တိုက်ပွဲ

7.5K 950 25
                                    

မဟူရာရောင် မြင်းကြီးပေါ်မှာ ချပ်ဝတ်တန်ဆာများနှင့် စစ်သူရဲတစ်ဦး။ ။သူ့ရဲ့နောက်မှာ များစွာသော စစ်သည်တော်များ။ကြီးမားလှတဲ့ တပ်ကြီးဟာ ကေတုမတီကို တဖြည်းဖြည်း ချီတက်လာသည်။ ။

ကြယ်ရောင်ဖြိုးတိုးဖြောက်တောက်ရဲ့ အောက်မှာ မြင်းခွာသံများက တခွပ်ခွပ်။သူတို့၏ ရည်ရွယ်ချက်က မိုးမသောက်မှီ ကေတုမတီကို အပိုင်သိမ်းနိုင်ဖို့

ခပ်ဝေးဝေးတွင် ကေတုမတီ မြို့တံခါးကို လှမ်းမြင်နေရပြီ။ သီရိမထင်ခဲ့ သူ၏အိမ်ပြန်ခရီးက ဒီပုံစံ ဖြစ်မည်ဆိုတာကိုပေါ့။ ။ မြို့ရိုးပေါ်က လေးသည်တော်များကို ကြည့်ရခြင်းအားဖြင့် သူတို့လည်း သီရိတို့တပ်ကို မြင်၍ ပြင်ဆင်ထားဟန်......

ကေတုမတီမြို့ထဲတွင် သွေးချောင်းမစီးလိုပါ။ ဒီမြို့က သီရိသိပ်ချစ်ရတဲ့အရာတွေထဲက တစ်ခုဖြစ်တာမို့။တပ်ကိုဖြန့်ကာ ဝိုင်းဖို့ သီရိအချက်ပြလိုက်သည်။ ။ ရှေ့မျက်နှာစာ မြို့ရိုးတင်မက ကေတုမတီ၏ ပတ်ပတ်လည်တွင် သူ၏ စစ်သည်များအားနေရာချပြီးပြီ ဖြစ်၏။

ထို့နောက် ဂိတ်တံခါးဝဆီသို့ တစ်ဦးထဲ မြင်းကို ခပ်နှေးနှေးစီးသွားလိုက်သည်။ ။ ခေါင်းတွင် စွပ်ထားသော သံခေါင်းစွတ်ကို ဖယ်လိုက်သည်။

“ရပ်....အသင်ဘယ်သူလဲ”

မြို့ရိုးပေါ်က တပ်မှုး၏ အသံဖြစ်၏။

“တံခါးဖွင့်၍ အသာတကြည် အညံ့ခံစေလိုသည်။ ငါကား ကေတုမတီရဲ့ တပ်မှုးချုပ် သီရိနန္ဒာဒေဝီပေပဲ။မောင်မင်းတို့ အသက်နဲ့ ခန္ဓာမြဲစေလိုရင် ယခု အမိန့်ကို နာခံပါ။”

တပ်မှုးချုပ်ဆို၍ အနည်းငယ် လှုပ်လှုပ်ရှားရှားဖြစ်သွားကြသည့် လေးသည်တော်များကို သီရိတွေ့လိုက်ရသည်။ ။ ကေတုမတီမှာ သူ့ကို အလိုရှိနေတဲ့ သူတွေရှိတယ်ဆိုတာ သီရိနားလည်၏။


“ငါတို့၏ ဘုရင်အမိန့်မပါပဲ မည်သူ့ကိုမှ မြို့တံခါးမဖွင့်ပေးနိုင်”

ဒေဝမင်းထင်ကျော်စွာ၏ လက်သပ်မွေး တစ်ဦးဖြစ်ဟန်တူသော တပ်မှုးကို သီရိ စိတ်ပျက်စွာကြည့်လိုက်သည်။

“ဒါဆိုလည်း ဖွင့်ပေးအောင်လုပ်ရတာပေါ့”

