက်ပင်ဖြစ်သည်။