Episode - 58 ( Unicode )

797 110 14
                                    

Dating Show ( Holiday Special Arc )
Chapter - 8

" အဲ့တော့ ဘာလုပ်ကြမှာလဲ "

Dinner ဝိုင်းပြီးတော့ အကုန်လုံး ဧည့်ခန်းတွင် စုဝေးထိုင်ကြသည်။ ဒါပေါ့ သောက်စရာများလည်း ပါပြီး အကုန်လုံးက အသက်ပြည့်ပြီးသားတွေပဲလေ။

ခေတ်သွေးဟာ လက်ထဲက ဝိုင်ခွက်အား ဟိုလှည့်ဒီလှည့်လုပ်နေပြီး မသောက်ပေ။ alcohol က သူလုံး၀ရှောင်သော အရာဖြစ်ပြီး သူ့ရဲ့ Limit ကဘယ်လောက်မှန်းလဲ သူမသိပါ။

တစ်ခုခုလုပ်ကြဖို့ တိုင်ပင်နေကြသည့် ပါ၀င်သူများသည် အဆုံးတွင် သရဲကားကြည့်ဖို့ရာ ဆုံးဖြတ်လိုက်ကြသည်။

တောင်ရိုးရိပ်သည် သီးသန့်နေရာဖြစ်ပြီး အခုသူတို့နေနေသည့် Villa တစ်ဝိုက်တွင် တခြားမည်သည့်လူမှမရှိပေ။ တောင်ရိုးရိပ်အတွင်း အဝေးဘက်ရှိ ဘန်ဂလိုတစ်ခုတွင်သာ program အဖွဲ့ရှိနေပြီး အရေးပေါ်တစ်ခုခုဖြစ်ပါက ပါ၀င်သူများ အကူအညီတောင်းနိုင်ပေသည်။

သို့သော် ထိုနေရာသည် Villa နှင့်မနီးပေ။ သူတို့အားလုံးသည် အပြင်ဘက်မှ တောတောင်တို့၏ သဘာ၀ ညဘက် အကောင်များ၏ အသံတို့ကို ကြားနေရပြီး လေတဖြူးဖြူးသော အသံများကိုလည်း ကြားနေရသေးသည်။

သရဲကားကြည့်ဖို့ လုံလောက်သည့်ပတ်၀န်းကျင်တွင် လူကလည်းများသေးသည်လေ။ rating ကောင်းသော သရဲကားတစ်ခုအား သူတို့ရွှေးချယ်ပြီးချိန် မီးများကိုလည်း ပိတ်လိုက်ပြီ ဖြစ်သည်။ မိန်းကလေးများသည် တစ်ယောက်နှင် ကပ်သွားကြပြီး တနည်းအားဖြင့် လူရှစ်ယောက်သည် တစ်နေရာထဲတွင် စုပြုံသလို ဖြစ်နေသည်။

ယောင်္ကျားလေး၄ ယောက်သည် ' ပ ' ပုံစံ အလယ် sofa တွင် ပူးကပ်ထိုင်နေကြရာ ခေတ်သွေးသည်ကြားထဲတွင် ပိတ်မိသလို ညှက်နေတော့သည်။ ဒါကိုမြင်သည့် ကိုဆိုင်းက တစ်ဖက် sofa တွင်သွားထိုင်ပေးခဲ့၍သာ ခေတ်သွေး အသက်ရှူချောင်တော့သည်။

မိန်းကလေးများက အောက်ဘက် အမွေးပွကော်ဇော်တွင် ထိုင်ဖို့ရွှေးချယ်ခဲ့ကြပြီး ခေတ်သွေး၏ ရှေ့တွင် ရေးရေးကထိုင်နေပေသည်။ ခေတ်သွေးသည် ခေါင်းအုံးကိုပိုက်ကာ တင်ပလွေခွေထိုင်နေတာဖြစ်ရာ ရေးရေးခေါင်းမှီဖို့ Sofa ၏နေရာအချို့ကို ပေးခဲ့သည်။

Supporter System Nơi câu chuyện tồn tại. Hãy khám phá bây giờ