စားပွဲတည်ရင်း စကားစမြည်ပြောခြင်းနှင့် လီရှောင်းဟန်၏ ရည်ရွယ်ချက်

766 113 0
                                    

[Unicode]
ပြန်လည်မွေးဖွားလာသော အမြှောက်စာဇာတ်ကောင်လေး
အပိုင်း ၀၄၇ ။ စားပွဲတည်ရင်း စကားစမြည်ပြောခြင်းနှင့် လီရှောင်းဟန်၏ ရည်ရွယ်ချက်

ထောင်မုသည် အနာဂတ်၏ IT နာမည်ကြီးပုဂ္ဂိုလ်နှင့် ပလက်ဖောင်းအသစ်အရေး ဆွေးနွေးဖို့ အလွန့်အလွန် စိတ်အားထက်သန်နေမိသည်။ သို့ပေမဲ့ ဆေးပညာနယ်ပယ်ထဲရှိ သူ၏ ပညာရေးအားထုတ်မှုက ချီးကျူးလောက်စရာမရှိနေပေ။ ထောင်မုမှာ အချိန်တိုအတွင်း အကျိုးများခရီးရောက်ခြင်းကို အလွန်အလေးထားသည့် သူမျိုးဖြစ်သည်။

သည်တော့ ဤနာမည်ကြီးပုဂ္ဂိုလ်ရှေ့ သူ့ရဲ့ သာမန်ကာလျှံကာ မသိနားမလည်မှုကို မချပြချင်ဘဲ တစ်ဖက်လူ၏ရင်ထဲ အမြင်ကောင်းမလျော့စေချင်သည့်အတွက် ကြိုတင်ပြင်ဆင်မှုမရှိဘဲနှင့် မစ္စတာIT နာမည်ကြီးပုဂ္ဂိုလ်ယွင်နှင့် ရောက်တတ်ရာရာမပြောချင်ပေ။

သည်အတွက် ထောင်မုက လက်ဦးမှုယူပြီး ပြင်ဆင်ချိန်သုံးရက်တောင်းဆိုကာ ကတိပေးလိုက်သည် "ကျွန်တော့်ကို သုံးရက်အချိန်ပေးပါ။ ကျွန်တော် ဆေးပညာနယ်ပယ်ကို အပြည့်အဝနားမလည်နိုင်ရင်တောင် FlyNews ဝက်ဆိုက်ကို လုပ်တုန်းက ကျွန်တော့်အတွေ့အကြုံအပေါ် အခြေခံပြီး အစီအစဉ်တစ်ခု ကျွန်တော်ဆွဲနိုင်ပါတယ်။ ယွင်ကောကို စိတ်မပျက်စေရဘူးလို့ ကျွန်တော် အာမခံတယ်"

မူလက ထောင်မုကို နေ့လည်စာတူတူစားဖို့ခေါ်ကာ တစ်ချိန်တည်းမှာပဲ စကားစမြည်ပြောကြဖို့ ရည်ရွယ်ထားသည့် ယွင်ရိမှာ ရုတ်တရက် ဖိအားခံစားလိုက်ရသည်။ သူပြောမည့်စကားများကို ပြန်သိမ်းရင်း ပြုံးကာပြောလိုက်သည် "အဲ့ဒါဆို အစ်ကိုလည်း ပြန်ပြီး ပြင်ဆင်လိုက်မယ်။ အစ်ကိုက ဆေးကျောင်းသားဆိုပေမဲ့ အလုပ်အတွေ့အကြုံမရှိသေးဘူး။ အစ်ကို့ စိတ်ကူးတွေက သင့်တော်ပါ့မလားတောင် မသိဘူးကွ"

"သေချာပေါက် သင့်တော်ပါတယ်" ထောင်မုက ယွင်ရိ ကိုယ်တိုင်ထက် ယွင်ရိအပေါ် ယုံကြည်ချက်ရှိနေသလိုပင်။

ဒါက တရုတ်ရဲ့ အနာဂတ်အချမ်းသာဆုံးလူပဲ! ဒီဩဇာလွှမ်းမယ့် ပုဂ္ဂိုလ်ကြီး တွေးမိသမျှ စိတ်ကူးတွေက.... အခုအချိန်မှာ သင့်တော်မနေဘူးဆိုရင်တောင် တစ်ဖက်မှာ သူ့လို စီမံကိန်း ကျွမ်းကျင်သူတစ်ယောက် မရှိနေဘူးလား?

ပြန်လည်မွေးဖွားလာသော အမြှောက်စာဇာတ်ကောင်လေးWhere stories live. Discover now