Episode - 37 ( Zawgyi )

339 20 3
                                    

ပုဂံခေတ် အချစ်ဇာတ်လမ်းလေး ထဲမှ ဒုတိယ ဇာတ်လိုက်အဖြစ်
Chapter - 2

[ Host ရေ... နှိုးပြီလား... ]

[ အမ်း... ဘာမှ မဖြစ်သွားသေးဘူးမလား ]

[ ဘာမှ မဖြစ်သွားပါဘူး၊ Host နေ့တစ်ဝက်လောက် အိပ်ပျော်နေပေမယ့် ဘယ်သူမှ ဘာမှ လာပြောတာ မရှိကြဘူးရယ်... ]

[ ဘုရင်တွေက အဲ့လိုပဲ အားကြတာလား ]

[ ဟုတ်လောက်မယ်ရယ်... (^^;)ဘာပဲ ဖြစ်ဖြစ်ပါ Host ရယ်၊ ကျွန်တော်တို့အတွက် အဆင်ပြေသွားတာပေါ့ ]

[ အမ်းးး ]

နိုးလာပြီ ဖြစ်သည့် Host သည် အိပ်ယာပေါ်မှ မထသေးပါ။ အိပ်ယာပေါ်တွင် လှဲနေပြီး မျက်နှာကျက်အား ငေးနေလေသည်။

Hiki သည် Host ၏ယခုလို ပုံစံအား မမြင်ဖူးပါ။ ဖြစ်နိုင်တာက Host ဟာ အအိပ်မက်တဲ့ သူဖြစ်နိုင်လေသည်။

[ Host ဇာတ်ကားကြည့်ပါလား... အပျင်းပြေတာပေါ့ ]

[ Tom and Jerry? ]

[ အမ်... အဲ့တာလည်း ရှိပါတယ်၊ ဒါပေမယ့် အပြောင်းအလဲလေး ဖြစ်သွားအောင် Anime ပြောင်းကြည့်ပါလား Host ]

[ Anime? ]

[ ဟုတ်ကဲ့ Host , Japan ကပါ၊ ကမ္ဘာတစ်ဝန်းမှာ အတော်လေး လွှမ်းမိုးနိုင်တဲ့ Entertainment တစ်ခုပဲ Host, ကျွန်တော် နာမည်အကြီးဆုံး Series List တွေကို စာရင်းပြုစုပြီး down ထားတယ်ရယ် ... ကြည့်မလား Host ]

[ အမ်းး ]

[ ဟုတ်ကဲ့!! Host ရေ... အဲ့ဒါဆို
Hunter X Hunter ကို အရင်ကြည့်ပါနော်... လူကြိုက်အများဆုံး List ထဲက တစ်ခုဖြစ်ပြီး Hiki ကြည့်ပြီးသွားပြီ...ဟီးဟီး... လုံးဝ masterpiece ပဲ () ]

[ Hmm... ]

Hiki သည် Host အား ကုတင်တွင် မှီလျော့ထိုင်စေလိုက်ပြီး ကုတင်ခြေရင်း၌ အပြာရောင် Screen အား ဖွင့်ပေးလိုက်ကာ H X H အားဖွင့်ပြလိုက်သည်။

Hiki ကိုယ်တိုင်လည်း ၀င်ကြည့်ကာ မရှင်းနိုင်လောက်မည့် နေရာမျိုးတွင် ၀င်ရှင်းပြပေးသေးသည်။

System နှင့် Host သည် အခန်းပိတ်ကာ ပျော်ပျော်ကြီး Anime ကြည့်နေကြချိန် တံခါးအပြင်ဘက်တွင်တော့ လူအများမှာ ချွေးစေးပြန်နေကြပြီဖြစ်သည်။

Supporter System Where stories live. Discover now