အပိုင်း ၀၀၂ ။ ဒရာမာ

4.3K 480 4
                                    

[Unicode]
ပြန်လည်မွေးဖွားလာသောအမြှောက်စာဇာတ်ကောင်လေးအပိုင်း ၀၀၂ ။ဒရာမာ

"ဘယ်လိုလုပ်ပြီး အခုမှပြန်လာရတာလဲ! နေ့လည်စာထမင်းဘူးတွေအကုန်ဝေပြီးသွားပြီ! " အဖွဲ့၏ ပစ္စည်းအသုံးအဆောင်များအပြည့်ပုံထားသည့် ထောင့်ကလေးတွင် တမောက်နှင့် ရှောင်ဖန်းမှာ နံရံ၏အရိပ်ရသည့်ထောင့်ကလေးနား ဆောင့်ကြောင့်ထိုင်နေရင်း ထောင်မုထံ လက်လှမ်းပြကာ အပြုံးနှင့်ပြောသည် "ကံကောင်းလို့.. ငါတို့ မင်း ထမင်းဘူးရအောင်ယူပေးထားတယ်"

ရှောင်ဖန်းက ကြယ်ငါးပွင့်ဟိုတယ်တံဆိပ်ကပ်ထားသည့် ထမင်းဘူးကို ထောင်မုထံ လှမ်းပေးလိုက်သည် ။ ပြည့်ဖောင်းနေသည့် သူ့မျက်နှာက ပျော်ရွှင်နေသည့် အမူအရာပြနေသည် ။ "ဒီနေ့ကလည်း မင်းသားလေးရဲ့မွေးနေ့တဲ့ ။ သူ့မွေးနေ့ကိုဂုဏ်ပြုဖို့ဆိုပြီး သူ့မိသားစုက ဒီနေ့နားဖို့လာခေါ်သွားတာ ။ မင်းသားလေးက သူ့မန်နေဂျာကို ကြယ်ငါးပွင့်ဟိုတယ်တွေကနေ ဈေးကြီးတဲ့ပါဆယ်တွေမှာခိုင်းထားသေးတယ် ။ ပြီးတော့ နောက်ခံအပိုလူတွေတောင် ဒီလိုအရည်အသွေးမြင့် နေ့လည်စာဘူးရတယ်"

မင်းသားငယ်လေးဆိုသည်မှာ ဤဇာတ်လမ်းတွဲ၏ အမျိုးသားဇာတ်လိုက် ရှန်းယွီကို အားလုံးကပေးထားသည့် နာမည်တစ်ခုဖြစ်သည် ။ အဘယ်ကြောင့်ဆိုသော် သူက အမှန်တကယ်ကို ရွှေဇွန်းကိုက်၍မွေးလာသော မင်းသားတစ်ပါးဖြစ်သည်မို့ ။ သိမ်မွေ့နူးညံ့သည့်သွင်ပြင်နှင့် ရည်မွန်လှသည့် အမူအကျင့်တွေနှင့်ပေါ့ ။ အရေးကြီးဆုံးကတော့ သူ၏စရိုက်လက္ခဏာမှာ နတ်သမီးပုံပြင်များဆီမှ အစစ်အမှန်မင်းသားတစ်ပါးလို ကြင်နာတတ်ပြီး နှစ်လိုဖွယ်ရာကောင်းသောကြောင့်ဖြစ်သည် ။

မတိုင်ခင်ဘဝက ရှန်းမိသားစုရဲ့ စကားကို သုံးပြီး တန်ဖိုးဖြတ်ရမည်ဆိုလျှင် ဒေါသအိုးဖြစ်ကာ ကျိုးကြောင်းစီလျော်မှုမရှိသည့် အကြံသမား ထောင်မုနှင့်ယှဉ်ပါက သူတို့နှစ်ယောက်မှာ အစွန်းနှစ်ဖက်ရှိသူများဖြစ်သည်မှာ အမှန်ပင် ။

ထောင်မုက တမောက် လက်ထဲရှိ နေ့လည်စာဘူးကို ခံစားချက်မရှိစွာ ကြည့်လိုက်သည် ။ အထူးသဖြင့် ယခုတလော သူ ဆိုးရွားသောကာလကို ဖြတ်သန်းနေရသည် ။ အိပ်ချိန်များတွင် အများအားဖြင့် ဖြစ်သည် ။ အမြဲတမ်း အမျိုးမျိုးသော ပုံရိပ်တွေနှင့် အသံများက သူ့ခေါင်းထဲ ရှင်းမပြနိုင်စွာ ပေါ်လာပြီး အဲ့ဒါက သူ့ကိုရူးသွပ်သွားစေတော့မလိုပင် ။

ပြန်လည်မွေးဖွားလာသော အမြှောက်စာဇာတ်ကောင်လေးWhere stories live. Discover now