ကျေးဇူးတင်လွှာ

7.9K 818 95
                                    

ကျွန်တော့် ထုံးစံ ဇာတ်လမ်းတစ်ပုဒ်ပြီးတိုင်း
ကျေးဇူးတင်ကြောင်းပြောပါမယ်ဗျ..
.ဖတ်ဖတ်မဖတ်ဖတ်ပါ😅

တကယ့်တော့ ဒီထိပ်ထားက updateအကြာဆုံးဇာတ်လမ်း။ ကိုယ်ကပထမဆုံးOCစရေးတာလည်းဖြစ်
မြန်မာရာဇဝင်ပုံစံလည်းဖြစ်ဆိုတော့ တစ်ပိုင်းတစ်ပိုင်းရေးဖို့ ကျွန်တော်ကြောက်တာ...Fanfictionသုံးပိုင်းလောက်ဆက်တိုက်ရေးချင်ရေးမယ် ထိပ်ထားတစ်ပိုင်းက မလွယ်ဘူး။ moodမဝင်ပြန်လည်း မရေးချင်ဘူး...အဲ့တာနဲ့ကြာကုန်ကော😅😅

ရေးရင်းဆက်မရေးချင်တော့တဲ့ အချိန်တွေလည်းရှိတယ်။ ဒါပေမဲ့ ပုံမှန်စောင့်ဖတ်ပေးတဲ့သူတွေ❤
Updateတောင်းတဲ့သူတွေ❤ feedback ပေးတဲ့သူတွေ တကယ်ကျေးဇူးတင်တယ်ဗျ။

အထူးကျေးဇူးတင်တာက ကျွန်တော့်ကောင်ကြီး
iggie_27ဇာတ်သိမ်းခါနီး စိတ်ကလေနေတာ။
ကျွန်တော် ရိုးရိုးရှင်းရှင်းသိမ်းမိတော့မလို့။ ဒါပေမဲ့ စိတ်ကလည်း ခွင့်မပြုဘူး။ အဲ့တာနဲ့ သူ့ကိုတိုင်ပင်တော့ သူကအကြံလေးတွေပေးတယ်...Motiလည်းပေးတယ်။ သူ့ကြောင့် ဒီဇာတ်သိမ်းလေးထွက်လာတာ။

ပြီးသွားတာ နှမြောသလို စိတ်လည်းပေါ့သွားတယ်။
အကုန်လုံးကိုကျေးဇူးတင်ပါတယ်ဗျ။
တကယ်လို့ အဆင်မသင့်တာလေးတွေ တွေ့ရင်.ကျွန်တော့်ကို ဝေဖန်အကြံပေးနိုင်ပါတယ်နော်💛

RenGe(5.6.2019)

ထိပ်ထားWhere stories live. Discover now