တက္ကသိုလ် အချစ်ဇာတ်လမ်းလေးထဲမှ ဒုတိယ ဇာတ်လိုက်အဖြစ်
Chapter - 11နှစ်ချိုက်စွာ အိပ်ပျော်နေမိတုန်း မျက်နှာပေါ်ရှိ ညင်သာသော ထိတွေ့မှုကြောင့် သစ်ရိပ်နှိုးလာခဲ့သည်။ အိပ်ချင်စိတ်မပျယ်စွာ မျက်လုံးကို ဖွင့်ကြည့်မိတော့ သူ့ပါးပြင်ကို ထိကိုင်ကာ အပေါ်မှ ငုံ့မိုးနေသော ရှား။
" အင်း... ရှား ရောက်လာပြီလား "
မျက်လုံးတို့ကို ပွတ်သပ်၍ အိပ်ယာပေါ်မှ ထထိုင်ရင်း မေးမိတော့ သစ်ရိပ်လက်တို့အား ဆွဲကိုင်ကာ တားလာလေသည်။
" မပွတ်ရဘူး "
" အာ... အင်း "
သစ်ရိပ် ပျင်းရိစွာ သန်းဝေနေသည်ကို ရှားက ပြုံး၍ ကြည့်နေပြီး သူ၏ သန်မာကြီးမားသည့် လက်တို့က သစ်ရိပ်လက်နှစ်ဖက်အား ဖိအုပ်ကာ ကိုင်ထားဆဲပင်။
သန်းဝေနေသည့် သစ်ရိပ်သည် အိပ်ချင်ပြေသွားပြီးမှ မမငယ် မဂ်လာပွဲရှိသည်ကို သတိရကာ မျက်လုံးတို့ ပြူးကျယ်သွားတော့သည်။
" ဟင်! မဂ်လာပွဲ! မဂ်လာပွဲ! ငါဘာမှမလုပ်ရသေးဘူး "
စောင်ကိုဖယ်ရင်း နာရီကို လှမ်းကြည့်လိုက်တော့ 10 ပင်ထိုးပေတော့မည်။
သေစမ်း!!!
ပွဲက 10 နာရီစမှာမလား !!!!
ရုန်းရင်းဆန်ခက်ဖြစ်သွားသည့် သစ်ရိပ်မှာ အိပ်ယာပေါ်မှ ခုန်ဆင်းမိတော့သည်။ သို့သော် သူ၏ခြေထောက် ကြမ်းပြင်ပေါ်သို့ မချမိခင်မှာပဲ အနောက်မှ ဆွဲယူခြင်းကို ခံလိုက်ရ၏။
သစ်ရိပ်မှာ ကုတင်စွန်းတွင်ထိုင်နေသော ရှား၏ ပေါင်ပေါ်သို့ ထိုင်ရက်အတိုင်း ပြစ်ကျသွားခဲ့ပေသည်။
" ရှား "
" အဟင်း... စိတ်မပူပါနဲ့၊ အရိပ်အမတွေက ခုနကပဲ အရိပ်ကို လာကြည့်ပြီး ထွက်သွားကြတာ၊ အရိပ်နေမကောင်းဘူးလို့ ကိုယ်ပြောထားတာမို့ အစောကြီး မလာလဲ ရတယ်တဲ့၊ အေးအေးဆေးဆေးမှ သွားလို့ရတယ် "
" . . . အော့ "
ရှား၏ စကားကိုကြားမှ သစ်ရိပ် စိတ်ကို လျှော့ချလိုက်ကာ ရှားပေါ်တွင် အရိုးမရှိသူလို မှီထားလိုက်တော့သည်။
YOU ARE READING
Supporter System
Fantasyကမ္ဘာကြီး ပျက်စီးသွားပြီး နောက်ပိုင်း လူသားတွေ နေထိုင်ဖို့ ပုံစံငယ် ကမ္ဘာတွေ ဖန်တီးခဲ့သည်။ ထိုကမ္ဘာများ ပုံမှန်အတိုင်းလည်ပတ်နိုင်မှ လူသားတို့ ကူးပြောင်းနေထိုင်နိုင်မည် ဖြစ်သည်။ ပုံမှန်အတိုင်းလည်ပတ်ရန် သက်ဆိုင်ရာ ကမ္ဘာ၏ ဇာတ်ကြောင်း ပြီးမြောက်ရန် လိုအ...