Episode - 29 ( Unicode )

1K 125 7
                                    

မြို့သူဌေးသားလေးနှင့် တောသူလေး အချစ်ဇာတ်လမ်းထဲမှ
ဒုတိယဇာတ်လိုက်အဖြစ်
Chapter - 13

" တော်ပြီလား... မြေးစွဲ၊ စားတာ နည်း‌ေနတယ်"

Breakfast စားကြတော့ စားပွဲဝိုင်းမှာ ယောက်ဖကလွှဲ၍ အကုန်ရှိ၏။ နိုးခါစကတည်းက ပါပါလုပ်ပေးတဲ့ အစာပြေအား စားပြီး ဖြစ်သည့် စွဲမှာ နည်းနည်းပဲ စားဖြစ်သည်။

နည်းတယ်လို့ ဆိုလိုက်ပေမယ့် မုန့်ဟင်းခါးတစ်ပွဲဖြစ်ကာ မနက်စာအတွက် လုံလောက်သည့် ပမာဏဖြစ်သည်။

စွဲ စားပွဲဝိုင်းမှ ထလိုက်ပြီး

" အစာပြေစားထားပြီးပြီ ဘဘကြီးရဲ့၊ စားထားနှင့်ကြတော့၊ ကျုပ် ယောက်ဖဆီ သွားလိုက်ဦးမယ် "

ထုံးစံအတိုင်း ပြောချင်တာ ပြောပြီးရင် ထထွက်သွားတတ်သည့် စွဲမှာ အခုလည်း ထို့အတူပင်။

မြဲက မောင်လေးရဲ့ အပြုအမူကြောင့် အဘိုးအား အားနာသွားရပေမယ့် အဘိုးကတော့ ခပ်ပြုံးပြုံးပင်။ မောင်လေး ဘာလုပ်လုပ် ချစ်စနှိုး ခွင့်လွှတ်တတ်လွန်းသည်က အဘိုးပါပင်။

ထို့နည်းတူ အဖိုးပင်မက ကိုစေ့ အဖေကပါ ခွင်လွှတ်ပေးနေတာ ဖြစ်သဖြင့် မြဲ မရေရာတော့ပါ။ ပြောရရင် မောင်လေးကို ခုမှ မြင်ဖူးတာ ဖြစ်သည့် ကိုစေ့အဖေဟာ မောင်လေး အပေါ် အရမ်း အလိုလိုက်လွန်းနေသည်လေ။

မြဲမရေရာစွာ တွေးမိပေမယ့် အခုအချိန်တွင်တော့ ဘာမှ အလေးပေး မတွေးချင်သေးတာမို့ ခေါင်းကိုခါကာ အတွေးတို့ကို မောင်းထုတ်လိုက်၏။ ထို့အပြင် အခု သူမ ခေါင်းကိုက်ချင်သလို ဖြစ်နေကာ နေရတာ မကြည်လင်ပေ။ ညက အရမ်းငိုမိခဲ့သည်ကို တွေးမိသွားပြန်တော့ ခေါင်းကိုက်တာက ပိုဆိုးလာ၏။

ထို့ကြောင့် မကုန်နိုင်သေးသည့် မနက်စာအား ဆက်မစားနိုင်တော့ပဲ အဘိုးတို့အား မြန်မြန် နှုတ်ဆက်ကာ အခန်းဆီသို့ ထွက်လာခဲ့လိုက်သည်။

စွဲသည် အခန်းထဲ ၀င်လာပြီး အိပ်နေဆဲ ဖြစ်သည့် ယောက်ဖအား နှိုးရ၏။ အအိပ်မက်သည့် ယောက်ဖဟာ နှိုးရခက်သည့် သူတော့ မဟုတ်သည့်အတွက် အနားကပ်ကာ နှစ်ခါလောက် ခေါ်လိုက်တာနှင့် နှိုးပါ၏။

Supporter System Where stories live. Discover now