Episode - 81 ( Zawgi )

257 10 3
                                    

ခွေးသွေး အချစ်ဇာတ်လမ်းမှ ဒုတိယဇတ်လိုက်အဖြစ်
Chapter - 10

သူ့မြင်ကွင်းမှာ မှောင်မဲနေသည်။ ဘယ်ကို ရောက်နေမှန်း သူမသိ။ စင်စစ် သူဘယ်သူမှန်းပင် သူမသိ။

ဝေဝေဝါးဝါး အခြေအနေတွင် ဖြစ်သော်ငြား မွန်းကျပ်လွန်းလှသည်မို့ အလင်းရောင်အား မြင်ရနှိုးနှိုး လိုက်ရှာမိသည်။

သူလျှောက်နေတုန်း ဖိအားတစ်ခုအား ခံစားမိလိုက်သည်။ သူ့ညာဘက်မှာ တစ်ယောက်ယောက် ရှိနေတာ သေချာနေသလိုပင် အကြည့်စူး တစ်ခုကို သူခံစားမိသည်။

မျက်မှောင်တို့အား ကျုတ်လိုက်ကာ လူရှိသည်ဟု ခံစားမိသည့် နေရာသို့ လျှောက်လာလိုက်သည်။

" … … … "

သေချာမမြင်ရသော်ငြား ထိုင်နေပုံရသည့် လူရှေ့ သူရပ်လိုက်သည်။ ဘာမှမပြောမိသည်က ဘာကြောင့်မှန်းပင် သူမသိ။

သူ့စိတ်များက ထိုင်းမိုင်းနေသည်ဟု ထင်မိသည်။ ရှေ့မှလူထံ စူးစမ်းဖို့ လက်တို့အား ရှေ့ထုတ်မိသည်။

ဝေဝါးနေသည့် ရှေ့မှလူ၏ မျက်နှာအား ခပ်ဖွဖွ စမ်းကြည့်မိသည်။ ထိုအချိန် ထိုလူ၏ ဆွဲချမှုကြောင့် သူဟာ ရင်ခွင်ကျယ်ထဲ ပြစ်ဝင်သွားရလေသည်။

လျှင်မြန်သည့် သူ၏ တုန့်ပြန်မှုက ချက်ချင်းပင် ပြန်ရုန်းထသော်ငြား သူ့ခန္ဓာကိုယ်တစ်ခုလုံးမှာမူ ဖိညစ်သတ်ခံရတော့မလို တက်းတင်းကျပ်ကျပ် ဖက်ခံထားရသည်။

" အဟွန်း "

ခပ်ဟဟ ရယ်သံက ထိုလူ့ထံမှ ထွက်ပေါ်လို့လာသည်။

ရုတ်တရပ် ဆန်စွာ သူတစ်ကုန်လုံးတောင့်တင်း သွားသည်အထိ တုန်လှုပ်သွားရသည်မှာ ဘာကြောင့်မှန်းမသိ။ ရင်းနှီးနေသည့်အသံဟု ထင်မိသည်။

ရင်းနှီးသည်နှင့်အတူ သူမနှစ်မြို့သည့် ခံစားချက်က တိုးဝင်လို့လာသည်။ သူမကြိုက်ပါ။ ထိုလူ သူ့အသားအား ထိနေသည်ကို သူမကြိုက်ပါ။

သူအပြင်းအထန် ရုန်းကန်လာပြီးနောက် ပို၍ တင်းကျပ်စွာ ‌ပွေ့ဖက်ခံထားရကာ အကူအညီမဲ့လာသကဲ့သို့ ခံစားလာရသည်။

Supporter System Where stories live. Discover now