Episode - 34 ( Zawgyi )

370 18 0
                                    

မို့သူဌေးသားလေးနှင့် တောသူလေး အချစ်ဇာတ်လမ်းထဲမှ
ဒုတိယဇာတ်လိုက်အဖြစ်
Chapter - 18

ထိုနောက်ပိုင်းတော့ စွဲလေးအား ကလေး စိတ်ကျမ်းမာ အထူးကုဖြင့် ပြသခဲ့ကာ မကြာမီတွင် ပုံမှန်ပြန်ဖြစ်လာခဲ့သည်။

စွဲလေးသည် မင်းပိုင်စေအား သူ့ညီလေးအဖြစ် မှတ်ယူကာ အလွန်ပင် ချစ်သည်။ သူထံရှိသည်များလည်း ခွဲဝေပေးဖို့ ဆန္ဒရှိကာ အလွန်ပင် ချစ်ဖို့ကောင်းသည့် ကလေးဖြစ်သည်။

စွဲတသက်သည် လိမ္မာ ချစ်ဖို့ကောင်းစွာ ကြီးပြင်းလာပြီး ငါးနှစ် ပြည့်တော့မည်ဖြစ်ရာ မင်းပိုင်စေသည် ငယ်သေးသော်ငြား ချောမောမည်မှန်းသိသာစွာ အဖေတူသား ဖြစ်သည့်အတိုင်း အေးအေးစက်စက်ကြီးပြင်းလာခဲ့သည်။

မင်းပိုင်စေလေးသည် တိတ်ဆိတ်စွာနေရသည်ကို ကြိုက်သည့် ကလေး ဖြစ်ခဲ့ပြီး စွဲတသက် သည်တော့ တက်ကြွကာ ဆော့လွန်းသည့် မျောက်လောင်းလေး အဖြစ် ကြီးပြင်းလာခဲ့သည်။

အချိန်တစ်ခုရလာသည်နှင့် နိုင်ငံသည်လည်း သူ၏ သားအား အသိအမှတ်ပြုလာသည်မှာ သူနှင့်တူ၍ ဖြစ်နိုင်သည်။ စွဲတသက်အား အလိုလိုက်ကာ ချော့မြူချစ်ခင်သလိုတော့ မပြုမူခဲ့ပဲ အဖော်ပြုပေးဖို့ အချိန်ပေးခဲ့ကာ အစဉ်ပြေခဲ့သည်။

မင်းပိုင်စေလေးအား အချိန်ပေးသော အချိန်တိုင်းသည် သူတို့နားရှိ လေထု၌ အလွန်ပင် တိတ်ဆိတ်လေသည်။ တိတ်တဆိတ်ထိုင်ဆော့နေသော မင်းပိုင်စေလေးနှင့် အလုပ်များနေသော မင်းနိုင်ငံတို့သည် သားအဖမှန်း အလွန်ပင် သိသာသည်။

ထိုကဲ့သို့ အချိန်မျိုးတွင် အရုပ်ဓါး တရမ်းရမ်းသော်လည်းကောင်း၊ အရုပ်သေနပ်တစ်ချိန်ချိန်နဲ့သော်လည်းကောင်း စွဲတသက်သည် အမြဲရောက်လာပြီး တိတ်ဆိတ်သည့် အခြေအနေအား ဖျက်ဆီးလေ့ရှိသည်။

သို့ရာတွင် အကျင့်စရိုက်တူညီကြသည့် သားအဖနှစ်ယောက်သည် စိတ်ဆိုးခြင်းမျိုး မရှိပဲ ဆူညံသည့် စွဲတသက်အား ကြိုဆိုတတ်သည်။

နှစ်နှစ်ကျော် မင်းပိုင်စေသည် စွဲတသက်ရောက်လာလျှင် သူဆော့နေလျှင်တောင်ရပ်လိုက်ပြီး စွဲတသက်အား လိုက်ကြည့်ကာ ချောလှဲသွားလျှင် ဖြစ်ဖြစ် ရှေ့ဆုံးမှ ပြေးသွားကာ ထူပေးသူ ဖြစ်သည်။

Supporter System Where stories live. Discover now