Episode - 33 ( Zawgyi )

323 17 0
                                    

မို့သူဌေးသားလေးနှင့် တောသူလေး အချစ်ဇာတ်လမ်းထဲမှ
ဒုတိယဇာတ်လိုက်အဖြစ်
Chapter - 17

ထည်ဝါသော်ငြား တနည်းနည်းနဲ့ ကြောက်စရာကောင်းလှသည့် စံအိမ်ကြီးတွင် ထူးထူးခြားခြား ကလေး ငိုသံ ရယ်သံများဖြင့် အသက်ဝင်နေခဲ့သည်။

အရင်က သေနပ်များ ကိုင်ဆောင်ကာ အိမ်ကြီးတစ်လျှောက် လုံခြုံရေးတာဝန်ရှိသူများသည် ယခုတွင် လမ်းလျှောက်တတ်ခါစ ကလေးငယ်နောက် တကောက်ကောက်လိုက်ကာ ကလေး ထိန်းနေကြသည်။

လှဲကျတော့မည့် ပုံပျေါသညျ့ ကလေးငယ်ကြောင့် တဝိုးဝိုးတဝါးဝါး ခါးတကုန်းကုန်း လက်တကမ်းကမ်းများဖြင့် လူတို့သည် ခြံထဲတွင် အလွန်ပွဲဆူနေ၏။

အရိပ်ရသည့် ဉယျဉ်ထဲရှိ စာပွဲလေးတွင်တော့ ဦးမင်းစည်းစိမ်က ထိုင်နေကာ ကင်မရာတစ်လုံးဖြင့် သူ့ထံလှမ်းလာနေသည့် ကလေးပေါက်စအား ချော့မြူအားပေးရင်း တစ်ဖျတ်ဖျတ်သော ဓာတ်ပုံရိုက်သံများနှင့် ပျော်ရွှင်နေလေသည်။

လက်နှစ်ဖက်အား ဖြန့်ကားကာ သူ့ထံလျှောက်လာသည့် ကလေးငယ်အား ချီယူလိုက်ပြီး ပေါင်ပေါ်တွင် ထိုင်စေလိုက်သည်။

အမောပြေစေရန် ဓာတ်ဆားရေအား တိုက်လိုက်တော့ သူကိုယ်တိုင်ကိုင်ချင်သော ဘိုးဘေးလေးသည် လက်သေးသေးလေး များဖြင့် ဆွဲယူပြီး မော့သောက်ချကာ

" ပါပါ "

" ပါပါ? ပါပါလား ပါပါက လာနေပြီတဲ့၊ အခုလမ်းမှာ မြေးစွဲလေးအတွက် အရုပ်ကြီး ကြီးဝင်ဝယ်နေတာတဲ့ "

" ရုပ်ကြီးကြီး!! "

" အင်း!! အရုပ်အကြီးကြီး!! "

လက်များအား ဖြန့်ကားကာ ပျော်ပျော်ရွှင်ရွှင် ပြောလာသည့် မြေးစွဲလေးသည် ခုနကထက်ပင် လုပ်လုပ်ရွရွဖြစ်လာပြီး အငြိမ်မနေတော့ပါ။

သူ့ပေါ်တွင် ထိုင်နေရာမှ ရုန်းကန်ဆင်းကာ ခြံတံခါးရှိရာဆီ ပြေးသွား၏။ ဒူးမကောင်းချင် သဖြင့် မြေးစွဲနောက် လိုက်မဆွဲနိုင်သည့် ဦးမင်းစည်းစိမ်သည် ရပ်စောင့်နေသည့် ကိုယ်ရံတော်များအား မျက်စပြစ်ပြကာ လိုက်သွားစေသည်။

Supporter System Donde viven las historias. Descúbrelo ahora