အပိုင်း ၀၀၁ ။ ရက်စက်ယုတ်မာသည့် အမြှောက်စာဇာတ်ကောင် (၂)

4.4K 487 3
                                    

[Unicode]
ပြန်လည်မွေးဖွားလာသော အမြှောက်စာဇာတ်ကောင်လေး

အပိုင်း ၀၀၁ ။ ရက်စက်ယုတ်မာသည့် အမြှောက်စာဇာတ်ကောင် (၂)

"မင်းပျော်ပျော်နေရမယ်နော်!"

"ရှန်းယွီ မင်းက အကောင်းဆုံးအရာတွေကိုသာ ထိုက်တန်တယ်!"

"ယန်ရှန်း ငါတို့မင်းသားလေးကို ကောင်းကောင်းစောင့်ရှောက်ရမယ်နော်!"

“……”

ဆွေမျိုးများ ။ သူငယ်ချင်းများ ။ ပရိသတ်များ၏ စိတ်ရင်းဖြင့် ကောင်းချီးအစုစုနှင့်အတူ သိမ်မွေ့နူးညံ့ကာ ရည်မွန်ကြော့ရှင်းပါသည့် အထက်တန်းလွှာမှ အကောင်းဆုံးမင်းသားဆုရှင်သစ်မှာ နတ်သမီးပုံပြင်များဆီက မင်းသားငယ်လေးလိုပင် ။ ထိုမင်းသားငယ်လေးမှာ တောက်ပစွာပြုံးရင်းနှင့် လက်မောင်းတစ်ဖက်အား မိမိ၏လက်တွဲဖော်ထံသို့ ချိတ်ဆွဲလိုက်လေသည် ။ တစ်ပြိုင်နက်တည်းပင် ချောမောရင့်ကျက်သော ယန်ရှန်းသည် ခေါင်းကိုငုံ့လိုက်ရင်း သူ့ဘဝ၏ ချစ်ခြင်းလေးထံ ကြင်နာစွာကြည့်လိုက်သည် ။

နှစ်ယောက်သား၏ တစ်ယောက်မှတစ်ယောက်ထံ ပြုံးလိုက်ပုံမှာ မီဒီယာသတင်းထောက်များ၏ ကြိုဆိုမှုနှင့်အတူ ဓာတ်ပုံမှတ်တမ်းတင်ခံရသည် ။ ဤမြင်ကွင်းက နောက်ရက်အနည်းငယ်အတွင်း ပြည်တွင်းအနုပညာကဏ္ဍများ၏ ခေါင်းကြီးပိုင်းများ၌ နေရာယူထားလိမ့်မည်မှာ အံ့အားသင့်စရာမလို ။ သို့စေကာမူ ဤအသစ်စက်စက်မင်္ဂလာမောင်နှံသည် သူငယ်ချင်းများ ။ မိသားစုများနှင့် ပရိသတ်များခြံရံလျက် ကော်ဇောနီပေါ် ဖြည်းညင်းစွာ လျှောက်လှမ်းလာနေစဉ်တွင်.. ။ ကျယ်လောင်သောအသံတစ်ခုက သူတို့ရှေ့ရှိ ပျော်ရွှင်ချိုမြဖွယ် လေထုကို ချိုးဖြတ်လိုက်လေတော့သည် ။

လှမ်းနေသော ခြေလှမ်းများနှင့် နီးကပ်လွန်းစွာ အဖြူရောင်ဝတ်ဆုံဝတ်ဆင်ထားသော သဏ္ဍာန်တစ်ခုသည် ကောင်းကင်မှပြုတ်ကျလာခဲ့ပြီး ကော်ဇောနီကို ရိုက်ခတ်မိတော့သည် ။ ဂရုတစိုက် တွက်ချက်ထားပုံနှင့် အကွာအဝေးမှာ ပြီးပြည့်စုံလွန်းလှသည် ။ သိပ်မကြာမီ ကော်ဇောနီထက်ပို တောက်ပနီရဲသော သွေးတို့သည် အိုင်ထွန်းကာ ကျယ်ပြန့်လာတော့သည် ။ ထို့နောက် ထိုထိတ်လန့်ဖွယ်အနီရောင်သည် မူလဝတ်ဆုံအဖြူရောင်ဆီသို့ စွန်းထင်သွားသည် ။ ဘယ်နေရာကိုပဲကြည့်ကြည့် ဤသည်မှာ မတိုင်မီက အသက်ရှိနေခဲ့သောလူတစ်ယောက်၏ မိမိဘဝကို အရက်စက်ဆုံးနည်းလမ်းဖြင့် အဆုံးသတ်သွားခြင်းဖြစ်ကြောင်း သက်သေပင်ဖြစ်သည် ။

ပြန်လည်မွေးဖွားလာသော အမြှောက်စာဇာတ်ကောင်လေးWhere stories live. Discover now