Episode - 62 ( Zawgyi )

239 12 1
                                    

Dating Show ( Holiday Special Arc )
Chapter - 12

" ဗိုက်ဆာနေပြီလား "

" အာ ... ... "

အမှန်တော့ ခေတ်သွေး ဗိုက်ဆာနေပါပြီ။ တဂွီဂွီမြည်နေတဲ့ သူ့ဗိုက်ကြောင့် အားနာပြီး ငြင်းဖို့ လုပ်ချင်တောင် အခွင့်အရေး မပေးတော့။ Day က ကြားသွားပြီး မေးခဲ့တာ မလား။

" ကိုယ်နဲ့ လိုက်ခဲ့ပြီး ဝိုင်းကူပေး၊ အိမ်မှာ တစ်ယောက်မှ မရှိဘူး "

" ဟုတ်ကဲ့ "

ခေတ်‌သွေး ကြောင်တောင်တောင်ဖြင့် ခေါင်းညိတ်လိုက်ပြီး Day နှင့်အတူ အောက်ထပ်သို့ ပြန်ဆင်းလာတော့သည်။

မီးဖိုဆောင် ထဲတွင် Day မှာ ရေခဲသေတ္တာထဲမှာ အစားအသောက် အသီးအရွက်မျိုးစုံအား ယူကာ နေရာချသည်။ ပါဝင်ပစ္စည်းများသည် သူရင်းနှီးလှသည်။ အေပရွန် ၀တ်ပြီးဖြစ်သည့် Day က သူ့အားကြည့်လာကာ ပြုံးလိုက်ပြီးနောက်

" Hotpot လုပ်မလို့၊ ကြိုက်တယ်မလား "

ခေတ်သွေး အံ့ဩမှုကြောင့် ပါးစပ်လေးပင် ဟရက်သားပင်။ ဒါပေါ့ သူ Hotpot ကိုအရမ်းကြိုက်ပါတယ်။ ပြီးတော့ Love House မှာတောင် ဒီနေ့ Dinner အတွက် သူနဲ့ ရဲရင့်အတူ အဲ့တာကို ချက်ဖို့ လုပ်ထားတာလေ။

တိုက်ဆိုင်မှုက အံ့ဩစရာပင်။ ထို့နောက် ခေတ်သွေးရယ်လိုက်သည်။ Day ကသူ့အား ကြည့်လာတော့

" ဒီလိုပါ... ဒီနေ့ gust House မှာလဲ Hotpot ချက်ဖို့ လုပ်ထားတာ ၊ တိုက်ဆိုင်သွားလို့ပါ ၊ ဟီးး "

" တိုက်ဆိုင်တာ !? "

Day ကရေရွှတ်လိုက်ပြီးနောက် လျှို့ဝှက်စွာ ပြုံးသွားကာဘာမှ မပြောတော့ပေ။ ခေတ်သွေး ဘေစင်သို့ သွားလိုက်ပြီးနောက် အရွက်များကို ဆေးပေးပြီး ကူညီပေးလိုက်သည်။ သူက ဘာမှမချက်တတ်ရင်တောင် အသီးအရွက်ဆေးတာတော့ ရသေးတာပဲလေ။

ခေတ်သွေး စဆေးခဲ့ပြီး မကြာမီ သူ့လည်ဂုတ်ဆီမှ အသက်ရှူသံကို ခံစားမိလိုက်ကာ တွန့်ခနဲ ပင် ဖြစ်သွားရသည်။

" အာ ... "

" အေပရွန် ၀တ်ရမယ်လေ၊ မဟုတ်ရင် ရေစိုလိမ့်မယ် "

" ဪ့ "

ခေတ်သွေး ကြောင်နေပေမယ့် နာခံစွာပင် လက်နှစ်ဖက်ကို မြှောက်ပေးလိုက်ကာ အေပရွှန်ကိုဝတ်ပေးစေလိုက်သည်။

Supporter System Where stories live. Discover now