အပိုင်း ၀၀၁ ။ ရက်စက်ယုတ်မာသည့် အမြှောက်စာဇာတ်ကောင် (၁)

7.3K 520 8
                                    

[Unicode]
ပြန်လည်မွေးဖွားလာသော အမြှောက်စာဇာတ်ကောင်လေး

အပိုင်း ၀၀၁ ။ ရက်စက်ယုတ်မာသည့် အမြှောက်စာဇာတ်ကောင်  (၁)

ဇူလိုင် ၇ရက် ။ ၂၀၁၈ခုနှစ် ။ နံနက် ၁၀:၂၈ ။ ရှန်ဟိုင်းယွီရှန်ဟိုတယ်

ထောင်မုက ခေါင်မိုးအစွန်းထံ ခြေလှမ်းလိုက်သည် ။ ပူပြင်းသော နွေရာသီဆိုသော်ငြား ဤနေရာတွင်တော့ လေပြင်းထန်နေပြီး တဟူးဟူးတိုက်ခတ်လျက် ရှိနေသည် ။ အကယ်၍ တစ်ယောက်ယောက်ကသာ သူ့ရဲ့ခေါင်းကိုအနည်းငယ်ငုံ့ကြည့်မိမည်ဆိုလျှင် အနီရောင်နဂါးကြီးတစ်ကောင်မှ ကွေ့ကောက်နေသောလမ်းသွယ်များကို ဖြတ်သန်းသွားလာနေသကဲ့သို့ မြို့အလည်က ခိုင်မာတောင့်တင်းပါသည့် ကွန်ကရစ်လမ်းမများထက် ဟိုတယ်သို့ဦးတည်နေသည့် ရှည်လျားလှသော အနီရောင်အဆင့်မြင့်ကားတန်းအား တွေ့မြင်နိုင်ပေလိမ့်မည် ။

ထောင်မုသည် ထိုအစောင့်အရှောက်အပြည့်နှင့် ကားယာဉ်တန်းကို စူးစိုက်ကြည့်မိနေလျက် ထိုအကြည့်များသည် မင်္ဂလာကားထဲတွင်ထိုင်နေသော ရှန်းယွီနှင့် ရှန်းမိသားစုထံသို့ အေးစက်စက်အနီရောင်သတ္တုနံရံများအား ဖောက်ထွက်လာမတတ် စူးရှနေလေသည် ။

သူ၏ အိတ်ကပ်ထဲမှ ဆဲလ်ဖုန်းမှာ တောက်လျှောက် ဆူညံစွာ မြည်နေသည် ။ ထောင်မုက အမူအရာဟင်းလင်းစွာနှင့် ဖုန်းကိုဖြေလိုက်သည် ။ တမောက်၏ အသနားခံမှုမှာ ငိုယိုနေသံနှင်အတူ ဖုန်းထံမှ ထွက်ပေါ်လာသည်
"အကိုမု ။ ကျွန်တော် တောင်းပန်ပါတယ်ဗျာ ။ ကျွန်တော်တို့ တစ်ခါလောက်ထပ်စဉ်းစားရအောင်နော် ။ စိတ်လိုက်မာန်ပါမလုပ်ပါနဲ့..."

"ငါစိတ်လိုက်မာန်ပါလုပ်နေတာ မဟုတ်ဘူး" ထောင်မု သူ့ရဲ့ခေါင်းကို ငုံ့ချလိုက်သည် ။ ဤနေရာတွင် ခပ်ကြမ်းကြမ်းလေမှ သူ့နားတွေထဲသို့ တဝှီးဝှီး ဝင်ရောက်နေပြီး အသက်ရှိနေသော ဖြစ်တည်မှုအားလုံးသည် သူ့ခြေထောက်အောက်မှ ပုရွက်ဆိတ်လေးများသဖွယ် ရှိနေလေသည် ။ ဤနေရာမှပင် မင်္ဂလာပွဲကြိုဆိုသည့်နေရာကို ဝေဝါးဝါး တွေ့ရပြီး နေရာချစီစဉ်ထားသော လူအုပ်ကြီးကိုလည်း သူ လှမ်းမြင်ရသည်

ပြန်လည်မွေးဖွားလာသော အမြှောက်စာဇာတ်ကောင်လေးWhere stories live. Discover now