သီရိ သူ့တပ်အနားပြန်သွားပြီ အချက်ပြလိုက်သည်နှင့်တပြိုင်နက်တပ်သားတစ်ဦးက အချက်ပြ မီးရှုးကိုလွှတ်တင်လိုက်သည်။ ထို့နောက်ခြေလျင် စစ်သည်တော်များက ဒိုင်းများကို ထပ်ကာ ကာလိုက်ရင်း နံရံသဖွယ်ပြုလုပ်လိုက်ပြီးမြှားသမားများက နေရာယူကာ မီးမြှားများကို မြို့ရိုးပေါ်က သို့ စတင်ပြစ်လေတော့၏။

“ပြစ်........”

အပြန်အလှန် မြှားမိုးများတဖွဲဖွဲကြားတွင် အထိနာသူက မြို့ရိုးပေါ်က စစ်သည်တော်များပင်။သိပ်ကြာကြာ မပြစ်လိုက်ရ မြို့ရိုးပေါ်တွင် မီးလောင်၍ ဝရုန်းသုန်းကားဖြစ်နေချေပြီ။

သီရိ မီးရှုးလွှတ်တင်ရသည့် အကြောင်းကား မြို့လေးဘက်လေးလံကို ဝိုင်းထားသည့် သူ့တပ်များကို အချက်ပြခြင်းဖြစ်သည်။

မြို့တံခါးဖွင့်ဖို့ တိုက်စစ်ဆင်ရတာ အချိန်ဘယ်လောက်မှ မကြာခဲ့....မြို့တွင်းထဲရောက်တော့ သူ့တပ်သားတွေက ဝင်စီးနှင့်နေပြီ။ ကေတုမတီဘက်ကလည်း အတက်နိုင်ဆုံးခုခံ၏။ နှစ်ဦးနှစ်ဖက်လုံး အကျအဆုံးရှိသည်။ ။

ခုခံကာကွယ်နေရသော အခြေနေတွင်တောင် အကောင်းဆုံး ခုခံနေသောသူတစ်ဦး။ စစ်သည်တော်များကိုလည်း တစ်ချက်တစ်ချက်လှမ်း အမိန့်ပေး၏။သူ၏ဓားချက်များအောက်တွင် ကျဆုံးသွားသော သီရိစစ်သည်အများအပြား....

သီရိပြစ်မှတ် ပြောင်းလိုက်‌ချေပြီ။ ။သူ သဘောပေါက်လိုက်တာကဒီအမျိုးသားသည် လက်ရှိကေတုမတီ၏ ရာထူးတာ၀န်အကြီးဆုံးစစ်သည်ဖြစ်မယ်ဆိုတာကိုပေါ့။

စူးရှသောမျက်လုံးများနဲ့ အဆိုပါ အမျိုးသား၏ လက်ရည်သည် တော်ရုံမဟုတ်ခဲ့ပါ။ ။ သီရိနံစောင်းကို ရှပ်ထိသွားသော ဓားချက်က သက်သေ။။

ဓားရေးမဆိုးပေမဲ့ ငယ်စဥ်ကတည်းက အကောင်းဆုံးဓါးသမားဆီမှာ သင်ခဲ့သောသူ့လက်ရည်ကိုတော့ မမှီခဲ့။။ထိုစစ်သည်နှင့်တိုက်ရင်း သူ့တိုက်ခိုက်ပုံကို တွက်ချက်နိုင်လာသည်။တိုက်ခိုက်ပုံကြမ်းတမ်းသည် သို့ပေမဲ့ပါးနပ်မှုနည်းသည်။ ရန်သူ့ဟာကွက်ကို တိုက်ရင်း ရှာသည်။


ပြေးခုတ်သော ဓားချက်ကိုကာလိုက်ပြီး ရင်ဘတ်ကိုကန်လိုက်သည်။အနည်းငယ်ဟန်ချက်ပျက်သွားတော့ ဖိတိုက်လိုက်ရင်း။ခဏချင်း တကယ့်ခဏအတွင်းပါပဲ

“ဟေး.........................”

