Hမြို့သို့တစ်ခေါက်ပြန်လည်၍

1.2K 207 10
                                    

[Unicode]
ပြန်လည်မွေးဖွားလာသော အမြှောက်စာဇာတ်ကောင်လေးအပိုင်း ၀၄၁ ။ Hမြို့သို့တစ်ခေါက်ပြန်လည်၍

"စိတ်မလှုပ်ရှားဘဲ ဖြေးဖြေးချင်းပြော" ထောင်မု မျက်မှောင်ကြုံ့ထားရင်း စိတ်ရှည်ရှည်နဲ့ တစ်ဖက်လူ စိတ်ငြိမ်အောင် ကူညီပေးနေခဲ့သည်။

ဖုန်းတစ်ဖက်က တလော့ကတော့ လုံးဝစိတ်လွတ်နေခဲ့သည်။ အရွယ်ရောက်ပြီးသား လူကြီးတစ်ယောက်က ဆေးရုံရဲ့ စင်္ကြန်လမ်းမှာ ဆောင့်ကြောင့်ထိုင်ပြီး နှာတရှုံ့ရှုံ့နဲ့ ငိုနေခဲ့ကာ: " ကုန်းကောက ဝိုင်ယာကြိုးတွေနဲ့ တွဲလောင်းချိတ်ပြီးနေ​,နေတုန်း မတော်တဆဖြစ်ခဲ့တယ်။ သူပြုတ်ကျပြီးတော့ ခါးကျိုးသွားတာ။ ဆရာဝန်က သူ့ကို ချက်ချင်း ခွဲစိတ်ရမယ်လို့ပြောတယ်၊ ဒါပေမယ့် ယွီမိန်, အဲ့ဒီ မုန်းဖို့ကောင်းတဲ့ ခွေးမက, ပိုက်ဆံတွေယူပြီး ထွက်ပြေးသွားတယ်လေ... ပြီးတော့ ဆေးရုံကလည်း ပိုက်ဆံမပေးရင် ခွဲစိတ်ပေးမှာမဟုတ်ဘူး, ကုန်းကောရဲ့ အမေကလဲ အကြောက်လွန်ပြီး ဖျားမလိုတောင်ဖြစ်နေတယ်...ထောင်မု, ငါတို့ဘာလုပ်ကျမလဲ?..."

တလော့က ဖုန်းပြောရင်း ငိုနေခဲ့တာကြောင့်, သူပြောတဲ့စကားတွေကလည်း ရှင်းရှင်းလင်းလင်းရှိမနေချေ။ ထောင်မုအကြာကြီး နားထောင်လိုက်ရသည်။ ဖုန်းပြောနေတဲ့ တစ်လျှောက်လုံးလဲ, အဖြစ်အပျက်ကို သေချာသိရဖို့ တလော့ငိုနေတာကို ခဏခဏဖြတ်ပြောရသည်။ နာရီဝက်ကျော်လောက် အချိန်ကြာမှပဲ ကိစ္စတစ်ခုလုံးကို အဆက်အစပ်မိမိ နားလည်တော့သည်။

-ထောင်မုရဲ့ အရင်ဘဝက မှတ်ဉာဏ်တွေနဲ့ဆင်တူစွာပဲ, ကုန်းရီရှင်က ဝိုင်ယာကြိုးတွေနဲ့ တွဲလောင်းချိတ်နေရင်းကနေ တကယ်ကိုပဲ မတော်တဆမှုဖြစ်ခဲ့သည်။ သူက ခြောက်မီတာကျော် အမြင့်ကနေပြုတ်ကျပြီး တစ်ခါထဲ ခါးကျိုးသွားတာ။ ဒဏ်ရာရလိုက်​တဲ့နေရာက ပင်မခါးရိုးရဲ့ အဆစ်နဲ့ အရမ်းနီးနေတာကြောင့်, ခွဲစိတ်မှု အပြည့်အဝအောင်မြင်ခဲ့ရင်တောင်, အောက်ပိုင်းသေသွားနိုင်ချေများတယ်လို့ ဆရာဝန်ကပြောခဲ့တာ။ မဟုတ်ရင် သီးသန့်ဆန်ပြီး ရှုပ်ထွေးတဲ့ နာမည်နဲ့ ခွဲစိတ်မှုကိုလုပ်မှရမယ်တဲ့, ခွဲစိတ်ပြီးနောက်ပိုင်း ပြန်လည်သန်စွမ်းလာတဲ့ အခြေအနေသာကောင်းရင်, သူက သာမန်လူလိုပဲ နေပြန်ကောင်းသွားနိုင်သည်။ ဒါပေမယ့်လည်း, ဒီလိုခွဲစိတ်မှုက သူချည်းသပ်သပ် ကနဦး ခွဲစိတ်မှုတစ်ခုတည်းတောင် ယွမ် ၅၀၀,၀၀၀လောက်ကျမှာ, ပြီးရင် ခွဲစိတ်ပြီးနောက်ပိုင်း ပြန်လည်သန်စွမ်းရေး ကူသမှုတွေအများကြီးရှိသေးတယ်, အဲ့တာကြောင့် စုစုပေါင်း ခန့်မှန်းကုန်ကျငွေက ယွမ် ၁. ၂သန်းလောက် ကုန်လိမ့်မည်။

ပြန်လည်မွေးဖွားလာသော အမြှောက်စာဇာတ်ကောင်လေးWhere stories live. Discover now