အပိုင်း ၀၆၃ ။ တန်ပြန်တိုက်ခိုက်မှုနှင့် စစ်ပြေငြိမ်းဖို့တောင်းဆိုခြင်း

599 81 1
                                    

ပြန်လည်မွေးဖွားလာသော အမြှောက်စာဇာတ်ကောင်လေး


အပိုင်း ၀၆၃ ။တန်ပြန်တိုက်ခိုက်မှုနှင့် စစ်ပြေငြိမ်းဖို့တောင်းဆိုခြင်း


"မုကော၊ မင်းက နည်းနည်းတော့များသွားပြီနော်! ဒီလိုကိစ္စအကြီးကြီးကိုတောင် ငါတို့ကို ကြိုမပြောဘူး။ ငါတို့လည်း မင်းရဲ့ ဂုဏ်ပြုပွဲဝိုင်ကို တကယ်သောက်ချင်...."

ရှောင်ဖန်း သူ့စကားသူအပြီးမသတ်နိုင်ခင်မှာပဲ သူ့ရဲ့ခေါင်းလုံးလုံးက ထောင်မု၏ လက်ဆစ်များနှင့် ခပ်ပြင်းပြင်းခေါက်ခံလိုက်ရသည်။ သည့်နောက် သူက ချက်ချင်း သူ့လေသံသူပြင်ကာ ပြောလာသည် "ကျွန်တော်ပြောတာ၊ ကျွန်တော်တို့လည်း အစ်ကို အဖေနဲ့ အဘိုးကို အသိအမှတ်ပြုဖို့ ဘယ်လိုဝိုင်ဆက်လဲ ကိုယ်တိုင်မျက်မြင်ကြည့်ချင်တာပေါ့လို့"

"မင်း အခုမြင်ပြီမဟုတ်ဘူးလား" ထောင်မုသည် သူခိုးကျင့်သူခိုးကြံ ပြုံးနေသည့် သူ၏ ငယ်သူငယ်ချင်းကိုကြည့်ကာ အကူအညီမဲ့စွာဖြင့် ရှင်းပြရတော့သည် "ငါနည်းနည်းထွေနေခဲ့တာ။ အဲ့တာနဲ့ ငါအကုန်လုံးကို အကြောင်းကြားဖို့ မစဉ်းစားခဲ့မိဘူး" ထို့အပြင် ဤကဲ့သို့ကိစ္စမျိုးကို အကြောင်းကြားနိုင်စရာအကြောင်းမရှိပေ။ အကုန်လုံးကို ဖိတ်စာပို့ပြီး ကျွန်တော့်အဖေကို အသိအမှတ်ပြုဖို့လို့ပြောရမှာလား? ထူးဆန်းနေတာကြီးကို။

တမောက်က ခံစားချက်ပြင်းပြစွာဖြင့် သူ့လက်မောင်းတွေကို ထောင်မု ပခုံးပေါ်တင်လိုက်သည် "ငါသိပါတယ်။ မင်းကို အပြစ်မတင်ပါဘူး"

သူတို့နှစ်ယောက်လုံးက ထောင်မုနှင့်အတူ ကြီးပြင်းခဲ့ကြသည်။ သေချာပေါက် ထောင်မုက ဘာမှမပြောပေမဲ့ သူအမြဲတမ်း မိဘနှင့်မိသားစုရှိသည့် သူများကို အားကျနေခဲ့ကြောင်း သူတို့သိသည်။ သည်အတွက် ထောင်မုအတွက် သည်ဖြစ်စဉ်က ဘယ်လောက်တောင် တုန်လှုန်သွားစေမလဲအားလည်း သူတို့နားလည်နိုင်သည်။ သူတို့ကို တမင်တကာမပြောသည်ကတော့ ထောင်မု အတွက်မဖြစ်နိုင်။ အခုလတ်တလောမှာ ကိစ္စတွေအများကြီးဖြစ်ပျက်နေတာကြောင့်ဟုသာ ပြောရမည်။ အမြဲတမ်း ပြောဆိုဆက်ဆံသည့်နေရာမှာ တော်သော ဂရုတစိုက်ရှိသည့် မုကောကတောင် မလွဲမရှောင်နိုင်ဘဲ ချန်လှပ်ထားသည့်ကိစ္စတချို့ရှိလာသည်ပင်။

ပြန်လည်မွေးဖွားလာသော အမြှောက်စာဇာတ်ကောင်လေးWhere stories live. Discover now