ရင်ထဲက လှိုက်နေအောင် အော်လိုက်သော အသံကြောင့် အာရုံက သူတို့ဆီရောက်လာတယ်.....သီရိဓားဖျားက အဆိုပါစစ်သည်အမျိုးသားရဲ့လည်မျိုမှာ ထောက်ထားလျှက်.....

ကေတုမတီစစ်သည်တော်များအားလုံး၏ ဓားများ မြေပြင်ပေါ်သို့ ကျသွားကျသည်။ ။

ကေတုမတီ သီရိလက်တွင်းရောက်ခဲ့ချေပြီ။ ။




________🪔ထိပ်ထား🪔___________





မင်းသမီးအဆောင်တော်ဆိုပေငြား ပြင်ပတွင်အစောင့်များစွာ ထူထပ်လျှက်။ဒေဝမင်းထင်ကျော်စွာသည် ထိပ်ထားကို အကျဉ်းထောင်ထဲတော့ထည့်မထား။အကျယ်ချုပ်ချထား၏။ ခမည်းတော်နှင့် မယ်တော်တို့ မည်သို့ရှိသည် ထိပ်ထားမသိရ။  တွေ့လိုက်ရတာ မနေ့က နောက်ဆုံးဖြစ်ချေသည်။

ယခုချိန်ဆို အရှင် ဒီသတင်းကိုကြားပြီးလောက်ပြီဟု ထိပ်ထားတွေးမိသည်။ ပြီးတော့ သူ အရှင့်ကိုယုံသည်။ ။

“မင်းသမီး နန်းတော်ရဲ့ စည်းဝေးသဘင်ကို ကြွခဲ့ပါလို့ မင်းကြီးက မိန့်ပါတယ်”

မင်းကြီးဆိုတာ ခမည်းတော်မဟုတ်မှန်း ထိပ်ထားသိသည်။ အဘယ်ကြောင့်များ စည်းဝေးသဘင်ကို ခေါ်သည်မသိ.....

စိတ်တွင်းထဲတော့ မသိမသာ စိုးထိတ်နေရသည်။ ဘာတွေဆက်ဖြစ်အုန်းမှာလဲ ထိပ်ထားမမှန်းရဲ...
ဒေဝမင်းထင်ကျော်စွာက မှန်းဆရခက်ခဲသည်မလား။ ။

စည်းဝေးသဘင်အရောက် မြင်လိုက်ရတဲ့မြင်ကွင်းကြောင့် သီရိ နှလုံးရပ်မတက်။ ။ အမြဲကျက်သရေအပေါင်းခညောင်းခဲ့သော သည်ရင်ပြင်တွင် သွေးများစီးလျှက် ။ပြီးတော့ အလွန်အားကိုးခဲ့ရသော တပ်မှုးသီဟ၏ခေါင်း။ခမည်းတော်နှင့်မယ်တော် အစ်ကိုတော်များက ဒူးထောက်လျှက်....

“ကဲလာပါအုန်း ဘယ်သူများတုန်းလို့ ကေတုမတီကနေ လွတ်အောင်ပြေးနိုင်ခဲ့တဲ့ ငါမတော်ခဲ့ရတဲ့ မယားလေးပါလား။ နေပါအုန်း သီရိနန္ဒာဒေဝီရဲ့ကျွန်ဆို ပိုမှန်မယ် ဟားဟားဟား”

ချိုးနှိမ်သောစကားကြောင့် ခမည်းတော်နှင့်အစ်ကိုတော်တို့ ကျော‌တွေမတ်ခနဲ့ဖြစ်သွားသည်ကို ထိပ်ထား‌ တွေ့လိုက်ရသည်။


“ကဲကဲ ...ဟံသာဝတီ တော်ဝင်သွေးတွေကတော့ စုံပြီ...ဘယ်လိုလဲ ငါအကုန် သုတ်သင်ရှင်းလင်းလိုက်ရမလား သတိုး”

ဒေဝမင်းထင်ကျော်စွာက သူ့ကိုယ်ရံတော်ကို မေးသည်။ရယ်‌ မောသလိုလုပ်နေပေမဲ့  မျက်လုံးများကလည်း ဒေါသထွက်နေသလို သို့မဟုတ် ဂဏာမငြိမ်ဖြစ်နေသလို....

