အပိုင်း ၀၈၄ ။ လူဖြစ်အောင် သင်ပေးမည် အပိုင်း (၂)

893 72 2
                                    

အပိုင်း ၀၈၄ ။ လူဖြစ်အောင် သင်ပေးမည် အပိုင်း (၂)


အင်တာနက်ပေါ်ရှိ ရှန်အန်းအုပ်စု၏ ဂုဏ်သတင်းသည် ကျဆင်းသွားပြန်သည်။

သို့သော် ယောင်ရှန်အန်းသည် ကြောက်စရာကောင်းသောသူတစ်ယောက်ဟု ပြောလို့ရသည်။ သူသည် ရှန်အန်းအုပ်စုကို အောက်ခြေမှစပြီး ထူထောင်နိုင်ခဲ့သောကြောင့် ဤနှစ်များစွာအတွင်း မုန်တိုင်းကြီးများနှင့် ကျင့်သားရနေခဲ့သည်။ ထုံးစံအတိုင်း ထောင်မု၏ တစ်ခုတည်းသော လှုပ်ရှားမှုကြောင့် သူ လက်နက်မချနိုင်ပေ။

သူ စိတ်ပျက်လက်ပျက် အခြေအနေသို့ ရောက်သွားသော်လည်း ယောင်ရှန်အန်းသည် ပြန်လည်ခုခံနိုင်ဆဲဖြစ်သည်။

သူသည် ရှန်အန်းအုပ်စုလက်အောက်ရှိ ဆိုင်ခွဲ စားသောက်ဆိုင်များအားလုံးကို 50% လျှော့စျေး ပေးရန် တိုက်ရိုက် ညွှန်ကြားခဲ့သည်။ ယောင်ရှန်အန်းသည် ဝေဖန်ခံရသည့်တိုင် သူ၏ ဟင်းချက်ကျွမ်းကျင်မှုမှာ အမြဲကောင်းမွန်နေပြီး စားသောက်ဆိုင်များကို စီမံခန့်ခွဲရာတွင်လည်း အလွန်စည်းစနစ်ကျသည်ဟု ဆိုရမည်ဖြစ်သည်။ ရှန်အန်းအုပ်စု လက်အောက်ရှိ စားသောက်ဆိုင်ဆိုင်ခွဲများသည် ရှန်ဟိုင်းမြို့ရှိလူအများ၏ယုံကြည်မှုကို အမြဲရရှိခဲ့သည်။

ထိုမတိုင်မီက ရှန်အန်းအုပ်စုသည် အလယ်အလတ်မှစပြီး တန်ဖိုးကြီးသောစျေးနှုန်းများဖြင့် အမြဲရှိနေခဲ့သည်။ 2008 ခုနှစ်တွင် ရှန်အန်းအုပ်စုမှစားသောက်ဆိုင်ခွဲတစ်ခုသို့သွားရောက် စားသောက်ရာတွင် သောက်စရာများ မပါသေးသည့်တိုင် စားပွဲတစ်ခုအတွက်ယွမ် 1,000 ကျော်ကုန်ကျသည်။ ထို့ကြောင့် ရှန်ဟိုင်းရှိလူ အများအပြားသည် ၎င်း၏အမည်ကို အချိန်အတော်ကြာ ကြားဖူးသော်လည်း ရှန်အန်းအုပ်စုလက်အောက်ရှိ စားသောက်ဆိုင်များ၏ ဟင်းလျာများကို မစားဖူးခဲ့ကြပေ။

ယခုအချိန်တွင် ရှန်အန်းအုပ်စုသည် ကော်ပိုရေးရှင်းများကြားရှိ နစ်နာမှုများကို ဂရုမစိုက်ဘဲ စျေးတစ်ဝက်ထိ လျှော့ချ၍ ရောင်းချခဲ့သည်။ ဈေးနှုန်းသက်သာစွာနှင့် စားသောက်ရမည့်အတွက် လူအများအပြားလာ‌ရောက်ကြမည်မှာ သေချာပေါက်ပင်ဖြစ်သည်။။ ထို့ကြောင့် အဆင့်မြင့်ဟင်းလျာများကို တစ်ခါမှ မမြည်းစမ်းဖူးသော ရှန်ဟိုင်းလူမျိုးတို့သည် ရှန်အန်းအုပ်စု လက်အောက်ရှိ စားသောက်ဆိုင်များသို့ ၎င်းတို့၏ မိသားစုများကိုခေါ်၍ သွားရောက်စားသောက်ကြသည်။ ရုတ်တရက်ဆိုသလိုပင် အရှုပ်တော်ပုံကြောင့် အထိနာခဲ့သော စားသောက်ဆိုင် ဆိုင်ခွဲများသည် ရောင်းအားပြန်တက်လာသည်။

ပြန်လည်မွေးဖွားလာသော အမြှောက်စာဇာတ်ကောင်လေးWhere stories live. Discover now