ပြန်လည်မွေးဖွားလာသော အမြှောက်စာဇာတ်ကောင်လေး
အပိုင်း ၀၆၁ ။အိမ်ထောင်စုစာရင်းပြောင်းခြင်းနှင့် မိသားစုမျိုးဆက်သုံးဆက်
တရုတ်၏ မွေးစားခြင်းလုပ်ငန်းစဉ်များက တကယ်တမ်း၌ အတော့်ကို ကရိကထများလှသည်။ သို့သော်လည်း မိဘမဲ့၊ မသန်မစွမ်းသောကလေး သို့မဟုတ် စွန့်ပစ်ခံ နို့စို့ကလေးနှင့် မွေးမိဘရင်းရှာမတွေ့နိုင်သည့် လူမှုဖူလုံရေးအဖွဲ့အစည်းတွေမှ စောင့်ရှောက်ထားသော ကလေးတွေကို မွေးစားသည့် စည်းကမ်းသတ်မှတ်ချက်များကလည်း လွတ်လပ်ခွင့်ပြည့်လှသည်။ မွေးစားသူအတွက် လိုအပ်သည့်တစ်ခုတည်းသောသတ်မှတ်ချက်က အနည်းဆုံး ၃၀နှစ်ရှိရမည်ဟူ၍ဖြစ်သည်။ လျှို့ယောင် က ယခုနှစ်၌ သုံးဆယ့်ကိုးနှစ်ဖြစ်ပြီး မုံ့ချီ က သူ့ထက် သုံးနှစ်ငယ်သည်ကြောင့် နှစ်ယောက်လုံးက မွေးစားသူတွေအတွက် အသက်သတ်မှတ်ချက်နှင့် ကိုက်ညီသည်။ ထို့အပြင် နှစ်ယောက်လုံးက လက်ထပ်ထားသော လိင်တူစုံတွဲဖြစ်ပြီး အနာဂတ်၌လည်း ကလေးရှိလာမည်မဟုတ်ပေ။
အရေးအကြီးဆုံးအချက်မှာ မွေးစားခံ ထောင်မုက အသက်ဆယ့်ရှစ်နှစ်ပြည့်ပြီးဖြစ်သည်။ ဥပဒေအရ သူက နိုင်ငံသားလုပ်ပိုင်ခွင့်အပြည့်နှင့် လူတစ်ယောက်ဖြစ်နေပြီဖြစ်ပြီး နိုင်ငံသားအခွင့်အရေးများနှင့် နိုင်ငံသားတာဝန်များကို ထမ်းဆောင်ရာ၌ လွတ်လပ်စွာ ခံစားခွင့်ရှိသည်။ ဆိုလိုသည်က လျှို့ယောင်က ထောင်မုကို မွေးစားလိုက်လျှင်တောင် နှစ်ဦးနှစ်ဖက်အနေနှင့် မွေးစားသူ၏ လိင်စိတ်တိမ်းညွှတ်မှုကနေ ကိုယ်ကျင့်တရားပိုင်းနှင့် ဂုဏ်သိက္ခာပိုင်းကျဆင်းမှုမျိုး ရှိလာမည်မဟုတ်ဟူ၍ပင်။
သည်အတွက် မွေးစားသည့်လုပ်ငန်းစဉ်ကိုဖြတ်ဖို့က နှစ်ဦးနှစ်ဖက်၏ သဘောတူညီမှုကို မိဘမဲ့ဂေဟာသို့ မွေးစားသည့်စာရွက်စာတမ်းတင်ပြဖို့အတွက်သာ လိုအပ်ပြီး သက်ဆိုင်သည့် မှတ်ပုံတင်လုပ်ထုံးလုပ်နည်းတွေ လုပ်ဆောင်ဖို့ မွေးစားခြင်းမှတ်ပုံတင်ရုံးကို ဆက်သွားကာ နောက်ဆုံး၌ အမြဲတမ်းအိမ်ထောင်စုစာရင်းအတွက် မှတ်ပုံတင်ဖို့ ဒေသဆိုင်ရာ ရဲစခန်းသို့ ဝင်ရမည်ဖြစ်သည်။

YOU ARE READING
ပြန်လည်မွေးဖွားလာသော အမြှောက်စာဇာတ်ကောင်လေး
RomanceName -恶毒炮灰重生以后 English Name - After The Vicious Cannon Fodder Was Reborn Author - BaYeDang Genre - Drama, Romance, Shounen Ai Chapters - 293 + 5 extras ငယ်စဉ်ကလေးဘဝကတည်းက မိဘမဲ့ဂေဟာမှာ ကြီးပြင်းလာခဲ့တဲ့ Tao Mu က သူ့ဘဝဟာ ဇာတ်ညွှန်းမှားကောက်မိလို့ ဖြစ...