Bullet Screen စတင်ခြင်းနှင့် တုံ့ပြန်မှု

740 112 0
                                    

ပြန်လည်မွေးဖွားလာသော အမြှောက်စာဇာတ်ကောင်လေးအပိုင်း၀၅၅ ။ Bullet Screen စတင်ခြင်းနှင့် တုံ့ပြန်မှု

".....ကောင်းပါပြီဗျာ၊ ကောင်းပါပြီ၊ ကျေးဇူးအများကြီး တင်ပါတယ်ဗျ မစ္စတာကောင်းအပေါ် ကျွန်တော့်ရဲ့ ကျေးဇူးတင်မှုကို သိရှိစေဖို့ အစ်ကို့ကိုပဲ ဒုက္ခများစေရတော့မှာပဲ။ ကျေးဇူးအများကြီးတင်ပါတယ်" ထောင်မုက မကြည်မလင်ဖြစ်နေသောအမူအရာဖြင့် ဖုန်းချလိုက်သည်။ သူ့မျက်လုံးတွေကို အနည်းငယ်ကျဉ်းမြောင်းရင်း မျက်ဝန်းများက မှောင်မိုက်ပြီး နက်ရှိုင်းနေသည်။ အကွက်ချကြံစည်ဖို့ အချိန်မရသေးခင် နောက်တစ်စက္ကန့်မှာပဲ ထုဆစ်ပုံဖော်ထားဟန် ချောမောလှသည့်မျက်နှာမှာ လက်တစ်စုံဆီကနေ ပေါင်မုန့်လုံးလေးသဖွယ် ဖျစ်ညစ်ခံလိုက်ရလေသည်။

"ခွေးပေါက်လေးက ငယ်သေးတော့ ခါးသီးနာကျည်းပြီးတော့ အမုန်းတရားတွေပြည့်နေတဲ့ မျက်နှာမျိုးပဲ အမြဲထားနေတယ်!" မုံ့ချီက သူ့လက်တွေကို ဆန့်ထုတ်လိုက်ပြီး သူတို့ခွေးပေါက်လေး၏ ပါးအား အားရပါးရပွတ်သပ်လိုက်သည်။ အသားအရည်က အမှန်တကယ်ကို မဆိုးလှ။ နူးညံ့ချောမွတ်နေကာ အတော်လေး ကျုံ့နိုင်ဆန့်နိုင်စွမ်းရှိသည်။

မုံ့ချီမှာ မအောင့်နိုင်ဘဲ သူ့လက်တွေကို ထပ်ဆန့်ထုတ်လိုက်ပြန်သည်။

"အစ်ကိုရှောင်ချီ" ထောင်မုက ကူရာမဲ့စွာ အော်လိုက်ရသည်။

"အိုင်း~" မုံ့ချီက အလွန်အမင်းပျော်ရွှင်စွာ ပြန်ဖြေသည်။ ပျော်ရွှင်နေမှုက သူ့အသံမြင့်မြင့်ထဲ သိသိသာသာထင်ရှားနေသည်။

"ထပ်မနောက်ပါနဲ့တော့၊ ကျွန်တော် လုပ်ငန်းအကြောင်းပြောချင်တယ်" ထောင်မုက သည်လိုပြောလိုက်သည်ဆိုသော်ငြား သူက ဆိုဖာမှာထိုင်နေဆဲဖြစ်ကာ မုံ့ချီအားလည်း သူ့ပါးတွေကို ညစ်ခွင့်ပေးထားဆဲဖြစ်သည်။ သူက အမြဲဤအတိုင်းပင်၊ သူ့မိသားစုနှင့် သူနှင့်ရင်းနှီးသည့် သူငယ်ချင်းများအရှေ့ဆို မယုံကြည်နိုင်လောက်အောင် ကျိုးနွံသိမ်မွေ့သည်။

"ဟုတ်ပါပြီ ပြော" သေချာပေါက် မုံ့ချီက ထောင်မု၏ ဤအထူးသီးသန့် အကျင့်ကို သိသည်မို့ လက်ဆန့်ထုတ်ပြီး သူ့ဆံပင်ကို ပွတ်သပ်ပေးလိုက်ကာ အပြုံးနှင့်ပြန်ဖြေလိုက်သည်။

ပြန်လည်မွေးဖွားလာသော အမြှောက်စာဇာတ်ကောင်လေးWhere stories live. Discover now