Episode - 61 ( Unicode )

696 97 0
                                    

Dating Show ( Holiday Special Arc )
Chapter - 11

ခေတ်သွေးဟာ ဧည့်ခန်းကြီးထဲတွင် ထိုင်နေရင်း ကြောင်စိစိ ဖြစ်နေမိသည်။ သူဟာ အခုချိန်ထိ Day ၏အိမ်ထဲတွင် ထိုင်နေရသည် ဆိုသည်အား မယုံနိုင်သေး။ အဲ့ဒါအပြင် Day က တောင်ရိုးရိပ် မိသားစု၀င်ဖြစ်သည်ဆိုသည့် အချက်အလက်က သူ့ခေါင်းကြီးကိုပေါက်ထွက်သွားတော့မလိုနှယ်။

ဒါက Top fan တွေတောင်မသိတဲ့ လျှို့ဝှက်ချက်ကြီးမလား။ သူ့လို ဘာမှမဟုတ်တဲ့ ကောင်လေးတစ်ယောက်က ဒီလျှို့ဝှက်ချက်ကြီးကို သိလိုက်ရတော့ ကြီးမားတဲ့ အထုတ်ကြီး သူ့ခေါင်းပေါ် ရောက်နေသလို မနိုင်မနှင်း ခံစားနေရသည်။

ခပ်မတ်မတ်ထိုင်ထားသည့် ကိုယ်ခန္ဓာကို Day ထွက်သွားပြီးကတည်းက မပြင်မိ။ Day ကဘယ်သွားမှန်းတော့ သူမသိပါ။ ဧည့်ခန်းထဲမှာ ထိုင်ဦး လို့ပြောပြီး ထွက်သွားခဲ့တာလေ။

ဧည့်ခန်းထဲ ဝှေ့ဝဲကြည့်ရင်း ထိုင်ဖုန်းတစ်ခုအား သူတွေ့လိုက်ရသည်။ မျက်လုံးတို့ အရောင်လက်သွား ရပေမယ့် ပိုင်ရှင်ကိုမပြောပဲ မကိုင်ချင်တာမို့ Day ပြန်လာမည်ကို စောင့်နေလိုက်သည်။

မိနစ်အနည်းငယ်ကြာပြီးနောက် Day က အအေးနှင့် မုန့်များပါသော ဗန်းအားကိုင်ကာ ပြန်လာခဲ့သည်။ အဲ့တော့မှ သူ့ကို ဧည့်ခံဖို့ သွားမှန်း သိကာ အားနာသွားရပြန်သည်။

နာမည်ကြီး Day ကိုယ်တိုင် ယူလာပေးသည့် တစ်ခုခုကို သောက်ရမှာ သူ့အနေနဲ့ အနည်းငယ် မသိုးမသန့် ဖြစ်မိသည်။ ဤအကြောင်းကိုသာ သူ့ရဲ့ Fan တွေသာ သိရင် သေချာပေါက် မနာလိုပြီး သူ့ကို စိတ်ဆိုးကြပေလိမ့်မည်။

ခေတ်သွေး မတ်သတ်ထရပ်တော့

" ထိုင်ပါ၊ မောလာတာ မလား၊ အအေးလေးသောက် "

" ... ဟုတ် ... ကျေးဇူးပါ ဗျ... "

သူအအေးခွက်အား လှမ်းယူလိုက်ပြီး ဖြေးဖြေးချင်းသောက်မိသည်။ ရေခဲတုံးများက ပေါ်လောပေါ်နေတာကို မြင်ရချိန် သူဝါးစားချင်စိတ်ကို မနည်းထိန်းထားရသည်။ ကျန်းမာရေးလိုက်စားသည် ဆိုသော်ငြား သူ့အတွက် ရေခဲရေနှင့် ရေခဲ တို့က ချွင်းချက်ပင်။

Supporter System Where stories live. Discover now