Episode - 46 ( Zawgyi )

369 17 2
                                    

ပုဂံခေတ် အချစ်ဇာတ်လမ်းလေး ထဲမှ ဒုတိယ ဇာတ်လိုက်အဖြစ်
Chapter - 11

နေမစောင်းသေးသော အချိန်တွင် ပြည့်သျှင်တို့သည် နန်းတော်တို့ ပြန်လာခဲ့ကြတော့သည်။ ပင်ပန်းနေပြီမို့ စစ်သူကြီး စီစဉ်ပေးကာ ကိုယ်တိုင်မောင်းနှင်လိုက်ပို့သည့် မြည်းလှည်းဖြင့် ဖြစ်ကာ လှည်းအတွင်းတွင် ပြည့်သျှင်နှင့် ကိုယ်လုပ်တော်လေးက မျက်နှာချင်းဆိုင်ထိုင်နေကာ အောက်ကြမ်းပြင်တွင်တော့ ဇိမ်းက ထိုင်လေ၏။

ကိုယ်လုပ်တော်လေးသည် အလာတုန်းကနှင့်မတူပဲ ခေါင်းကိုငုံ့ထားကာ မျက်နှာတစ်ဝက်သည် အမှောင်ရိပ်ကျနေပြီး အလွန်ပင် တိတ်ဆိတ်လှသည်။ ပြည့်သျှင်ကတော့ သူ့ပုံစံအတိုင်း အေးစက်စက်ဖြစ်ကာ ဘာကိုမှ ဂရုမပြုမိပေ။

အပြင်ဘက်ရှိ စစ်သူကြီးသည်လည်း လှည်းကို ဖြေးညင်းစွာမောင်းနေပြီး မျက်နှာထားကိုတော့ ကိုယ်လုပ်တော်နှင့် မခြားနားပေ။ ‌ပြည့်သျှင်မှာတော့ တပ်ထဲတွင် အတော်စားခဲ့ပြီးဖြစ်ရုံမက ဖြေးညင်းစွာသွားနေသော လှည်းကြောင့် ငိုက်၍နေပြီ ဖြစ်သည်။ မကြာမီတွင်တော့ အိပ်ပျော်သွားပုံရကာ အသက်ရှူသံ ငြိမ့်ငြိမ့်လေးသည် လှည်းအတွင်းထဲ လွင့်ပျံလာတော့သည်။

ဇိမ်းသည် အောက်တွင်ထိုင်နေပြီး ဖိအားတစ်ခုခုကြောင့် ခေါင်းငုံ့တုန်လှုပ်နေပြီးမှ ညင်သာသော အသက်ရှုသံအားကြားချိန် မဝံ့ရဲစွာ ခေါင်းကိုမော့ကြည့်မိသည်။ ဖိအားတစ်ချို့ကတော့ ရှိနေဆဲဖြစ်သဖြင့် ဇိမ်းသည် အိပ်ပျော်နေသော အရှင်မင်းမြတ်အား တွေ့ချိန် မကြောက်တော့ပေ။ မမြင်ရသည့် ဖိအားသည် အရှင်မင်းမြတ်ထံမှ လာနေသည်ဟု ထင်တာဖြစ်သည့်အတွက် အခုဇိမ်းမှာ  သတ္တိရှိလာခြင်းပင်။

ဇိမ်းဟာ ဆယ်ကျော်သက်လေး တစ်ယောက်ဖြစ်ကာ ၂၁ ရာစုမှ Time Travel ခဲ့တာ ဖြစ်သည်။ ဇိမ်းဟာ စာကြည့်တိုက်ကနေ စာအုပ်တစ်ချို့ကို့ ဖတ်နေခဲ့တာဖြစ်ပြီး ဟောင်းနွမ်းနေသည့် စာအုပ်တစ်အုပ်အား ရှာတွေ့ခဲ့ကာ ကိုင်ကြည့်လိုက်တုန်း ပုဂံခေတ်သို့ ကူးပြောင်းလာခဲ့ရသည်။

ဆယ်ကျော်သက်လေး ဖြစ်သည့်အလျောက် ဒီလိုကိစ္စမျိုးက သူ့အတွက်မထူးစမ်းကာ လက်ခံဖို့ အချိန်အများကြီး မယူရပေ။ သူရောက်နေသည့်နေရာသည် တောတစ်ခုဖြစ်ပုံရကာ ပုဂံခေတ်မှန်းသိမိတာက အဝေးတွင်မြင်နေရသည့် စစ်သည်ရဲမက်အချို့ကြောင့်ပင်။

Supporter System Where stories live. Discover now