အပိုင်း ၀၆၂ ။ အိုဟောင်းသော အိမ်မက်

425 74 0
                                    

ပြန်လည်မွေးဖွားလာသော အမြှောက်စာဇာတ်ကောင်လေး


အပိုင်း ၀၆၂ ။အိုဟောင်းသော အိမ်မက်


ညစာမှာ ညခင်း ၉နာရီကျော်သည်ထိ ရှည်ကြာခဲ့ပြီး အားလုံးက မူးနေကြသည် ၊ အထူးသဖြင့် စုန့်တောက်ကျန့်.... ထောင်မုသည် လူအိုကြီးကို နှစ်ပေါင်းများစွာ ကြာအောင် သိကျွမ်းခဲ့ပြီး သူ နှစ်ခွက်ထက်ပိုသောက်သည်ကို သူဘယ်တော့မှ မမြင်ဖူးခဲ့။ သို့ပေမဲ့ သူက ယနေ့မှာ အားလုံးနှင့်အတူ မူးဝေကာ အကုန်လုံး သူ့အခန်းမှာ လဲလျောင်းဖို့ကူညီပေးကြသည့်အချိန်တွင် သူ့နှုတ်ကနေ တစ်ခုခုကို မူးမူးနှင့် ရေရွတ်နေသေးသည်။ ထောင်မုသည် လူအိုကြီးပြောသည်အား ခပ်သဲ့သဲ့ကြားလိုက်ရသည် "ရှောင်ဝမ်အာ"

ဂေဟာမှူးထောင်က လူအိုကြီးစုန့်၏ အဝတ်နှင့်ဖိနပ်များကို ချွတ်ပေးပြီး လှဲဖို့ကူညီပေးလိုက်ကာ သူ့ရဲ့မျက်နှာနှင့်လက်များအား သုတ်ပေးနေကျ ပုဝါကို ရေနွေးနွေးထဲ နှစ်လိုက်သည်။ အကုန်ပြီးစီးသွားသည့်နောက် သူက လူအိုကြီးစုန့် ချွတ်လိုက်သော အဝတ်ဟောင်းတွေကို ယူပြီး ထောင်မုကိုပါ အခန်းထဲကနေ ဆွဲထုတ်လာတော့သည်။

လ၏ အရောင်အဆင်းက ရေအလား။ လေပြည်ညှင်းကတော့ လန်းဆန်းလှသည်။ လရောင်က သက်တမ်းရင့် ပေါက်ပန်းဖြူပင်ဆီကနေ ကျရောက်လာပြီး ပါးလျသည့် ပိတ်ကျဲစတစ်စလိုပင် ဆိတ်ငြိမ်နေသော ခြံဝန်းကို လွှမ်းခြုံထားလိုက်သည်။ မူးနေကြသော အုပ်စုက အဆောင်ခန်းတွေဆီ အိပ်ဖို့သွားကြပြီးဖြစ်သည်။

ဂေဟာမှူးထောင်သည် လူအိုကြီးစုန့် ချွတ်ခဲ့သော အဝတ်များကို ဆေးသားတွေလွှင့်ပျယ်နေသည့် ကြွေရည်သုတ်ဘေစင်ကန်ထဲ ထည့်ကာ ပိုက်ခေါင်းအောက်ထားလိုက်သည်။ လျှော်နေရင်းဖြင့် သူကပြောသည် "အဲ့ဒီ ဝမ်အာလေးဆိုတာက စုန့်အဘိုးကြီးပြောဖူးတဲ့ စောစောဆုံးသွားခဲ့တဲ့သူ့ရဲ့သားလေ။ သူ့နာမည်က စုန့်ယွင်ဝမ်။ သူက အတိတ်အကြောင်း ဘယ်တော့မှ သိပ်မပြောတတ်ဘူး။ ဒါပေမဲ့ ဒီနေ့သူမူးနေတော့ ခံစားချက်တွေပိုများနေတယ်ထင်ပါတယ်"

ပြန်လည်မွေးဖွားလာသော အမြှောက်စာဇာတ်ကောင်လေးWhere stories live. Discover now