ပြန်လည်မွေးဖွားလာသော အမြှောက်စာဇာတ်ကောင်လေး
အပိုင်း ၀၆၆ ။ သံသယ
ထောင်မု၏ ရှန်းချန်အပေါ် ခံစားချက် သို့မဟုတ် ရှန်းမိသားစု၏ အမျိုးသားများအပေါ် သဘောထားက အတော်လေး ရှုပ်ထွေးသည်။ အရင်ဘ၀ သူ ရှန်းမိသားစုသို့ ပြန်သွားပြီး အားလုံးက သူ့ကိုမုန်းတီးငြင်းပယ်ကာ သူ့ကိုနာကျင်စေဖို့ အထက်ရှဆုံး စကားလုံးတွေကို အသုံးပြုရင်း သူ့ကိုထင်ကြေးပေးဖို့ အရက်စက်ဆုံးအတွေးအခေါ်မျိုးကို အသုံးပြုခဲ့ကြသည်။
အဖေရှန်းနှင့် ရှန်းချန်ကသာ တစ်ယောက်က သူမတည်ရှိနေသလို ဆက်ဆံပြီး လျစ်လျရှူကာ အခြားတစ်ယောက်က သူဖျော်ဖြေရေးလုပ်ငန်း၏ နာမည်ပျက်အဖြစ်စာရင်းသွင်းခံရပြီးနောက် သူ့ကိုကုမ္ပဏီသို့ဝင်ဖို့ ခွင့်ပြုပေးခဲ့သည်။ သူက စီးပွားရေးဘယ်လိုလုပ်ရမလဲ၊ စတော့ဘယ်လိုရောင်းဝယ်ရမလဲနှင့် အခြားသူများဖြင့် ဘယ်လိုလုပ်ငန်းကိစ္စ ညှိနှိုင်းဆွေးနွေးရမလဲကိုတောင် သင်ပေးခဲ့သည်။ သည်ကုမ္ပဏီတစ်ခုက အလားအလာရှိမရှိ ဘယ်လိုအကဲဖြတ်ရမလဲအပြင် အရောင်းအဝယ် အချိန်ကိုက်ဖြစ်မှုကို ဘယ်လိုဖမ်းဆုပ်ရမလဲလည်း ပါဝင်သည်။
ရှန်းချန်၏ သူ့အပေါ်သဘောထားက စိတ်ဝင်စားပုံမပေါ်သေးမြဲဆိုသော်လည်း သူက တရားဝင်လုပ်ငန်းကိစ္စမှလွဲ သူနှင့် ကိုယ်ရေးကိုယ်တာကိစ္စများကို ဘယ်တော့မှမဖလှယ်။ ထောင်မုပင် ရှန်းချန်၏ သူ့ကို ဖယ်ကြဉ်ထားမှုနှင့် သတိထားနေမှုကို ခပ်ယဲ့ယဲ့ခံစားမိနိုင်ခဲ့သည်။ သို့ပေမဲ့ ရှန်းယွီ ဘေးနားမှ သူ့ကိုဦးနှောက်မရှိစွာဖြင့် ငြင်းပယ်ခဲ့ကြသည့် လူအများကြီးနှင့်ယှဉ်လျှင် ရှန်းချန်၏ သူ့အပေါ်ဆက်ဆံပုံက ရှန်းမိသားစုတစ်ခုလုံး၌ အကောင်းဆုံးဖြစ်ခဲ့သည်။ အနည်းဆုံးတော့ ထိုသူက သူ့ကို သက်ရှိလူတစ်ယောက်လို ဆက်ဆံပေးပြီး သူနှင့်ဆက်သွယ်ပြောဆိုဖို့ကိုလည်း လိုလားခဲ့သည်ပင်။
သူတို့၏စကားဝိုင်းများက တရားဝင်လုပ်ငန်းကိစ္စနယ်ပယ်အတွင်းသာ စည်းတားခံထားရသည်ဆိုပေမဲ့လည်းပေါ့။

YOU ARE READING
ပြန်လည်မွေးဖွားလာသော အမြှောက်စာဇာတ်ကောင်လေး
RomanceName -恶毒炮灰重生以后 English Name - After The Vicious Cannon Fodder Was Reborn Author - BaYeDang Genre - Drama, Romance, Shounen Ai Chapters - 293 + 5 extras ငယ်စဉ်ကလေးဘဝကတည်းက မိဘမဲ့ဂေဟာမှာ ကြီးပြင်းလာခဲ့တဲ့ Tao Mu က သူ့ဘဝဟာ ဇာတ်ညွှန်းမှားကောက်မိလို့ ဖြစ...