“ခွမ်း   ....ဂလွမ်း...”

ဒေဝ ပုလ္လင်ပေါ်ထိုင်နေရာမှထကာ ဘေးရှိ အလှထိုးပန်းအိုးကြီးကို ခွဲချလိုက်ခြင်းပင်။ထိပ်ထားဆတ်ခနဲ့တုန်ကာ လန့်သွားရ၏။ သူတကယ်တော့ အနည်းငယ်လန့်နေသလို အားငယ်နေပြီဖြစ်၏။ စိတ်တွင်းတွင်လည်း ချစ်ရသူကိုသာ တမ်းတလျှက်.....

“ကေတုမတီကို သူတို့သိမ်းတာနဲ့ ဒီဟံသာဝတီ တော်ဝင်သွေးတွေနဲ့က မဆိုင်ဘူးလေ အရှင်မင်းကြီး။ ဒီလို အကုန်ကွပ်မျက်လိုက်ရင် အရှင်မင်းကြီး ဘုရင်ဆိုးအဖြစ် ရာဇဝင်တွင်မှာပေါ့။  အရှင်မင်းကြီး ဒေါသကို ကျွန်တော်မျိုးနားလည်ပါတယ်။ဒါပေမဲ့ ဒီမှာတော့ ဖြေမချလိုက်တော်မူပါနဲ့ဘုရား....သူတို့နဲ့ရင်ဆိုင်မှသာ ယခုဒေါသကို လက်နက်အဖြစ်အသုံးချတော်မူပါဘုရား”

နဂို ဘုရင်ဆိုးဖြစ်နေသော်ငြား ကိုယ်ရံတော်သတိုး၏ အလျှောက်ကောင်းမှုကြောင့် ဒေဝခေတ္တငြိမ်ကာ ပုလ္လင်ပေါ်ပြန်သွားထိုင်၏။ သို့သော် သူစိတ်မငြိမ်သေးကြောင်းကို သူ၏ တစ်ဒေါက်ဒေါက်ခေါက်နေသော လက်ချောင်းများက သက်သေပြနေသည်။

“သီရိနန္ဒာဒေဝီ သီရိနန္ဒာဒေဝီ  သင်းငါ့ကို အတော် ဒုက္ခပေးတာပဲ။ငါနဲ့တွေ့ကြသေးတာပေါ့”

ချစ်ရသူ၏ အမည်နာမကြောင့် ထိပ်ထား ဆတ်ခနဲ့ဖြစ်သွားရသည်။ ပြီးတော့ ကေတုမတီကို  သူတို့သိမ်းလိုက်ပြီဆိုသောစကား။
ဆက်စပ်တွေးကြည့်ပြီး အရှင် ကေတုမတီကို အောင်လိုက်ပြီဖြစ်ကြောင်း ထိပ်ထားသိလိုက်တော့သည်။ ရင်ထဲ ကျိတ်ဝမ်းသာသွားရ၏။

“တောက်......ငါဟိုအဘိုးကြီးကို ကေတုမတီမှာထားခဲ့တာ မှားသွားပြီ။ ငါ့မှာအခုသူ့ကို ချုပ်ကိုင်ဖို့ ဝှက်ဖဲမရှိတော့ဘူး။ဘာပဲဖြစ်ဖြစ် ကေတုမတီကို ရအောင် ပြန်သိမ်းရမယ်။သတိုး သွား သူတို့ကို ပြန် ချုပ်ထားလိုက်...မြင်နေရင် ပိုဒေါသထွက်ပြီး ငါကိုယ်‌‌တော် တစ်ခုခုလုပ်မိလိမ့်မယ်”

