ပြန်လည်မွေးဖွားလာသော အမြှောက်စာဇာတ်ကောင်လေးအပိုင်း ၀၈၄ ။ လူဖြစ်အောင် သင်ပေးမည် အပိုင်း(၁)
ပြတ်သားသောအသံနှင့်အတူ တစ်စုံတစ်ယောက်မှ ကြယ်ငါးပွင့်ဟိုတယ်အမှတ်တံဆိပ်ပါ လှပသောလက်ဖက်ရည်ခွက်ကို တန်ဖိုးကြီးသည့် ကြွေပြားများပေါ်တွင် တစ်စစီ ကွဲကြေသွားသည်အထိ လွှင့်ပစ်ခဲ့သည်။
"ဘာအာရုံတွေ လာစားနေတာလဲ!" ပြင်ပလူများရှေ့တွင် ယောင်ရှန်အန်းသည် ကောင်းမွန်သောလူပုံစံဖြင့် မိမိကိုယ်ကို အမြဲနှိမ့်ချခဲ့သည်။ ယခုမူ သူ၏ပါးပြင်ရှိ ကြွက်သားများသည် ပြင်းထန်စွာ လှုပ်ယမ်းကာ ကျိန်ဆဲရင်း သွားများကို အံကြိတ်၍ "ဒီ ထောင်မုက ငါ့ကို အာခံဖို့တောင် အင်အားတွေရှိနေပြီပဲ"
"အဖိုး" ယောင်ဝမ်ရှောင်း တုံ့ဆိုင်းသွားသည်။ သူသည် ယောင်ရှန်အန်း၏ အချစ်ဆုံးမြေးဖြစ်သည်။ သူ့ကိုမွေးသည့်အချိန်တွင် ရှန်အန်းအုပ်စုသည် ရှန်ဟိုင်းမှာရှိသည့် ကော်ပိုရေးရှင်းကြီး အနည်းငယ်ထဲက တစ်ခုသာဖြစ်ပြီး ယောင်ရှန်အန်းသည် ရှန်ဟိုင်းတွင် နာမည်ကြီး စွန့်ဦးတီထွင်သူလည်း ဖြစ်ပါသည်။ ထုံးစံအတိုင်း ယောင်ရှန်အန်း၏ အတိတ်အကြောင်းကို မည်သူကမျှ ယောင်မိသားစုရှေ့တွင် မပြောခဲ့ပေ။
ထို့ကြောင့် ယောင်ဝမ်ရှောင်းသည် စုန့်မိသားစုလက်အောက်တွင် လေ့လာသင်ယူခဲ့သည့် ယောင်ရှန်အန်း၏အတိတ်ကို မသိရှိပဲ စုန့်မိသားစုကို ပျက်စီးစေခဲ့သည်။
"..... ထောင်မု အင်တာနက်မှာ ပြောခဲ့တဲ့ သတင်းက အမှန်ပဲလား?" နောက်ဆုံးတွင်
ယောင်ဝမ်ရှောင်းသည် တုံ့ဆိုင်းစွာဖြင့် မေးလိုက်သည်။
"ဘာလို့လဲ?" ယောင်ရှန်အန်းသည် ဒေါသတကြီးဖြစ်ကာ ယောင်ဝမ်ရှောင်း ရှေ့တွင်ပင် သူ၏ခံစားချက်များကို လွတ်လွတ်လပ်လပ် ထုတ်ဖော်ပြောဆိုခဲ့သည်- "အရင်တုန်းက ငါလုပ်ခဲ့တာတွေအတွက် အခု မင်းက အဖိုးကို လာရှုံ့ချချင်နေတာလား?"
ထိုကဲ့သို့ ပြင်းထန်လွန်းသော ဒေါသနှင့်ရင်ဆိုင်လိုက်ရသည့်အခါ ယောင်ဝမ်ရှောင်း မသိစိတ်ထဲတွင် လန့်သွားခဲ့သည်။ ဒေါသကြီးသည့် ခြင်္သေ့တစ်ကောင်ကဲ့သို့ ပြုမူနေသော ယောင်ရှန်အန်းကို ကြည့်ရင်း ယောင်ဝမ်ရှောင်းသည် ခေါင်းခါလိုက်သည်။ အလျင်အမြန်ပင် သူသည် "အဲ့လို မဟုတ်ရပါဖူး။ ဒီလိုမျိုး ထောင်မုက ထုတ်ဖော်လိုက်တဲ့အခါ ကျွန်တော်တို့ဖက်မှာ အရမ်းအထိနာသွားလိမ့်မယ်လို့ ထင်တယ်။ ဒါ့အပြင် တခြားသူတွေ မသိမှာကို ကြောက်ပြီး သူက အထူးအစီအစဉ်အဖြစ်တောင် ပြောင်းလဲထားခဲ့တာ။ အခုအင်တာနက်အသုံးပြုသူအများစုကလည်း ပရိုဂရမ်ကြောင့် အရမ်းစိတ်လှုပ်ရှားနေကြတယ်။ ရှန်အန်းအုပ်စုလက်အောက်မှာရှိတဲ့ ဟိုတယ်တွေနဲ့ စားသောက်ဆိုင်တွေကို သပိတ်မှောက်ဖို့ အားလုံးက ပြောဆိုနေကြပြီ။ ဒါ့အပြင် ရှန်အန်းအုပ်စုရဲ့စတော့စျေးနှုန်းတွေလည်း နှစ်ဆကျဆင်းသွားခဲ့ပြီ။ ရာခိုင်နှုန်းကျဆင်းမှုကြောင့် ဟိုတယ်နဲ့ စားသောက်ဆိုင်တွေရဲ့ စီးပွားရေးအခြေနေက တော်တော်ဆိုးနေပြီ။ ဒီအခြေအနေတွေက ကျွန်တော်တို့အတွက် ဘယ်လိုမှအဆင်မပြေဘူး။"

YOU ARE READING
ပြန်လည်မွေးဖွားလာသော အမြှောက်စာဇာတ်ကောင်လေး
RomanceName -恶毒炮灰重生以后 English Name - After The Vicious Cannon Fodder Was Reborn Author - BaYeDang Genre - Drama, Romance, Shounen Ai Chapters - 293 + 5 extras ငယ်စဉ်ကလေးဘဝကတည်းက မိဘမဲ့ဂေဟာမှာ ကြီးပြင်းလာခဲ့တဲ့ Tao Mu က သူ့ဘဝဟာ ဇာတ်ညွှန်းမှားကောက်မိလို့ ဖြစ...