အကျဉ်းအကျပ်

7.9K 1K 53
                                    

သူဟာတပ်မကြီးတစ်စုလုံးကို ဦးစီးခဲ့သည့် တပ်မှုးချုပ်
စစ်ပွဲပေါင်းများစွာကို နောက်မတွန့်တိုက်ခဲ့သူတစ်ဦး ဟုတ်ပါသည်မှန်ပါသည်။ သို့ပေမဲ့ ချစ်ရသူ၏ ရှေ့တွင်တော့ သူဟာသိုးငယ်လေးတစ်ကောင်လိုပင်။ ။ အရာအားလုံးနုညံ့ ကြင်နာနေမိသည်။ ။ ယခုလည်း ဆိုင်းဗုံမဆင့် ထိပ်ထားဟံသာဝတီကို ပြန်မည်ဆို၍ သီရိမျက်နှာက နှမ်းစေ့လောက် ရှိတော့သည်။ နားမလည်တာမဟုတ် အချိန်ပြည့်အနားရှိစေချင်သော အတ္တကြောင့်မလား….

“အရှင် မယ်တော်ဘုရားက အနည်းငယ် မကျန်းမာဖြစ်နေတာကြောင့်ပါ။ ထိပ်ထားကို တွေ့ချင်တော်မူတယ်တဲ့လေ”

“ကျွန်ုပ်နားလည်ပါတယ် ။ ။ ကေတုမတီကိုအောင်နိုင်ပြီး အရာအားလုံးစီမံပြီးတာနဲ့ ဟံသာဝတီကို လိုက်ခဲ့ပါ့မယ်”

ရင်ထဲမသက်မသာ ခံစားရပေမဲ့ အနွေးထွေးဆုံးပြုံးပြပြီး ချစ်ရသူကို သီရိပြောလိုက်သည်။ မိမိကြောင့် နောက်ဆံမတင်းစေချင်ပါ။ ကလေးဆန်စွာပြောရလျှင် စစ်မထွက်ခင်ထိအနားမှာအတူရှိချင်ခဲ့တာလေ။သို‌ပေမဲ့ အခြေနေကရှိလာပြီ။

“စစ်ထွက်တာကို မပြင်ဆင်ပေးလိုက်ရလို့ စိတ်တော့မကောင်းဘူး...အရှင်ပေးထားတဲ့ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်မယ်ဆိုတဲ့ ကတိကိုတည်ပေးပါ။ ။ ထိပ်ထား ဟံသာဝတီကနေ စောင့်နေမယ်။”

ချစ်ရသူ မင်းသမီးလေးရဲ့ စကားကို သီရိခေါင်းငြိမ့်ပြလိုက်ရင်း ကတိပေးလိုက်သည်။ ။ တကယ်တော့ သီရိလည်း ဒီရက်ပိုင်းမအား ထိပ်ထားနဲ့ စံအိမ်တစ်ခုထဲအတူနေပြီး မဆုံဖြစ်တာများနေသည်။ ။ တပ်သားတွေနှင့်တွေ့ဆုံရသည်။ ။ သူတို့ တိုက်မဲ့ဗျုဟာဆွေးနွေးတိုင်ပင်ကြရသည်။ ။ အရံအစီအစဉ်တွေရောပေါ့။ ။ ဒီအတွက်စံအိမ်ကို ပြန်မအိပ်ဖြစ်သည့် ညတွေများလာရသည်။ ။ ယခုတောင် ထိပ်ထားက ပြောချင်သည့် ကိစ္စရှိသည် အကြောင်းကြား၍ အပြေးလာရခြင်းပင်…..

“အိပ်ရေးရောဝရဲ့လား။ ။ မျက်နှာတော်က သေးသွားတယ်”

“အွန်း အိပ်ဖြစ်ပါတယ်....”

တကယ်တော့ နှစ်ဦးစလုံး မခွဲချင်မခွာချင်ပါ။ စကားများများ ဆက်မဆိုဖြစ်ကြပဲ တစ်ဦးကိုတစ်ဦး ကြည့်နေမိကြသည်။ ။

ထွေးပွေ့လာသည့် လက်တစ်စုံနဲ့ ရင်ခွင်ထဲကို ထိပ်ထား မျက်လုံးမှိတ်ရင်း ခိုဝင်လိုက်သည်။ ။ ကြောက်နေသည်။ ။ တကယ်တော့ တပ်မှုးချုပ် စစ်ထွက်သည့်နေ့ထိ အနားမှာ ရှိပေးချင်ခဲ့တာ။ ။ သို့ပေမဲ့ ဟံသာဝတီက ပြန်မှကို ဖြစ်မည် ဖခမည်းတော်ကလည်း တွေ့ချင်သည်တဲ့လေ...

