မွေးနေ့ပွဲကျင်းပခြင်း

3K 423 6
                                    

[Unicode]
ပြန်လည်မွေးဖွားလာသော အမြှောက်စာဇာတ်ကောင်လေး
အပိုင်း ၀၀၆ ။ မွေးနေ့ပွဲကျင်းပခြင်း

* Never Night palace *
နာမည်အတိုင်း စီးပွားရေးလုပ်ငန်းနယ်ပယ်မှ သူများဖြင့် ပြည့်နှက်‌နေပြီး ခမ်းနားထည်ဝါလှပသော နိုက်ဒ်ကလပ် တစ်ခုဖြစ်သည်။ ၎င်း၏အလှဆင်မှုပုံစံသည် ချမ်းသာသော မျိုးဆက်များနှင့် အလွန်လိုက်ဖက်လှပါသည်။ အိမ်သာထဲရှိ ပိုက်တွေ‌ကိုတောင်မှ ရွှေနှင့်ကွပ်ထားပြီး ချမ်းသာလှချည်လားဟု ကျယ်လောင်စွာပြောယူရတဲ့အထိဖြစ်သည်။

ဧည့်ကြိုအမျိုးသမီးနှစ်ယောက်သည် အဖြူရောင် ရှပ်အကျီ၊ ခြေအိတ်အနက်နှင့် ၎င်းတို့၏ ပေါင်များအထိ ဖုံးသောစကပ်များကို၀တ်ဆင်ပြီး နိုက်ဒ်ကလပ် အ၀င်၀တွင် ရပ်နေကြသည်။ မကြာခင်မှာပဲ ဧည့်သည်တစ်ဦးသည် တံခါးကို တွန်း၀င်လာခဲ့သည်။ ထိုအခါ သူတို့သည် 90 ဒီဂရီထိ ဦးညွတ်ပြီး ညုတုတုအသံနှင့် 'ကြိုဆိုပါတယ်'လို့ပြောပြီး  ဧည့်သည်ကို ဦးဆောင်၍ သူတို့၏ တင်ပါးများကို လှုပ်ခါလျှောက်ပြီး ခမ်းနားထည်ဝါသော ဧည့်ခန်းမှ ကြီးမားသော မှန်စီပန်းချီများဖြင့် တန်ဆာဆင်ထားပြီး အလင်းရောင်များလည်း မှိတ်တုပ်မှိတ်တုပ်ဖြစ်နေသော လမ်းတစ်လျှောက် ခေါ်သွားကြပါသည်။ လမ်းတစ်ဖက်တစ်ခြမ်းစီတွင်ရှိသော ဧည့်သည်များ သီချင်းသီဆိုနေသော သီးသန့်ခန်းများမှ ကြောက်စရာကောင်းသော အော်ဟစ်သံများကို တိုးတိုးလေး ကြားနေရသည်။

နောက်ဆုံးတွင် ခန်းမအဆုံးကို သူတို့ ရောက်လာသည့်အခါ သွက်လက်သော ဒီဂျေ  သီချင်းသံသည်  ပို၍ ပို၍ကျယ်လောင်လာပြီး မြင်ကွင်းသည် ရုတ်ချည်း  ပွင့်လင်းလာသည်။

ကခုန်ရသည်ကို ကြိုက်နှစ်သက်သော လူငယ်လူရွယ်များသည် အကကြမ်းပြင်တွင် ဒီဂျေ အကသီချင်းကို စီးမျောလျက် သူတို့၏ ဦးခေါင်းများကို လှုပ်ရမ်းကာ လက်နှစ်ဖက်ကို မြှောက်ထားသည်။ အထူးသဖြင့် ထင်ရှားပြီး ဆွဲဆောင်မှုရှိသော အကျီကို ၀တ်ဆင်ထားသည့် အကမိန်းကလေးများသည် စင်ပေါ်တွင် ကခုန်အော်ဟစ်နေကြပြီး လေချွန်သံပေး၍ ဆွဲဆောင်နေကြပါသည်။ သူတို့၏ ဦးခေါင်းပေါ်တွင်ရှိသော ရောင်စုံဒစ်စကို ဘောလုံးများသည် မျက်စိရှုပ်လောက်အောင် လှည့်ပတ်ပြီး အရောင်များမှာလည်း တဖျတ်ဖျတ် လှုပ်ခတ်နေကြသည်။ ပထမတစ်ချက်ကတော့ အကကြမ်းပြင်ထက်မှာ ဖုတ်ကောင်များ ကခုန်နေကြသည့်အလား ဝုန်းဝုန်းဒိုင်းဒိုင်းဖြင့် ကခုန်နေကြသည်။

ပြန်လည်မွေးဖွားလာသော အမြှောက်စာဇာတ်ကောင်လေးWhere stories live. Discover now