[Unicode]
ပြန်လည်မွေးဖွားလာသော အမြှောက်စာဇာတ်ကောင်လေး
အပိုင်း ၀၀၃ ။ အသက်ရှူမှားလောက်ဖွယ် (၂)ထောင်မုက "ဘယ်သဘောတူညီမှုမဆို အချိန်ကန့်သတ်ချက်ရှိနတယ်။ ကျွန်တော် ခင်ဗျားနဲ့တချိန်လုံးမကစားနိုင်ဘူး"
"ဒါဆိုရင် ဒီည မင်းရှုတင်မပြီးခင်ထိ" လော့ယန်က သူ့လက်ကိုမြှောက်လိုက်ပြီး လက်ကောက်ဝတ်ရှိ မီလီယမ်ချီတန်သည့် အရေအတွက်အကန့်အသတ်နှင့် နာရီကို ကြည့်လိုက်သည် "ငါ ခုလေးတင် မင်းရဲ့ရိုက်ကွင်းအချိန်ဇယားကိုကြည့်လိုက်တာ။ ညဆယ်နာရီမှာပြီးမယ့် ဇာတ်ဝင်ခန်းနှစ်ခန်းရှိတယ်ဟုတ်?"
ထောင်မုက အဝကျယ်သော ဝတ်ရုံလက်အောက်တွင် လက်သီးကျစ်ကျစ်ဆုပ်လိုက်သည်။ သို့သော်လည်း သူ့မျက်နှာမှာ တည်ငြိမ်နေဆဲပင် "ကောင်းပြီ"
လော့ယန်က ထောင်မု၏ ဂရုမစိုက်ဟန် ကြည်လင်နေဆဲဖြစ်သည့် မျက်နှာအသွင်အပြင်ကို ကြည့်လိုက်ရင်း ခြေတံရှည်နှစ်ဖက်နှင့် ထောင်မုထံ ဖြေးညှင်းစွာချဉ်းကပ်လိုက်သည်။ သူ့ဟန်ပန်မှာ သူ့ရဲ့ယောက်ျားသိက္ခာတရားကိုကာကွယ်စောင့်ကြပ်နေသည့် ခြင်္သေ့တစ်ကောင်၏ကြိုးပမ်းခြင်းလိုပင်။ "မပူပါနဲ့၊ ငါတို့စောစောရပ်လည်းရတယ်နော်။ ဥပမာအနေနဲ့ မင်းထပ်မခံနိုင်တော့ဘူးဆိုရင်.. မင်းဘက်ကနေ အရင် ငါ့ကို မင်းကိုလွှတ်ပေးဖို့ တောင်းပန်တာမျိုးပေါ့"
ထောင်မုက လော့ယန်ထံ အမူအရာမရှိစွာ ကြည့်သည် ။ ထို့နောက် လော့ယန်ကိုကျော်ကာ စတူဒီယိုထဲဝင်သွားသည် ။
ဒါရိုက်တာခုံကို ပြန်ရောက်လာသော ဒါရိုက်တာချန်သည် သက်ပြင်းချကာ စက်အဖွဲ့ထံ ဝိုင်ယာတွေကူညီဆင်ပေးဖို့ ဝှေ့ယမ်းပြလိုက်သည်။
လော့ယန်က တစ်ဖက်မှာရပ်ကာ လက်မောင်းတွေကိုချိတ်လိုက်ပြီး တည်တည်ငြိမ်ငြိမ်နှင့် သတိပေးလာသည် "ကင်မရာစလှိမ့်ဖို့လည်းမမေ့နဲ့နော်။ ဒီနေ့ ဒီအခန်းကို သေချာရိုက်ရမယ်။ ထောင့်တွေအကုန်လုံးကနေ အနီးကပ်ရိုက်ချက်တွေကို ကျွန်တော်အမှတ်တရသိမ်းထားမှာ"
တခဏရပ်သွားပြီးနောက် ရင်းနှီးမြှုပ်နှံသူတစ်ယောက်အဖြစ် သူ့နေရာသူမမေ့ပေ။ သူကအထင်သေးဟန်နှင့်ပြောလိုက်သည် "အကုန်လုံး အလုပ်ကြိုးစားကြရမယ်နော်။ အလုပ်ကောင်းကောင်းလုပ်ပြီးရင် ကျွန်တော် ကြက်ပေါင်တစ်ပေါင်စီထပ်ထည့်ပေးဖို့ မေ့မှာမဟုတ်ဘူး။"

YOU ARE READING
ပြန်လည်မွေးဖွားလာသော အမြှောက်စာဇာတ်ကောင်လေး
RomanceName -恶毒炮灰重生以后 English Name - After The Vicious Cannon Fodder Was Reborn Author - BaYeDang Genre - Drama, Romance, Shounen Ai Chapters - 293 + 5 extras ငယ်စဉ်ကလေးဘဝကတည်းက မိဘမဲ့ဂေဟာမှာ ကြီးပြင်းလာခဲ့တဲ့ Tao Mu က သူ့ဘဝဟာ ဇာတ်ညွှန်းမှားကောက်မိလို့ ဖြစ...