နဖူးဆံစပ်ကို ခပ်ဖွဖွအကြင်နာချွေသော တပ်မှုးချုပ်။
ထိပ်ထားသူ့ရင်ခွင်ထဲမှာ ဒီအတိုင်းလေးပဲ အကြာကြီးရှိနေချင်မိသည်။ ဒီကိုယ်သင်းရနံ့ ဒီရင်ခုန်သံတွေကို ကြားရတာ ထိပ်ထားမြတ်နိုးမိ၏။

“ဘယ်အချိန် ပြန်မှာလဲ...”

“ဒီညနေ နေစောင်းတာနဲ့ပဲ...”

“ဖြစ်နိုင်ရင် ကျွန်ုပ်ကိုယ်တိုင် လိုက်ပို့ပေးချင်တာ”

“အရှင့်မှာ အရေးပါတဲ့ တာဝန်တွေရှိသေးတယ်လေ။”

“အွန်း.......”

တပ်မှုးချုပ်ရဲ့ မချင့်မရဲ သံရှည်ဆွဲသံကြောင့် ထိပ်ထားပြုံးမိတယ်။ တကယ်တော့ ထိပ်ထား၏ ချစ်ရသူကြီးဟာ မခွဲခင်က လွမ်းနေတာကို ထိပ်ထား ရိပ်မိတာပေါ့။ ။

“အရှင် စစ်ထွက်ရမဲ့ ရက်ကို သိပြီလား...”

“လိုသေးပါတယ် ရက်သတ္တပတ်နှစ်ပတ်လောက်။  ခမည်းတော်ကို ကယ်ထုတ်ဖို့ အရင်ကြိုးပမ်းနေတယ်။ ။ ပြီးမှ စစ်ချီမှာ”

“အားလုံးပြီးရင် ဟံသာဝတီကို လိုက်လာခဲ့ရမယ်နော်”

“အမိန့်တော်အတိုင်းပါ မင်းသမီး”

အသားမာတက်လို့ အနည်းငယ်ကြမ်းသယောင်ဖြစ်နေတဲ့ သူ့လက်ချောင်းရှည်ရှည်တွေကို ထိပ်ထားဆုတ်ကိုင်လိုက်တယ်။ ။ တကယ့်မချင့်မရဲနဲ့ပေါ့။ ။ ဒီလိုမျိုး ခံစားချက်တွေ ဘယ်တော့ပြီးဆုံးမလဲတွေးရင်း…တစ်ခါတစ်ရံကျလည်း သာမာန်အရပ်သူလေးဖြစ်လိုက်ချင်မိ၏။ သို့ပေမဲ့ အရပ်သူဆိုရင်ကော သူနဲ့ကဆုံပါ့မလား။ ။ ထိပ်ထားသည် တပ်မှုးချုပ်နဲ့ ပတ်သတ်ပြီး အမျိုးမျိုးတွေး၏ ။ စိတ်ကူးယဉ်ကြည့်၏။ အဦးဆုံးချစ်ရသူမို့ ရူးရသည်ပင်။

“ကဲ ထိပ်ထား...တပ်က အကြာကြီး ကျွန်ုပ်မရှိလို့မရဘူး။"

ချစ်ရသူ၏ ဆိုလိုရင်း စကားကို ထိပ်ထားနားလည်တာမို့ လူချင်းခွာလိုက်ရင်း သူမျက်ဝန်းညိုညိုတွေကို ထိပ်ထားစိုက်ကြည့်လိုက်သည်။ သို့ပေမဲ့ မြင်ကွင်းက ဝေးဝါးလာ၏။

“အို ထိပ်ထား ...မငိုပါနဲ့နော်....ခဏပါ ကျွန်ုပ်တို့ ယာယီခွဲရတာပါ။ ။”

ပျာယာခတ်နေတဲ့ သူ့အသံကြားလေ ထိပ်ထား ရင်ထဲငိုချင်လေပါပဲ။ ။ မငိုဘူးတွေးထားပေမဲ့လို့ ထိပ်ထားစိတ်ကို ထိပ်ထားမထိန်းနိုင်။ ။ထိပ်ထားကအရှင်နဲ့ပတ်သတ်ရင် မျက်ရည်လွယ်တယ်။

“မငိုပါနဲ့နော်....”

တတွတ်တွတ်ချော့ကာ မျက်ရည်သုတ်ပေးနေတဲ့ သူ့ကြောင့် ထိပ်ထား ကြိုးစားပြီး ပြုံးလိုက်ရင်း သူ့ရင်ခွင်ထဲ တိုးဝင်လိုက်တယ်။

“ဒီအတိုင်းလေး ခဏနေရအောင်။ ။ ခဏပါပဲ”

အရာအားလုံး တိတ်ဆိတ်နေခဲ့တယ်...အသက်ရှုသံပြင်းပြင်းရယ် သက်ပြင်းချသံတွေက လွဲလို့ပေါ့..

ထိပ်ထားWhere stories live. Discover now