အပိုင်း ၀၀၃ ။ အသက်ရှူမှားလောက်ဖွယ် (၁)

3.3K 430 3
                                    

[Unicode]
ပြန်လည်မွေးဖွားလာသော အမြှောက်စာဇာတ်ကောင်လေး
အပိုင်း ၀၀၃ ။ အသက်ရှူမှားလောက်ဖွယ်  (၁)

“……?!”

မုဟွားထင်၏ ထိတ်လန့်ဖွယ်ရာ ဖွင့်ဟလာမှုကိုကြားပြီးနောက် လော့ယန်က လူအုပ်ထဲရှိ ထောင်မုကို တွေဝေစွာကြည့်လိုက်သည် ။ ထို့နောက် မလုံမလဲရှက်ရွံ့နေပြီး လုံး၀ငေးကြောင်နေသည့် ယဲ့ယောင်ကို လှည့်ကြည့်သည် ။ သူ့ရဲ့ ဆင်ခြင်တုံတရားကိုတွဲချည်ထားသည့် သူ့ခေါင်းထဲရှိ ကြိုးတစ်ချောင်းက ပြတ်ထွက်တော့မလိုပင် ခံစားနေရသည် ။

F**K@%#$%#!!!!!!!!

လော့ယန်က ရုတ်တရက် မုဟွားထင်ဘက်လှည့်ပြီး ဒေါသတကြီးမေးတော့သည် "မင်းကဘာကိုပြောချင်တာလဲ?" သောက်ကျိုးနည်း ငါက ဖောက်ပြန်ခံလိုက်ရတာလား! ငါသိမ်းထားတဲ့ အနုပညာရှင်လေးဆီက ဖြတ်ရိုက်ခံရတာတင်မကသေးဘဲ! နှစ်ခါတောင် ဖြတ်ရိုက်ခံရတယ်လို့ပြောချင်တာလား!! ဒါက မင်းဆိုလိုချင်တာလား!!!

မူလက လူရှေ့သူရှေ့ မိန်းမတစ်ယောက်၏အရိုက်ခံရမှုကို ခံလိုက်ရ၍ မခံမရပ်နိုင်ဖြစ်နေခဲ့တာသာဖြစ်သော်လည်း အခုတော့ ယောက်ျားတစ်ယောက်၏သိက္ခာကို ထိပါးလာသည်မို့ သာမန်ဒေါသလေးကနေ အမျက်ဒေါသအဖြစ်ပြောင်းလဲသွားတော့သည် ။ လော့ယန် က ၁.၇ မီတာလောက်ရှိသည့် မုဟွားထင်၏ ဝတ်ဆုံကော်လာကို ဆွဲလိုက်ကာ မြေကြီးပေါ်မှ ဆွဲမ,မတတ်ပင် ။ "သောက်ကျိုးနည်း မင်းဘာကိုပြောချင်တာလဲ? မင်းဘယ်လိုသိတာလဲ!"

"ကျွန်... ကျွန်တော့် မျက်စိနဲ့မြင်လိုက်တာ"မီးမှုတ်ထုတ်နေသည့် ထရန်နိုဆောရပ်စ် တစ်ကောင်လို လော့ယန်ဆီမှ စိန်းစိန်းဝါးဝါးအကြည့်ခံလိုက်ရ၍ မုဟွားထင်၏ ဦးနှောက်မှာ လုံးဝဗလာကျင်းသွားသည် ။ သူ့တစ်ကိုယ်လုံးမှာ စိတ်လွတ်ရင်းနှင့် နောက်ခြေနှစ်လှမ်းဆုတ်သွားသည် ။ ထောင်မုနှင့် ယဲ့ယောင်ဆီမှ အရူးတစ်ယောက်လိုဆက်ဆံခံလိုက်ရခြင်းကြောင့် မပျော်မရွှင်ဖြစ်နေရာမှ အခုကလေးတင် ခံပြင်းစရာအခိုက်အတန့်မှာ သူ့ပါးစပ်ကိုအလုပ်ပေးလိုက်ရသည် ။ သူ သူတို့ကို ပြန်ပေးဆပ်စေချင်ခဲ့သည်။ သည်အတွက် သည်ဒရာမာကိုပိုလို့ဂယက်ထစေမည့် အရာတစ်ခုကို သူပြောလိုက်မိတော့သည် ။ ဒါပေမဲ့ အခု....

ပြန်လည်မွေးဖွားလာသော အမြှောက်စာဇာတ်ကောင်လေးWhere stories live. Discover now