လူရွေးပွဲ (၂)

2.2K 333 3
                                    

[Unicode]
ပြန်လည်မွေးဖွားလာသော အမြှောက်စာဇာတ်ကောင်လေး
အပိုင်း ၁၇ ။ လူရွေးပွဲ (၂)

"သရုပ်ဆောင်ပုံက တော်တော်ကောင်းတယ်။"  ထောင်မု၏ ပုံစံကိုအားလုံးမြင်ဖူးသည့်  ဒါရိုက်တာကြီးသည် သူ၏သရုပ်ဆောင်မှုကို အလွန်ကျေနပ်နေပြီး "မင်းက နောက်ခံစတန့်မန်းလုပ်ပြီး ကိုယ်ခံပညာကို ဘယ်လိုသုံးရမလဲဆိုတာ သိတယ်ဆိုတဲ့အကြောင်းကို ခယ်ပင်း ပြောပြလို့ ကြားဖူးတယ်။ စတန့်ပေါင်းစပ်ညှိနှိုင်းရေးမှူးကို အရင်သွားစကားပြောချည် နောက်မှ  လူရွေးပွဲလုပ်တဲ့အခါ ရုပ်ရှင်မှာပါတဲ့ အကွက်တွေလုပ်ကြမယ်"

ထောင်မုသည် ခေါင်းညိတ်ပြပြီး စတန့်ညှိနှိုင်းရေးမှူးထံ သွားခဲ့သည်။

"သူရဲကောင်းတို့၏ဒဏ္ဍာရီ" တွင် စတန့်ညှိနှိုင်းရေးမှူးများနှင့် ကကွက်ဆရာများအဖွဲ့သည် ကျောက်ရှင်း၏ကိုယ်ပိုင်အဖွဲ့ဖြစ်သည်။ စတန့်ညှိနှိုင်းရေးမှူးချုပ် သွမ့်ယွီဖုန်းသည် ကျောက်ရှင်း၏ ပထမဆုံးရုပ်ရှင်ကို ရိုက်ကူးပြီးကတည်းက သူ့အနားမှာရှိနေသောကြောင့် သူ့အဖော်ဟောင်းလို့ ပြောလို့ရပါသည်။ ထောင်မု ကိုမြင်ပြီးနောက် သူသည် ပြုံးပြီး နှုတ်ဆက်သည်  " တိမ်စိုင်ခရမ်းပြာမှာ မင်းရဲ့ဖျော်ဖြေမှုကို ငါမြင်ဖူးတယ်။ အဲ့တာက တကယ်ကို ကြည့်လို့ကောင်းတယ်။ ‘သူရဲကောင်းတို့၏ဒဏ္ဍာရီ’ မှာလည်း မင်းဒီအခြေအနေကို ထိန်းသိမ်းနိုင်မယ်လို့မျှော်လင့်ပါတယ်။"

သူပြောသည့်အတိုင်း ဝူမင်၏ လက်နက်ကိုပေးအပ်လိုက်သည်။

ဤပျော့ပျောင်းသည့်အစိမ်းရောင်စပါးအုံးမြွေဓားကို ၀န်ထမ်းများမှ ‘သူရဲကောင်းတို့၏ဒဏ္ဍာရီ’တွင် ဖော်ပြထားသည့်အချက်အပေါ် အခြေခံ၍ အထူးဖန်တီးထားသည်။ အဆိုပါ လက်နက်သည် ကျောက်စိမ်းနှင့် တုပထားသည့်အစေးထွက်ပစ္စည်းဖြစ်သောကြောင့် အရည်အသွေးမြင့်ကျောက်စိမ်း၏ ကြည်လင်သော မြစိမ်းရောင်အသွင်အပြင်ဖြစ်သည်။ ဓားကိုယ်ထည်မြွေအကြေးခွံပုံသဏ္ဌာန် ထွင်းထုထားပြီး ဓားလက်ကိုင်နေရာတွင် မြွေပွေးအမြီးဖြစ်ပြီး ခက်ထန်သည့်မြွေခေါင်းတွင် အဆုံးသတ်သည်။ လက်မောင်းကိုရစ်ပတ်လိုက်သည့်အခါ ဦးခေါင်းနဲ့ အမြီးသည် ဆက်စပ်နေပါသည်။ နေရောင်အောက်တွင် အစိမ်းရောင်တောက်တောက်သည် ပြောင်လက်တောက်ပနေပြီး အထူးလှပသည်။

ပြန်လည်မွေးဖွားလာသော အမြှောက်စာဇာတ်ကောင်လေးWhere stories live. Discover now