Episode - 70 ( Zawgi )

254 12 1
                                    

Dating Show ( Holiday Special Arc )
Chapter - 20

[ Ding! အရေးပေါ် ကူးပြောင်းခြင်း Completed ပါ ]

[ Host!!! အဆင်ပြေရဲ့လား ]

ပြန်လည်ဖြေကြားခြင်း မရှိသည့် Host က အသက်ပြင်းပြင်း ရှူနေပြီး အလွန်ပင် အဆင်မပြေနေသည့်ပုံ ပေါ်လို့နေသည်။

သူတို့က အရေးပေါ် ကူးပြောင်းခဲ့ရတာမို့ အခုရောက်နေတာက သူ့ကိုယ်ပိုင် space ထဲမှာပါ။

အလွန်ပင် ကြီးမားလွန်းသည့် space ဖြစ်ကာ ဘယ်နေရာကို ကြည့်ကြည့် အဆုံးမရှိသည့် ကြယ်တာယာအစုအဝေးကို မြင်ရမည် ဖြစ်သည်။

Host သည် အခုချိန်ထိ စကားမပြောပါပေ။ ထိုင်နေလျက် ခေါင်းကိုသာ ငုပ်ထားပြီး လက်သီးများအား ကျစ်ကျစ်ပါနေအောင် ဆုတ်လို့ထားသည်။

ကြုံခဲ့ရသည့် အဖြစ်အပျက်က Host ကိုဘယ်လောက်ထိ shock ရစေခဲ့မှန်း သူကိုယ်တိုင် မျက်မြင်ဖြစ်ခဲ့တာမို့ ဘယ်ကဘယ်လို စကားစပြောရမှန်း Hiki လည်း မသိတော့။

[ အဲ့လူ ... ]

[ ဟင် ... ဗျာ ]

ရုတ်တရပ် စကားပြောဖို့ ဆန္ဒရှိလာသည့် Host ကြောင့် Hiki မှာ ပြာပြာသလဲလဲပင်။ Host က ဆက်၍

[ အဲ့လူ ... Bug မဟုတ်တာ သေချာလား ]

[ အာ ... ]

Host ထံမှ တူညီတဲ့ မေးခွန်းအား နှစ်ခါမေးခံရခြင်း ဖြစ်သည်။ Host ဘာကို သံသယ ၀င်နေမှန်း သေချာမသိပေမယ့် ပထမတစ်ခေါက်ထဲက သူသေချာ စစ်ဆေးပေးခဲ့ပြီး ဖြစ်သည်။

Bug ၀င်ခြင်းဟူ၍ မရှိခဲ့ပါ။ အမှန်တော့ သူတို့ System များတွင် Bug အလွယ်တကူ ၀င်လို့ရနိုင်တဲ့ထိ လုံခြုံရေး ညံ့နေခြင်းမရှိပါ။ Bug ၀င်သည့် ဖြစ်ရပ်များသည် အလွန်ပင် ရှားပြီး ဖြစ်ခဲ့လျှင်လည်း မတည့်ကြသည့် Host များက အချင်းချင်း အညှိုးထားကာ တစ်ဖက် Host ၏ Mission အား ပျက်စီးစေလို၍သာ Bug အဖြစ် နှောက်ယှက်ကြတာ များသည်။

ဖျက်ဆီးဖို့ လာသည့် Bug ဖြစ်သည်နှင့်အတူ သူရောက်လာသည်နှင့် ဇာတ်ကြောင်းကို ပြောင်းလဲဖို့ ကြိုးစားတတ်၍ ဇာတ်ကြောင်းသည် အမြဲပြောင်းသွားတတ်ပေသည်။

Supporter System Where stories live. Discover now