နဒီ သို့မဟုတ် မြစ်တစ်စင်း

9.3K 1.1K 69
                                    

တစ်နှစ် ။ အချိန်အားဖြင့်တစ်နှစ်။ တပ်မှုးချုပ်ရဲ့သတင်းမရခဲ့တာ။ ဒါဆိုသူဒီလူ့လောကကြီးမှာ မရှိတော့ဘူးဆိုတာ ထိပ်ထားလက်ခံလိုက်ရတော့မှာလား။ ဟင့်အင်း အခုထိစောင့်နေဆဲပဲ။ သူထိပ်ထားဆီပြန်လာမယ်ဆိုတာ မသိစိတ်ထဲက ယုံကြည်နေမိသည်။

တစ်နှစ်ဆိုတဲ့ အချိန်ကာလဟာ တစ်ချို့အရာတွေကို ပြောင်းလဲစေခဲ့တယ်။ တပ်မှုးချုပ်ရဲ့မယ်တော်သည်လည်း ယောဂီဝတ်သွားခဲ့ချေပြီ။ သေနာပတိချုပ်ကြီး ကွက်မျက်ခံရတယ်ကြားပြီးကတည်းကပေါ့။မယ်မယ့်ကို ထိပ်ထားတားဖို့မကြိုးစားခဲ့ပါ။ရင်ထဲကအပူတွေကို ငြိမ်းဖို့သည်တနည်းပဲရှိတယ် ထိပ်ထားလေးတဲ့။ ပြီးတော့ ထိပ်ထားတို့ဟံသာဝတီကလည်း ကေတုမတီရဲ့ လက်အောက်ခံနိုင်ငံဖြစ်ခဲ့ရပြီ။ လစဉ် အခွန်ဘဏ္ဍာနဲ့လိုအပ်တာမှန်သမျှကို ဆက်သပေးရတယ်။

ဒါဆို သူသိပ်တန်ဖိုးထားရတဲ့ ကေတုမတီတိုင်းကြီးကကော။ ဒေဝမင်းထင်ကျော်စွာ နန်းတက်ကတည်းက ကသောင်းကနင်းတွေဖြစ်ခဲ့တာ ယခုအချိန်ထိ။ သူခိုး ဓားပြတွေလည်း ပေါလာသလို ဆန်ရေစပါးလည်း ရှားပါးလာသည်။ စစ်ဘုရင်ဖြစ်တာမို့ စစ်ရေးကိုပဲအမြဲဦးစားပေးကာ တိုင်းသူပြည်သားတွေရဲ့ ဆင်းရဲမွဲတေခြင်း ငတ်မွတ်ခေါင်းပါးခြင်းတွေကို လှည့်မကြည့်တဲ့ဘုရင်။
ကေတုမတီတိုင်းပြည်ကြီး အရင်လိုသာယာမဝပြောတော့ပါတဲ့။
ကြားရသမျှ အကောင်းတစ်ခုမှမရှိ။

ထိပ်ထားကတော့ ယခုထိ သူ့သတင်းကို ရှာဖွေဆဲ။ ကောက်ရိုးပုံထဲက အပ်ရှာဖွေရသလိုပါပဲ။ တပ်မှုးချုပ်ရဲ့ တပည့်ဖြစ်သူဒီပကတောင် တပ်မှုးချုပ်သေဆုံးကြောင်း လက်ခံလိုက်ပြီဆိုတာ ထိပ်ထားပြန်ကြားရသည်။ ထိပ်ထားကတော့ လက်မခံပါ။ ထိပ်ထားရဲ့မသိစိတ်ထဲမှာ သူအသက်ရှင်နေသေးတယ်လို့ ခံစားရတယ်လေ။

"ညီမတော် အားလုံးပြင်ဆင်ပြီးပြီလား"

အစ်ကိုတော်အိမ်ရှေ့စံရဲ့အသံကြားမှ ထိပ်ထားသတိဝင်လာရတယ် ။ ဒီနေ့ ထိပ်ထားတို့ ရာမညတိုင်းကို သွားမှာလေ။ ရာမညတိုင်းပြည့်ရှင်က ထိပ်ထား၏ဦးရီးတော် ဝမ်းကွဲ။ တစ်နှစ်တစ်ခါ ဦးရီးတော်ဆီ မောင်နှမတစ်တွေ အလည်သွားလေ့ရှိတယ်။ ဒီနှစ်တော့ အစ်ကိုကြီးနဲ့ထိပ်ထားနှစ်ယောက်ထဲ။ ကျန်အစ်ကိုတော်တွေက မအားလပ်တာမို့။

ထိပ်ထားWhere stories live. Discover now