Chapter 2(Unicode)

164 7 1
                                    

          ဒီနေ့မောင် ၁၀ တန်းအောင်ပါသတဲ့။ ဉာဏ်ကောင်းတဲ့မောင်ဟာ ဂုဏ်ထူး ၅ ဘာသာတောင်ပါပါတယ်။ ညကြီးမိုးချုပ် အိမ်ရှေ့ကလာခေါ်တဲ့ အဆိုးအစွာကလေးကို တကယ်မနိုင်ပါ။ ဖေဖေရော မမကပါ မောင့်ဘက်လိုက်၍ အတင်းအဖော်လိုက်ခိုင်းနေတော့ မောင့်မျက်နှာဟာ ပြုံးစိစိ၊ စိတ်လှုပ်ရှား ဟန်လည်းမပြ ဒီတိုင်း လမ်းယှဥ်လျှောက်လာရင်း ကျွန့်တော့ဘက်ကို ခဏခဏငေးပြီးပြုံးနေတာ မောင်ပါဘဲ။ စံပါယ်နံသင်းနေတဲ့ ညလေညှင်းတိုက်တိုင်း ကျွန်တော့စိတ်ထဲ ချမ်းစိမ့်စိမ့်ဖြစ်ဖြစ်သွားတယ်။ အိမ်ကလူတွေမပါဘဲ ဘာလို့များလာကြည့်တုန်းစဥ်းစားမရ။

"အာကာ မင်းဘာလို့ တစ်ယောက်တည်လာကြည့်တာလဲ၊ အိမ်ကလူတွေကရော၊ ငါ့ကိုလဲဒုက္ခပေးသေးတယ်"

"မောင်လို့ခေါ်"

"မေးတာသာဖြေစမ်းပါကွာ"

သူ့နာမည် အာကာမောင် ကို မောင် လို့ ခေါ်ခ်ိုင်းနေသည်မှာ ကျွန်တော့နောက် တကောက်ကောက် စလိုက်ကတည်းက ဖြစ်၍ နှစ်ပေါက်နေပြီဖြစ်သည်။ ကျွန်တော်ကလည်း ခေါ်ခိုင်းတဲ့ တစ်လုံးကို ဖြုတ်ပြီး အမြဲ အာကာသာ ခေါ်နေကျ။

"တမင်မလိုက်ခိုင်းတာ၊ ဒီတိုင်း စက် နဲ့ဘဲတူတူသွားကြည့်ချင်တာမို့"

"နေပါဦး မင်ကစိတ်မလှုပ်ရှားဘူးလား အရမ်းတည်ငြိမ်နေတာ၊ ငါတို့တုန်းကဆို မျောက်မီးခဲ ကိုင်ထားသလိုဘဲ"

"စိတ်က လှုပ်ရှားတာပေါ့ စက်နဲ့နှစ်ယောက်ထဲ လမ်းလျှောက်နေရတာဘဲ၊ စာမေးပွဲကတော့မပူပါဘူး သိပြီးသား"

ကျောထဲစိမ့်သွားသလို ခံစားလိုက်မိသည် ညလေကြောင့်ဘဲဖြစ်မှာပါ။ ဒီကောင်လေးကအမြဲ စကားကို ဒိလိုဘဲပြောတတ်သလားမသိ ပြီးရင် ပြုံးပြုံးနေတာ သူမဟုတ်သလို။ အိုဗာကွန်ဖီ့ဒန့် (overconfidence) ဖြစ်နေတဲ့ ဒီကောင်လေးကိုပညာပေးချင်တာကြောင့် အလောင်းအစားနဲ့စိန်ခေါ်လိုက်မိသည်။

"အိုဗာကွန်ဖီ့ဒန့် ဖြစ်နေတာအသိသာကြီး၊ ပြော ဘယ်နှဘာသာတုန်း၊ ပြောတဲ့အတိုင်းမပါရင်တော့ မင်းငါခိုင်းတာလုပ်ရမှာ"

ပိုးမကူ ဝါချည်ဖြူတပင်ရစ်ကယ်နှင့် (Uni + Zaw) CompleteWhere stories live. Discover now