Episode - 57 ( Unicode )

827 110 30
                                    

Dating Show ( Holiday Special Arc )
Chapter - 7

Comment area နဲ့မတူညီစွာ Reaction Room ထဲတွင်တော့ တိတိဆိတ်လို့နေချေသည်။ Host များသည် ရှုတ်ထွေးနေကြပြီး တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်နေကြတော့သည်။ ကြားထဲမှ ထက်ထက်ကတော့ ပြုံးစိစိပင်။

Fan များနှင့်မတူစွာ Host များတွင် စောင့်ထိန်းရသည်များ များစွာရှိသည်။ ဘယ်သူ့မှ ဘာမှမပြောရသေးခင် Screen သည် တောင်ရိုးရိပ်ဆီသို့ ပြန်လည်ပြသခဲ့ပြီပင်။

Screen တွင်ပေါ်လာသည်က ရဲရင့်သွေးနီနှင့် ခေတ်သစ်သွေးပင်။ ညနေစောင်းအချိန် ဖြစ်တာမို့ အားလုံးသည် ပေါ့ပေါ့ပါးပါး ၀တ်ထားကြမည်ဖြစ်ရာ ခေတ်သွေးသည် အသားရောင် ၀က်ဝံရုပ်များပါသည့် pajama ကို၀တ်ဆင်ထားသည်။

ဒီ၀မ်းဆက်သည် ခေတ်သွေးအား ရေချိုးခန်းထဲသို့ ပို့ပြီးချိန် ပြန်ထွက်လာသည့် ရဲရင့်မှ ရွှေးပေးထားခြင်းဖြစ်သည်။ ငြင်းဆန်လိုသည့် ခေတ်သွေးကိုတော့ အချိန်မရတော့ဘူးဟု အကြောင်းပြကာ အကျီကို ၀တ်စေခဲ့သည်။

နှစ်ယောက်သားသည် လှေကားထပ်မှ ဆင်းလာကြတာဖြစ်ပြီး အောက်သို့မရောက်သေးချိန်မှာပဲ အပေါ်တက်လာဟန် ပြင်နေသည့် ကိုဆိုင်းနှင့်ထိပ်တိုက်တိုးသည်။

ကိုဆိုင်း အတူဆင်းလာသည့် ခေတ်‌ေသွးတို့အား တွေ့သွားချိန် တန့်သွားပြီးမှ

" နှိုးပြီပဲ၊ ကိုယ်က အခု လာနှိုးတော့မလို့ "

ခေတ်သွေး ရှက်သွားရကာ ရယ်ပြဖို့ကိုသာ ရွှေးချယ်လိုက်သည်။ သူ့ကို တစ်ယောက်ချင်းဆီ လာနှိုးကြတာကို မှတ်မိနေသဖြင့် ရှက်ပြီး အားနာမှုက  မဖုံးကွယ်နိုင်။

အောက်ထပ်ရောက်တော့ အားလုံးက အဆင်သင့်ပင်။ ခေတ်သွေးရောက်သွားချိန် အလုပ်ရှုတ်နေသည့် မိန်းကလေးများသည် မော့ကြည့်လာပြီးနောက် ရပ်တန့်သွားသည်။

မိန်းကလေးများ၏ မျက်လုံးအကြည့်များကြောင့် လေထုသည် ပန်းများပွင့်လာသယောင်ထင်ရသည်။ ခေတ်သွေးနှင့်စကားသေချာပြောဖူးသည့် ရေးရေးက ခေတ်သွေးနား ရောက်လာကာ

Supporter System Donde viven las historias. Descúbrelo ahora