လော့ရှီနှင့်ပိတ်ရက်

1.4K 191 9
                                    

[Unicode]
ပြန်လည်မွေးဖွားလာသော အမြှောက်စာဇာတ်ကောင်လေး
အပိုင်း ၀၃၉ ။ လော့ရှီနှင့်ပိတ်ရက်

လော့ယန် သည် သူ့စကားများအတိုင်း အတည်လုပ်ဆောင်ပြီး နောက်နေ့ နေ့လည်တွင် သူအစ်မနှင့် ထောင်မု အားမိတ်ဆက်ပေးခဲ့သည်။

လော့မိသားစု၏ အကြီးဆုံး လော့ရှီသည် Cambridge တက္ကသိုလ်မှ ဘွဲ့ရရှိခဲ့သည်။ အသက် 28 နှစ်ရှိပြီဖြစ်သော သူမသည် Miss Perfectတစ်ဦးဖြစ်ပြီး လှပသောအသားအရေနှင့် သူမသည်ခိုင်မာသော မိသားစုနောက်ခံရှိပြီး သူမကိုယ်တိုင်လည်း စီးပွားရေးအသိုင်းအဝိုင်းတွင် အလွန်ကျော်ကြားသူဖြစ်သည်။

ဟုတ်ပါသည်။ မျှော်လင့်ထားသလိုပဲ သူမသည်သူ့မောင်လော့ယန် နှင့်ပတ်သက်သည့် လူများအားလုံးကို မုန်းတီးပါသည်။

ထောင်မုကိုတွေ့လိုက်သောအခါတွင် သူမ၏ သဘောထားမှာ ဆိုးရွားလှသည်။

"ငါ မင်းကို ဆယ်မိနစ်ပဲ ပေးလို့ရတယ်။" လော့အဖွဲ့အစည်းနှင့် မျက်နှာချင်းဆိုင်တွင်ရှိသည့် ကော်ဖီဆိုင်တွင် မစ္စလော့သည် အရိုးရှင်းဆုံး ကော်ဖီနှင့် အသားညှပ်ပေါင်မုန့်ကို သူမရှေ့ စားပွဲပေါ်တွင် တင်ထားသည်။ မုန့်စားလျက်ပင် သူမသည် ထောင်မုအား လက်ဟန်ပြပြီး "မင်းစလို့ရပြီ။"

လော့ယန်သည် ဘေးတွင်ထိုင်ကာ အလွန်စိတ်မချမ်းမသာဖြင့် မျက်မှောင်ကြုတ်ကာ "အစ်မ နင်ငါ့ကို နေ့တိုင်း အေးစက်တဲ့ မျက်နှာနဲ့ ကြည့်တာက အဆင်ပြေပါတယ်။ ဒါပေမယ့် ငါ့သူငယ်ချင်းတွေကို‌တော့ ဒီလိုမလုပ်ပါနဲ့လား? ပြီးတော့ ထောင်မုက လီရှောင်းဟန် ငှားထားတဲ့ ပုဂ္ဂလိကရင်းနှီးမြုပ်နှံမှု အကြံပေးတစ်ဦးဆိုလည်း ဟုတ်တယ်။ ရှောင်းဟန်အတွက်တော့ သူ့အမြင်က အရမ်းအရေးကြီးတယ်။မင်းက ထောင်မု ကို ဒီလိုဆက်ဆံတာ အရမ်းလွန်နေပြီမဟုတ်လား?"

လော့ယန်မှ လီရှောင်းဟန်အကြောင်းထည့်ပြောလိုက်သည်နှင့် လော့ရှီ၏သဘောထားမှာပြောင်းသွားပြီး သူမ၏ အမူအရာမှာ အတော်လေးပြေလျော့လို့သွားသည်။  "တောင်းပန်ပါတယ် မစ္စတာထောင်၊ ငါ့ရဲ့ ခုနကအပြုအမူကို အပြစ်မတင်ပါနဲ့။ တကယ်တော့ ငါ့မောင်က သိပ်အားကိုးလို့ မရတဲ့အတွက် သူ့သူငယ်ချင်းတွေအကုန်လုံးကလည်း ဒီလိုပုံစံပဲမို့လို့ပါ။ တစ်ခါတလေမှာ အဲ့တာတွေက ငါ့ကို စိတ်အနှောင့်အယှက်ဖြစ်စေတယ်။"

ပြန်လည်မွေးဖွားလာသော အမြှောက်စာဇာတ်ကောင်လေးWhere stories live. Discover now