Episode - 30 ( Zawgyi )

283 20 3
                                    

မို့သူဌေးသားလေးနှင့်တာသူလေးချစ်ဇာတ်မ်းထဲမှ
ဒုတိယဇာတ်လိုက်အစြ်
Chapter - 14

" ယောက်ဖ မှတ်မိလား "

ပါပါပြောပြသမျှအား ပြန်ပြောပြပြီးနောက် စွဲ ယောက်ဖအား မေးလိုက်၏။

အင်း စကားအဖြစ်သာ မေးလိုက်ပေမယ့် မှတ်မိလိမ့်မယ်လို့တော့မထင်ပါ။ သူတောင် မမှတ်မိခဲ့ဘူးလေ။

" ကျွန်တော် မမှတ်မိဘူး "

ထင်ထားပြီး ဖြစ်သဖြင့် စွဲ မအံ့ဩပေ။

ဓာတ်ပုံများကိုသာ ထုတ်ပြပြီး ပါပါရှင်းပြခဲ့သလို ပြန်ရှင်းပြနေလိုက်၏။

ပိုင်စေဟာ စွဲပြောပြနေသမျှအား တိတ်တဆိတ် နားထောင်ပေးရင်း အတွေးလွန်နေမိသည်။

သူက ဒီအိမ်ထဲမှာပဲ မွေးပြီး ကြီးပြင်းခဲ့သော်ငြား ဉယျာဉ်ထဲမှာ ဒီဘန်ဂလိုလေး ရှိတာကို မသိခဲ့ပါ။ ပြောရရင် ပိုင်စေက သူ့ငယ်ဘ၀အကြောင်း ရှင်းရှင်းလင်းလင်း မှတ်မိနေတာမျိုး မရှိပါပေ။

မှတ်ညဏ်များက ဝေဝါးနေပြီး ဘယ်အရာကမှ မသေချာပါ။ အစကတော့ ဒါကို သူအလေးမထားခဲ့ပေမယ့် အခုတော့ တွေးမိလာရလေပြီ။

သူ့အတိတ်၊ ငယ်ဘ၀မှာ စွဲရှိနေခဲ့သည်။ စွဲပြောပြသလို ဆိုရင် သူနဲ့ စွဲက အတူကြီးခဲ့ကြတာ ဖြစ်လိမ့်မည်။

တွေးကြည့်ရုံနဲ့ ပိုင်စေ ခံစားချက်များ နူးညံ့လာရကာ နှုတ်ခမ်းတို့က အလိုလို ပြုံးမိလျက်သားပင်။

ဒါပေမယ့် သူ့စိတ်ထဲ ထင့်နေတာတော့ ရှိနေဆဲပင်။ သူငယ်ငယ်တုန်းက အကြောင်းတွေအား မမှတ်မိခဲ့ရင်တောင် စိမ်းမနေသင့်ပါ။

ခုတော့ ဒီနေရာအား သူမရင်းနှီးသလို သူကပျော်ပျော်ရွှင်ရွှင်ကြီးပြင်းလာရပါသည် ဆိုသည်အား လက်မခံချင်ဟန် သူ့အသိစိတ်က အလိုလို ငြင်းဆန်နေခဲ့သည်။

ရှုတ်ထွေးလာတဲ့ ခံစားချက်တို့အား ရှင်းထုတ်ဖို့ သူကြိုးစားရင်း စွဲအားကြည့်လိုက်၏။

Supporter System Where stories live. Discover now