Episode - 18 ( Unicode )

1.1K 130 7
                                    

မြို့သူဌေးသားလေးနှင့် တောသူလေး အချစ်ဇာတ်လမ်းထဲမှ
ဒုတိယဇာတ်လိုက်အဖြစ်
Chapter - 2

" ယောက်ဖ… ပူရတဲ့ကြားထဲ ဘာလို့ မင်းတစ်ကိုယ်လုံးကို အုပ်ထားရတာလဲ "

ပိုင်စေ အနားကို လျှောက်သွားတော့ ပထမဆုံးမေးလာသည့် တောသား၏ စကားပင်။

အစထဲက မလာချင်ပဲ လာခဲ့ရတာမို့ စိတ်မကြည်တဲ့အလျောက် ပြန်ဖြေဖို့ စိတ်ကူး မရှိပါ။

ဒီလူနဲ့လည်းသူဟာ မဂ်လာပွဲတုန်းကသာ ခနမျှ မြင်ခဲ့ဖူးတာ ဖြစ်ပြီး အကြောင်းအရင်းကတော့ ပွဲပြီးတာနဲ့ သူက ခရီးထွက်ခဲ့ ခြင်းကြောင့်ပင်။

ပိုင်စေဟာ လက်ထပ်ပြီးတာ တစ်နှစ်ပင် ပြည့်တော့မှာ ဖြစ်သော်ငြား ယခုအချိန်ထိ သူ၏ မိန်းမဆိုသည့် သူအား စေ့စေ့ပင် မကြည့်ဖူး။

လက်ထပ်ပြီးတာနဲ့ မဂ်လာလက်ဖွဲ့ဆိုပြီး အဘိုးပေးခဲ့သည့်အိမ်တွင် နှစ်ယောက်တည်း နေတာဖြစ်ပြီး အစေခံ အလုပ်သမားများကလည်း သူ့ရဲ့လူတွေသာ။

ပိုင်စေကိုယ်တိုင်သည်လည်း တစ်လနေလို့ တစ်ခါပင် အိမ်တွင် မအိပ်ပဲ ရှိကာ အဘိုးတို့ လာလည်မည် ဆိုမှ ပြန်ခြင်း ဖြစ်သည်။

ဒီမိန်းမကိုမှ မယူလျှင် အမွေဖြတ်မည်ဟု ခြိမ်းခြောက်ခဲ့သူက သူ၏ အဘိုးကိုယ်တိုင်ပင်။

ပိုင်စေက အမွေပြတ်လည်း ကိုယ့်ဘ၀ကို လျှောက်လမ်းနိုင်နေသူ ဖြစ်ပေမယ့် နာခံနေရခြင်းမှာ အကြောင်းရှိသည်။

ပိုင်စေ သူ၏ ဖခင်အား မလွန်ဆန်နိုင်။ သူဘယ်လောက်ပဲ လုပ်ချင်တာ လုပ်လုပ်၊ ဖြစ်ချင်တိုင်း ဖြစ်နေပါစေ ဂရုမစိုက်ခဲ့သည့် သူ့ဖခင်ဟာ ပထမဆုံး အကြိမ် မျက်နှာချင်းဆိုင် ထိုင်ပြီး ပြောခဲ့သည့် စကားက မြဲတသက်ကို လက်ထပ်ပါတဲ့။

အကြောင်းပြချကို မေးမိတော့ ရလာသည့် တုန့်ပြန်မှုက အကြည့်တစ်ချက်သာ။
Pl
စူးရဲသည်။ အန္တာရာယ်များသည်။

ပိုင်စေ ငြင်းဆန်ဖို့ သတ္တိမရှိခဲ့။

" ယောက်ဖ၊ ယားနာတွေ ပေါက်နေလို့လား "

Supporter System Where stories live. Discover now