တရားဝင် (ZawGyi)

1.2K 138 4
                                    

နောက်ဆုံး ထိုးလက်စကြိမ်စလေးကို လက်စသပ်ပြီးချိန်မှာတော့ နဒီ့လက်ထဲမှာ လှပသေသပ်တဲ့ ကြိမ်ခြင်းလေးတစ်လုံးကနေရာယူလျှက်။ ငါးဖမ်းခြင်း ငါးခြောက်လုပ်ခြင်း‌ တွေထက် ဒီကြိမ်ခြင်းထိုးခြင်းကနဒီ့အတွက် အမေသင်ပေးတဲ့အမွေပါ။ကိုယ်တိုင်ကလည်း သဘောကျနှစ်ခြိုက်သည်။ ကြိမ်ခြင်းလုပ်ရတာ လွယ်တော့မလွယ် ။ စစလုပ်ခြင်းကဆို လက်တစ်ခုလုံးနီရဲပေါက်ပြဲသည့်အထိ။

ကြိမ်ခြင်းလေးကိုချလိုက်ပြီး နဖူးကချွေးစကို နဒီသုတ်လိုက်သည်။ ဒီနေ့ဆို သူထိပ်ထားဆီက ပြန်ခဲ့တာ သီတင်းတစ်ပတ်ခန့်ရှိပြီ။ အခုတလောအတွေးတွေကလည်း ပျံ့နှံ့နေတယ်လေ။

ထိပ်ထားစံအိမ်တော်မှာအိပ်သည့်ည။ မက်နေကျ အိမ်မက်ကမက်လာခဲ့သည်။ ဒါပေမဲ့ ဒီအိမ်မက်မှာ ထူးဆန်းသည်က အိမ်မက်ထဲကမိန်းမပျိုကထိပ်ထားဖြစ်နေပြီး သူကချပ်ဝတ်တန်ဆာများကိုဝတ်ဆင်ထားသည်။

သူတို့ဆက်စပ်မှုရှိသည်ဆိုတာကို နဒီနားလည်လာရသည်။ တကယ်ပဲသူဟာ ထိပ်ထားပြောပြောနေသည့် တပ်မှုးချုပ်များလား။

ဘာကိုမှ ရေရာစွာ မမှတ်မိသည့်သူ့ အဖြစ်က အမှောင်ထဲတွင် လမ်းလျှောက်ရသလို။ အရာအားလုံး စမ်းတဝါးဝါး ခန့်မှန်းနေရ၏။ ကိုယ့်ကိုယ်ကိုယ် စိတ်ပျက်မိသော်ငြား လက်လျော့ချင်သည့်စိတ်ထက် ပိုမိုသိချင်စိတ်များပြားလာရသည်။ ဒီ့အတွက် သူတစ်ခုခုတော့ လုပ်ရမည်ဆိုတာလည်း နားလည်သည်။

ထို့အတွက် မိမိဘာသာ အတိတ်ကို မှတ်မိအောင်လုပ်မည်ဆိုသော အတွေးကို စွန့်လွှတ်လိုက်ပြီ။ ထိပ်ထား ဟုတ်သည် ထိပ်ထားကူညီမှ ရလိမ့်မည်။

“အဘ သမီး မြို့ထဲသွားအုန်းမယ်”

“ဒီနေ့ဈေးနေ့လည်း မဟုတ်ပဲ....”

“ကိစ္စလေး ရှိလို့ပါအဘ။ ထိပ်ထားတို့ဆီကိုပါ”

“သြော် ...အဲဆို ပြန်လာမယ်ဆိုလည်း အရမ်းညနက်မစေနဲ့”

“ပြန်လာမှာပါအဘ။ ညမအိပ်ဘူးရယ်”

“အေးကွယ်အေး......”

နဒီအိမ်ထဲပြန်ဝင်ကာ အထုတ်တစ်ထုတ်ကိုယူလိုက်ရင်း ပြန်ထွက်ခဲ့လိုက်သည်။ဒီအထုတ်က တစ်ခြားတော့မဟုတ် သူ၏စစ်ထွက်ဝတ်စုံ ထည့်ထားသည့်အထုတ်။ ဒီဝတ်စုံယူသွားရခြင်းက အကြောင်းရှိသည်။

ထိပျထားWhere stories live. Discover now