Episode - 15 ( Zawgyi )

431 22 2
                                    

တက္ကသိုလ် အချစ်ဇာတ်လမ်းလေးထဲမှ ဒုတိယ ဇာတ်လိုက်အဖြစ်
Chapter - 14

" ဟဲ့! ဟိုဝိုင်းကို Menu သွားချလို့ ပြောထားတာကို ဘာလို့ ဒီမှာ တောင့်တောင့်ကြီး ရပ်နေရတာလဲ "

" ကျွန်မကြောက်လို့ "

ဆိုင်ရဲ့ မန်နေဂျာ ဖြစ်သူသည် အမ Menu စာအုပ်ကို ပိုက်ပြီး တွန့်ဆုပ်ဆုပ်ဖြစ်နေသည့် ၀န်ထန်းမလေးအား ခေါင်းထုချင်သွားသည်။

ကြံကြံဖန်ဖန်ကြောက်နေရတယ်လို့။

မန်နေဂျာအမဖြစ်သူက မျက်စောင်း ထိုးလိုက်ပြီး ထိုဝိုင်းအား လှည့်ကြည့်လိုက်၏။

ထိုစဉ်သူမ မြင်လိုက်ရသည်က တင်းမာနေသော လေထု အခြေအနေပင်။ အနက်ရောင်၊ အန္တရာယ်ရှိသည်ဟူသော အခိုးအငွေ့များ ထွက်နေပုံပေါ်သည့် ထိုဝိုင်းတွင် ဆန့်ကျင်ဘက်အနေနဲ့ အရမ်းကို ချောမောကြသည့် ကောင်လေးနဲ့ ကောင်မလေး မျက်နှာချင်းဆိုင်ထိုင်နေကြတာ ဖြစ်သည်။

တစ်ယောက်နဲ့ တစ်ယောက် စူးစိုက်ကြည့်နေကြပုံက အချိန်မရွေး ပေါက်ကွဲသွားနိုင်သည့် မှိုင်းဗုံးသဖွယ်။

အမ်း ဒီကလေးမ ကြောက်နေတာလဲ မထူးဆန်းတော့ပါဘူး။

" Menu သွားချခဲ့၊ သူတို့ မှာချင်ရင် လှမ်းခေါ်လိမ့်မယ်၊ ရေချပေးဖို့ကို မမေ့နဲ့ "

" ဟုတ်- ဟုတ်ကဲ့မမ "

ကောင်မလေးသည် တွန့်ဆုပ်စွာဖြင့် ရေယူဖို့ ထွက်သွားတော့သည်။

ကော်ဖီဆိုင်လေးထဲ မျက်နှာချင်းဆိုင်ထိုင်ကာ အန္တာရာယ်များသော အငွေ့အသက်တို့အား ထုတ်လွှတ်နေကြသူတွေကတော့ ရှားနဲ့ အကြင်နာပင်။

အကြင်နာ့ဘက်မှ စပြီး ညှိနှိုင်းဖို့ရာ ရှားကို ဆက်သွယ်ခဲ့တာ ဖြစ်သည်။ ရှားကလည်း ကြည်ကြည်ဖြူဖြူ လက်ခံခဲ့ကာ ဘာပြောမည်မှန်း သိသည့်ပုံပင်။

မိနစ်အတော်ကြာ တိတ်ဆိတ်နေသည့် စကားဝိုင်းအား အကြင်နာ ကယ်တင်ဖို့ စကားစပြောလိုက်၏။

" သစ်ရိပ် သူက ကျွန်မတို့ကို သူငယ်ချင်း ဖြစ်စေချင်နေတာ "

သူမစကားကြားတော့ ရှားက မျက်လွှာကိုပင့်ကြည့်ကာ သဘောတူသည့်အသံပြုလာ၏။

Supporter System Where stories live. Discover now