Episode - 79 ( Unicode )

707 105 20
                                    

ခွေးသွေး အချစ်ဇာတ်လမ်းမှ ဒုတိယဇတ်လိုက်အဖြစ်
Chapter - 8

ခေါင်ရိပ်သည် နေရင့် Pheromone များ စထုတ်ခဲ့ကတည်းက သိထားပြီးသားဖြစ်သည်။ နေရင့်၏ အကြောင်းကို သေချာသိထားပြီးသားဖြစ်သည့် သူ့အနေနဲ့ ထင်ထားပြီးသား ကိစ္စမို့ ပြုံးရုံသာ ပြုံးခဲ့သည်။

နေရင့်နှင့် သူသည် အကျင့်စရိုက်တူသည်။ သွေးဆူလွယ်ကာ ပိုင်ဆိုင်လိုစိတ်ကြီးသည်။
နေရင့်က အမြဲတမ်း သူ့ Alpha အား ပျင်းဖို့‌ေကာင်း သည့်လူဟု ကျွေးကျော်ခဲ့ပေမယ့် ဒီနေ့မှ ထိုလူ၏ ဆွဲဆောင်မှုအား သတိထားမိသွားပုံ ပေါ်‌ကာ သူ့လိုပဲ စိတ်၀င်စားလာတာ ဖြစ်လိမ့်မည်။

နေရင့်နှင့် သူသည် အကျင့်တူသလို အကြိုက်များကလည်း အမြဲတမ်း တူခဲ့သည်။ ဂေဟာမှာတုန်းကတည်းက လူတိုင်းက အမွှာလို့ ထင်ခဲ့ကြသည်အထိ သူတို့နှစ်ယောက်၏ တူညီမှုက များသည်။

ခေါင်ရိပ်အတွက်ဖြစ်စေ နေရင့်အတွက်ဖြစ်စေ လိုက်ဖက်အညီဆုံး ပါတနာမှာ အချင်းချင်းသာ ဖြစ်နိုင်သည်ဟု သူတို့နှစ်ယောက်လုံး သိထားပြီးထားသားပင်။ ထို့ကြောင့် ပြန်တွေ့ကြချိန် မီးပွှားတစ်ခု အစပြုဖို့ သူတို့ လက်ပင်မတွန့်ခဲ့ကြ။

နေရင့်၏ အမျိုးသားမှာ နေရင့်ပြောသလို ပျင်းဖို့မကောင်းပေ။ နေရင့်က သနားစရာကောင်းစွာ ဒါကို အခုမှ သတိထားမိသွားခဲ့သည်။ အမြဲတမ်း အကြိုက်တူ ဖြစ်လေ့ရှိသည့် ခေါင်ရိပ်သည်လည်း ထိုကဲ့သို့ပင်။ သူလည်း ကောင်းကို စိတ်၀င်စားသည်။

Alpha တစ်ယောက်မှန်းသိပေမယ့် ခေါင်ရိပ်အနေနဲ့က အဲ့တာကို ဂရုစိုက်မည်တဲ့လား။ သူစိတ်၀င်စားမိသည့် အရာဖြစ်သဖြင့် တစ်ခါလောက်ဖြစ်ဖြစ် မြည်းစမ်းကြည့်ဖို့ သူလက်လျှော့မည်မဟုတ်။

အရင်ဦးသွားတာက နေရင့်ဖြစ်နေတာမို့ ခေါင်ရိပ် စိတ်မကွက်ပါ။ သူပြုံးနေခဲ့ပြီး ရေမိုးချိုးပြီး ထွက်လာတော့ နေရင့်၏ Pheromone များက Limit မရှိ ထုတ်လွင့်နေတာကို သတိထားမိသွားသည်။ သူမျက်မှောင်ကျုတ်ခဲ့သည်။

ဒီလောင် များတဲ့ Pheromone အား သူနဲ့အတူနေချိန်တောင် နေရင့်တစ်ခါမှ မထုတ်ဖူးခဲ့ပါ။ ရင်ဟ၊ ကြိုးချည် ညအိပ်၀တ်စုံအား အလွယ်ကောက်၀တ်ကာ ထွက်လာခဲ့ရသည်။

Supporter System Where stories live. Discover now