ဟံသာဝတီဘုရင် မိသားစုအားလုံးကို စစ်သည်တော် အသီးသီးခေါ်ဆောင်သွားပြီးသည့်နောက် ဒေဝ စကားပြန်စသည်။

“သတိုး ငါကိုယ်တော် စီးချင်းထိုးမယ်”

“ဘုရား”

ရုတ်တရက်ကြားလိုက်ရသော စကားကြောင့် ထိတ်လန့်သွားခြင်းပင်။ ဒါက သိပ်ရိုးသည့်နည်းလမ်း။

“သီရိနန္ဒာဒေဝီ နဲ့တစ်ဦးချင်း စီးချင်းကို ပြောတာလား ဘုရား”

“ဟုတ်တယ်....သူနိုင်ရင် ငါအညံ့ခံမယ်။ ကိုယ်တော်နိုင်ရင် သူအညံ့ခံရမယ်”

“ရိုးရှင်းလွန်းမနေဘူးလား ဘုရား”

သူ့စကားကြောင့် ဘုရင်က ခပ်ဟဟရယ်တယ်။

“ဒါပေါ့ သတိုး...ဒီလောက်ရိုးရှင်းနေရင် ငါကိုယ်‌တော်ဘယ်ဟုတ်ပါ့မလဲ....ငါကိုယ်တော်က သူ့ကို မရရအောင် သတ်မှာပဲ။ သီရိနန္ဒာဒေဝီ နဲ့ငါစီးချင်းထိုးမယ်။အရေးမလှခဲ့ရင် မောင်မင်းတို့ဝင်ကူရမယ်။ တစ်ခါထဲနဲ့ အသေလုပ်ပါ။”

“ဒါက...”

“ဘာလဲ...သမာသမတ်မကျဘူးပြောချင်တာလား။ မောင်မင်းမှတ်ထား သတိုး....ငါကိုယ်တော်လုပ်သမျှ အားလုံးက မှန်ကန်တယ်ဆိုတာပဲ။ ဒါက အရေးမလှခဲ့ရင်လို့ ကိုယ်တော်ပြောတယ်နော်... သူ့ကိုအနိုင်တိုက်မှာကိုယ်တော်က။  ပြီးတော့ စစ်သည်တော်တွေကို ပြင်ဆင်ထားခိုင်း....အရမ်းဒဏ်ရာပြင်းတဲ့သူတွေကလွဲ ကျန်တဲ့သူအကုန်လုံးနော်”

“မှန်လှပါ”

“တရားတာမတရားတာတို့ နည်းလမ်းမကျတာတို့ စစ်ပွဲမှာမရှိဘူး...ဦးသူစားစတမ်းပဲ။ ညဏ်ရည်သာတဲ့သူက အခွင့်လမ်းသာမှာပဲ။ကေတုမတီကို လုယူခံရလို့ ငါ့ရင်ဘတ်ထဲအခဲမကျေဖြစ်နေတယ်။ အဲတာကို ကြိမ်းသေပြေပျောက်အောင်လုပ်ရမယ်..
ခုချက်ချင်း စီးချင်းထိုးမဲ့သတင်းကို ပေးပို့ချေစမ်း။”

“မှန်လှပါဘုရား........”


________🪔ထိပ်ထား🪔___________

A/N >>မွေးနေ့လက်ဆောင် updateပါ...iggie_27အတွက်။ နှစ်ရက်တိတိနောက်ကျတာ စိတ်မဆိုးနဲ့။
Moodက ဘယ်လိုဖမ်းဖမ်းမမိလို့😪

RenGe-29.5.2019

ထိပ်ထားWhere stories live. Discover now