အရည်အချင်းများကို ပြသခြင်း

3.1K 436 0
                                    

[Unicode]
ပြန်လည်မွေးဖွားလာသော အမြှောက်စာဇာတ်ကောင်လေး

အပိုင်း ၀၀၅ ။ အရည်အချင်းများကို ပြသခြင်း

H စတူဒီယိုမြို့တော်၏ အပြင်ဘက်၌ အလွန်ဒေါသထွက်စွာဖြင့် ငါးပူတင်းနှစ်ကောင်လို တမောက်နှင့် ရှောင်ဖန်းက ထောင်မု၏ နောက်ကနေ လိုက်လာလေသည်။

"အဲ့ဒီ သောက်ရူး လော့မျိုးရိုးကောင်က စိတ်မမှန်တာမဟုတ်ဘူးလား? မသိရင် ယဲ့ယောင် ကြိုက်တဲ့သူမှန်သမျှ အစ်ကိုနဲ့ဆိုင်နေသလိုနဲ့။ အစ်ကို့ကို မဲရအောင် သူ့မှာဘာအခွင့်အရေးရှိလို့လဲ!"

"မှန်တယ်! ဒီလောက်သူရဲဘောကြောင်တဲ့အဖွဲ့.. ငါတို့ထွက်လိုက်ကြရအောင်! သူက ရင်းနှီးမြှုပ်နှံသူဆိုလည်း ဘာဖြစ်လဲ။ ဆိုးနေတာကိုမှ ဒီထက်ပိုဆိုးလာရင် ငါ အဖေ့ကိုခေါ်ပြီး အဖွဲ့ထဲရင်းနှီးမြှုပ်နှံခိုင်းလိုက်မယ်။ ကျွန်တော်တို့ အစ်ကို ဇာတ်လိုက်နေရာရအောင် တင်ပေးမယ်ဗျာ!"

"ဘယ်လိုများ သူတို့ လူကို အနိုင့်ကျင့်လွန်းတာလဲ!"

နေ့လည်ခင်းတစ်ခုလုံး ရေထိုးပိုက်၏အမြင့်ဆုံးနှုန်းထိ ခံခဲ့ရသည်ကြောင့် ထောင်မုသည် စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာပါ ပင်ပန်းနွမ်းနယ်နေခဲ့သည်။ ရုတ်တရက် သူ ခြေလှမ်းတွေကို ရပ်လိုက်သည်။ သူ့နောက်ကနေ တတွတ်တွတ် တွတ်ထိုးကာ လိုက်ပါလာသည့် တမောက်နှင့် ရှောင်ဖန်းတို့လည်း ရပ်လိုက်ကြသည်။

ဇူလိုင်လရှိ H မြို့မှာ တစ်နှစ်တာအတွင်း အပူဆုံးပင်ဖြစ်သည်။ ဇွန်လအကုန်တွင် သရုပ်ဆောင်အစည်းအရုံးက သရုပ်ဆောင်လိုင်စင်ထုတ်ပေးခြင်းကို ရပ်တန့်ခဲ့ပြီဖြစ်သော်လည်း ထိုအရာက ရိုက်ကွင်းတွင် နောက်ခံလူတွေဖြစ်ဖို့ လိုအပ်သည့်နည်းလမ်းအစုံနှင့် ရောက်လာကြသော ကြယ်ပွင့်အိမ်မက်တွေနှင့် လူသစ်ကလေးတွေကို တားဆီးဖို့ငှာတော့ မဖြစ်နိုင်။ ထို့အပြင် နွေရာသီအားလပ်ရက်အတွင်း ခရီးထွက်လာကြသည့် လူတွေနှင့် အဖွဲ့၏ ကိုယ်ပိုင်ဝန်ထမ်း၊ အနုပညာရှင်၏ သူ့ကိုယ်ပိုင်အဖွဲ့ ဤလူများပူပေါင်းလိုက်တော့ သေးငယ်သည့် H စတူဒီယိုမြို့တော်လေးမှာ လူအုပ်တွေနှင့် အမြဲပြည့်ကျပ်နေလိမ့်မည်ပင်။

ပြန်လည်မွေးဖွားလာသော အမြှောက်စာဇာတ်ကောင်လေးWhere stories live. Discover now