Episode - 86 ( Unicode )

487 58 1
                                    

ခွေးသွေး အချစ်ဇာတ်လမ်းမှ ဒုတိယဇတ်လိုက်အဖြစ်
Chapter - 15

Hiki ကြိုးစားခဲ့သည့်ရလဒ်က အရာထင်ခဲ့သည်။ ပင်မရုံးချုပ်နှင့် ဆက်သွယ်၍ ရခဲ့ပြီး ခွဲထွက်နေရာမှ Host ဆီပြန်သွားနိုင်ခဲ့သည်။

သူ၀င်သွားတုန်းက Host ကမူး၍ အိပ်ပျော်နေတာ ဖြစ်ပြီး Hiki လဲမနှောက်ယှက်ဖို့ ဆုံးဖြတ်လိုက်ပေမယ့် မဖွယ်မရာတစ်ခုကို အာရုံခံမိလိုက်သည်။

Screen များဆီမှလဲ တစ်ဖက်ခန်းမှ မဖွယ်မရာကိစ္စများအား မြင်ခဲ့ရ၍ Host အား အမြန်နိုးလိုက်ကာ အမူးပြေစေပြီး Character mood ၀င်စေသည်။

ဒါဟာ သူတို့အတွက် အခွင့်အရေးသာ ဖြစ်သည်။ ဖောက်ပြန်သည်ကို လက်ပူးလက်ကျပ်မိစေပြီး ရပ်နေသည့် ဇာတ်လမ်းကို အသက်၀င်စေမည်။

စီစဉ်ထားသလို အကုန်ဖြစ်ခဲ့ပြီး ထုတ်ဖော်ခံလိုက်ရသည့် ဇာတ်လိုက်နှစ်ယောက်မှ သူရဲကောင်းအား သတ်လိုက်မည်ကို စောင့်နေရုံဟုသာ ထင်ထားခဲ့သည်။

သို့သော် မှားယွင်းစွာပင် ဇာတ်လိုက် gong က ငိုတော့မလိုပုံဖြင့် တောင်းပန်ခဲ့ပြီး ဇာတ်လိုက် Shou ကအမှန်တကယ်ပင် ငိုကာ သူရဲကောင်းအား ချစ်သည်ဟုပင် ဆိုခဲ့သေးသည်။

ထင်ထားသလို ဖြစ်မလာပေမယ့် ကွာရှင်းလို့ ရနေဆဲဖြစ်ရာ အဆင်ပြေနေသေးသည်ဟု ဆိုရမည်။

ထို့နောက် ဇာတ်လိုက် Shou သည် ကာရံလေးအား ပြန်ပေးဆွဲ၍သွားသည်။ မှန်းကြည့်၍ရသည်။ ထိုနည်းဖြင့် မူလဇာတ်ညွှန်းတွင် ကလေးကို သေစေခဲ့တာ ဖြစ်နိုင်သည်။

ကလေးနောက်သို့ လိုက်လာခဲ့ရင်း လမ်းမှာပင် စက်ဝိုင်းကို ဆက်သွယ်ရသည်။ စက်ဝိုင်း မည်သို့ သေဆုံးသည်ကို သူတို့မသိနေဆဲပဲလေ။

မထင်ထားသည်က ထူးဆန်းစွာ စက်ဝိုင်းသည် ဘေးကင်းနေသည်။ ဇာတ်လိုက် gong နဲ့လဲ မတွေ့ရသေးဟု ဆိုသဖြင့် တစ်နေရာရာတွင် ရှောင်နေဖို့သာ အသိပေးလို့ရသည်။

စက်ဝိုင်းက မသေတော့တာလဲ ဖြစ်နိုင်သည်လေ။

ခြေရာခံစက်မှတဆင့် စွမ်းနေရင့် ဘယ်သွားနေသည်ကို မြင်ရကာ ခန့်မှန်းရသည်က ပစ္စည်းများသိုလှောင်သော မြို့ပြင်မှ ဂိုထောင်ကြီးဆီ ဖြစ်သည်။

Supporter System Where stories live. Discover now