ပြန်လည်မွေးဖွားလာသော အမြှောက်စာဇာတ်ကောင်လေး
အပိုင်း ၀၆၅ ။ ဘဝဟာပြဇာတ်တစ်ပုဒ်အလား
"အစ်ကိုကြီး!"
ရှန်းယန်နှင့် ရှန်းယွီ မောင်နှမနှစ်ယောက် ရှန်းချန်၏ အခန်းထဲ ဝင်သွားလိုက်သည့်အချိန်တွင် ရှန်းချန်က သူ့လက်တော့၌ ဗီဒီယိုတစ်ပုဒ်ကို ကြည့်နေခဲ့သည်....ထိုဗီဒီယိုက FlyNews ရုံးချုပ်၌ ရှန်းမိသားစုမှ ဆူညံပွက်လောရိုက်နေစေသည့် မြင်ကွင်း၏ ဗီဒီယိုဖြစ်သည်။
တိတ်ဆိတ်နေသော အခန်းထဲတွင် အသံတစ်ခုမှမရှိ။ ရှန်းယန်၏ စူးရှမြင့်မားကာ ခက်ထန်သော အသံတစ်ခုတည်းကသာ လက်တော့မှ ထွက်ပေါ်နေသည်။ ရှန်းယန်၏ နားရွက်များက ရဲသွားပြီး သူက ရှန်းယွီ အား ကြောက်ကြောက်လန့်လန့်နှင့် ပိုဖက်တွယ်တော့သည်။
ရှန်းယွီက မျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်ပြီး ထပ်ခေါ်လိုက်သည် "ကိုကို"
ရှန်းချန်က မော့ကြည့်သည်။ သူ၏ လက်ညှိုးသွယ်သွယ်နှင့် spacebar ကို ထိနှိပ်လိုက်ပြီး ဗီဒီယိုကို ခဏရပ်လိုက်သည်။
"ငါအရမ်းသိချင်မိတယ်" ရှန်းချန်က စားပွဲနောက်ရှိ သားရေဆုံလည်တွင် ထိုင်ကာ စားပွဲပေါ် သူ့လက်တွေကို ယှက်တင်ထားပြီး နက်ရှိုင်းသည့်အသံဖြင့်မေးလာသည် "မင်း ထောင်မုကို မုန်းတာလား?"
ရှန်းယန်က ထိတ်ပျာသွားပြီး မြန်မြန်ဆန်ဆန်ရှင်းပြတော့သည် "သူ ညီမတို့ကို အရင်ဆုံးမုန်းတာ။ ရှောင်ယွီက သူ့အပေါ် အရမ်းကောင်းတယ်၊ သူနဲ့လည်း သူငယ်ချင်းအရမ်းလုပ်ချင်နေပေမဲ့ သူက အသိအမှတ်ပြုပေးရကောင်းမှန်းတောင် မသိဘူး။ ဒီလိုလူစားမျိုးက မုန်းဖို့မကောင်းဘူးလား?"
"မင်းပြောချင်တာက အင်တာနက်မီဒီယာကုမ္ပဏီတစ်ခုရဲ့ CEO ကို လူမြင်ကွင်းမှာ ကြိမ်းမောင်းပြီး သူ့အတွက် ခက်ခဲအောင်လုပ်တာကိုပြောတာလား။ ဒီလူက မင်းရဲ့မောင်လေးကို အသိအမှတ်မပြုဘဲ သူနဲ့သူငယ်ချင်းမဖြစ်ချင်တာကြောင့်နဲ့ မင်းရဲ့ကိုယ်ပိုင် ယဉ်ကျေးတဲ့အပြုအမူတွေကိုတောင် မေ့တဲ့အထိတောင်လား?" ရှန်းချန်က မျက်ခုံးပင့်လိုက်ပြီး သူ့ရဲ့မျက်ဝန်းနက်များမှာ ရှန်းယန်ကို ထိုးဖောက်မြင်နေနိုင်သည့်အလား စိုက်ကြည့်နေသည်။

YOU ARE READING
ပြန်လည်မွေးဖွားလာသော အမြှောက်စာဇာတ်ကောင်လေး
RomanceName -恶毒炮灰重生以后 English Name - After The Vicious Cannon Fodder Was Reborn Author - BaYeDang Genre - Drama, Romance, Shounen Ai Chapters - 293 + 5 extras ငယ်စဉ်ကလေးဘဝကတည်းက မိဘမဲ့ဂေဟာမှာ ကြီးပြင်းလာခဲ့တဲ့ Tao Mu က သူ့ဘဝဟာ ဇာတ်ညွှန်းမှားကောက်မိလို့ ဖြစ...